This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Monday, June 29, 2009

ဂျပန်မှာအလံနီတွေတစ်ခေတ်ထလားပြီလား....

ဘာသာပြန်သူ-၀မ်းအိုဝမ်း၁။အလံနီလွှင့်ထူခြင်း(သို့)ကွန်မြူနစ်ဝါဒီတို့တစ်စခန်းထတိုကျိုမြို့၊ ဇိမ်ခံပစ္စည်းအများဆုံးအရောင်းအဝယ်ပြုလုပ်ရာ နယ်မြေ ဖြစ်သောဂင်ဇါမှ မလှမ်းမကမ်းနေရာတွင် စီးပွားရေးအချက်အချာ မိုး မျှော်တိုက်ကြီးများ၏အရိပ်အောက်ရှိ ပန်းခြံတစ်ခုတွင်း၌ ဆန္ဒပြသူများ စုဝေးခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်တွင် အလုပ်မှပြုတ်ခဲ့သူများ နှင့် မိမိတို့အလုပ်ပြုတ်ရန် အလှည့်ရောက်ရှိလာမည်ကိုစိုးရိမ်နေသူများ ရာနှင့်ချီ၍ပါဝင်ခဲ့ကြသည်။ ဆန္ဒပြသူများသည် အနီရောင်အလံများကိုင်...

Saturday, June 27, 2009

အိုဘားမားပုံတူရေးဆွဲခဲ့သည့်ပန်းချီဆရာဒေါ်အောင်ဆန်းစုကြည်ပုံတူရေးဆွဲဂုဏ်ပြု

လက်ရှိအမေရိကန်သမ္မတ ဘာ ရက်အိုဘားမား၏စံပြုဖွယ်ပုံတူကို ရေးဆွဲခဲ့သည့် ကမ္ဘာကျော်အမေရိ ကန်ပန်းချီဆရာ ရှီးပါတ် ဖိုင်ရီ (Shepard Fairey)သည် ယခုအ ခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံအား ရေးဆွဲဂုဏ်ပြုလိုက်ပြီဖြစ်သည်။ဘာရက်အိုဘားမား၏ပုံတူပန်းချီ ကားတွင် 'Hope'စကားလုံးကို သ ရုပ်ဖေါ်ရေးဆွဲခဲ့ပြီး၊ ယခုဒေါ် အောင်ဆန်းစုကြည်၏ပုံတူပန်းချီ ကားတွင် အနီရောင်အလင်းတန်း များ၏ထိပ်တွင် "Freedom to Lead"စာသားကိုထည့်သွင်းထား ကာ အသည်းနှလုံးအထက်၌ ဂျိုး ငှက်တစ်ကောင်ဖြင့်...

မလေးရှားအတိုက်အခံပါတီ( PKR )မှကျင်းပသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲဖမ်းဆီးမှုမှ မြန်မာ ( ၅ )ဦးသာ လွတ်မြောက်

အဖမ်းခံထားရဆဲ(၉)ဦးအနက် လွင်ဦးခေါ် ထက်အောင်ရှိုင်း၏ ကိုယ်တိုင်ခံစား သီဆိုရေးခတ်သောဒေါ်စုအတွက်အမေသီချင်းအားပြန်လည်တင်ဆက်လိုက်ပါသည်။ 19.06.09 ည (၈) နာရီခွဲအချိန်၌ PETALING JAYA မြို့နယ်တွင် မလေးရှားနိုင်ငံ အတိုက်အခံပါတီ (PKR) မှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက် မွေနေ့ပွဲ အခမ်းအနားပြုလုပ်စဉ် ရဲအဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ် ဆေး ဖမ်းဆီးသဖြင့် မြန်မာ(၁၅)ဦး ဖမ်းဆီးခံခဲ့ရပါသည်။၎င်းတို့အထဲမှ ကိုမင်းသိန်း - တာဝန်ခံ (လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီ) မလေးရှား...

Thursday, June 25, 2009

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့တွင်ပြုလုပ်သော ဂျပန်ရောက်မြန်မာများ၏အလှူမှတ်တမ်းဓာတ်ပုံများ(ထိုင်း။ မဲဆောက်မြို့)

ကျန်ရှိနေသေးသောဓာတ်ပုံများကိုလည်း ယခုနေရာတွင်ဆက်လက်တင်ရှိသွားမည်ဖြစ်ပါသည်။ဒေါင်းမာန်ဟ...

Monday, June 22, 2009

Democracy & Peace Award ကို ကိုယ်စားလက်ခံရယူခဲ့သူတဦးနှင့်တွေ့ဆုံခြင်း

ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်ခံသည့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီအရေးကို ကူညီအားပေးတဲ့အနေနဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ ပေးအပ်ချီးမြင့်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆုကို ဂျပန်လွှတ်တော်အဆောက်အဦတွင် ကိုယ်စားသွားရောက်ယူခဲ့ကြသည့် သူများထဲမှ တဦးအပါအ၀င်ဖြစ်သည့် NLD(LA-Japan)၏ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးနှင့် မိုးသောက်ကြယ်မှ သွားရောက်တွေ့ဆုံခဲ့ပါသည်။NLD(LA-JB)၏တာဝန်ခံများ(၀ဲမှယာ) ဦးသန့်ဇင်ဦး၊ ဦးလင်းအောင်၊ ဦးသောင်းမြင့်ဦး၊...

Friday, June 19, 2009

ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့မင်္ဂလာအထိမ်းအမှတ်ပွဲများ

ယနေ့(ဇွန်လ ၁၉ ရက်)တွင်ကျရောက်သည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီရဲ့အလင်းရောင်တဦးလည်းဖြစ်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့်မြောက် မွေးနေ့မင်္ဂလာ နေ့ထူးနေ့မြတ်အထိမ်းအမှတ်အခမ်းအနားများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ငါးလွှတ်ခြင်းနှင့်သွေးလှူဒါန်းခြင်းဦးစွာပထမ ယနေ့နံနက်ပိုင်း ၁၁းဝဝ နာရီတွင် မိုးသောက်ကြယ်စာကြည့်တိုက်မှဦးဆောင်၍ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ကောင်းမှုကုသိုလ်ပြု သွေးလှူဒါန်းများကို...

Wednesday, June 17, 2009

ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မွေးနေ့အတွက်ရည်စူး၍ ဂျပန်ရောက်မြန်မာများဆန်နှင့်အစားအသောက်များလှူတန်း

ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့်မွေးနေ့မင်္ဂလာအထိမ်းအမှတ်ကို ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများမှ ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့ဧရိယာအတွင်း၌ မှီတင်းနေထိုင်နေကြသော မြန်မာနိုင်ငံသူ/သားများကို အလှူအတန်းများပြုလုပ်နေလျက်ရှိသည်။ဇွန်လ ၁၃ ရက်နေ့တွင် မဲဆောက်မြို့ သောင်ရင်းရပ်ကွပ်ရှိ ရပ်ကွပ်ဏ္ဍပ်၌ လူဦးရေ(၃၀၀)စာအတွက် အစားအသောက်များဖြစ်သည့် ဆန်(၄)ကီလို၊ ငါးသေတ္တာတစ်ဗူး၊ ခေါက်ဆွဲခြောက်(၂)ဆီပေးဝေလှူတန်းကုသိုလ်ပြုခဲ့သည်။ဇွန်လ ၁၄ ရက်နေ့တွင် မဲဆောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ ပန်းကံ့ကော်အလုပ်သမားအဖွဲ့၊ မြန်မာနိုင်ငံရေး အကျဉ်းသားသမဂ္ဂ (BPPU) ၊ ချစ်ထွန်းအထည်ချုပ် အလုပ်သမားများ၊ ပန်းရံ အလုပ်သမားများကိုပေးဝေလှူတန်းကုသိုလ်ပြုခဲ့သည်။လူတစ်ဦးလျှင်...

Monday, June 15, 2009

ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့်မွေးနေ့အခမ်းအနားတွင် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သူ/သားများ၏ ဂုဏ်ပြုသီဆိုသော Freedom သီချင်း

ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးပေးသော ကိုမောင်တူးအားအထူးကျေးဇူးတင်ရှိပါသည်။ ဒေါင်းမာန်ဟ...

Sunday, June 14, 2009

Saturday, June 13, 2009

Freedom Song မိုးသောက်ကြယ်အဖွဲ့သူအဖွဲ့သားများအတွက်..

(၆၄) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်နေ့တွင် သီဆိုဖျော်ဖြေမည့် မိုးသောက်ကြယ်အဖွဲ့သူအဖွဲ့သားများအတွက်.. မူရင်းအဆိုတော်Paul McCartney ၏ FREE DOM သီချင်းအစပိုင်းတွင် intro timing ခေါ်၍ စည်းဝါးကိုက်လက်ခုတ်တီးပုံကို သိရှိနည်းလည်စေနိုင်ရန်အတွက်ရည်ရွယ်ပြီး မေတ္တာဖြင့်ဖော်ပြလိုက်ပါသည်။ ဒေါင်းမာန်ဟ...

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ဆန်နှင့်အစားအစာလှူဒါန်းပွဲ အစောပိုင်းပြင်ဆင်ထားရှိမှု အစီရင်ခံစာ

အစောပိုင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု(၆၄) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိန်းအမှတ်အဖြစ် ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့ဧရိယာအတွင်း၌ အလုပ် အကိုင်ရှားပါးမှု၊ ရာသီဥတုဖေါက်ပြန်မှုတို့ကြောင့် အနေဆင်းရဲ၍ အကျပ်အတည်းရောက်နေသော တိုင်းရင်းသားညီအကို မောင်နှမများ အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသူ/နိုင်ငံသားများမှ လူသားချင်းစာနာသောအားဖြင့် မိမိတို့တတ်နိုင်သ မျှဝိုင်းဝန်း ကူညီပံပိုး လှူဒါန်းသော ဆန်နှင့်အစားအစာများအား ဝေငှပေးသောအစီအစဉ်အား...

ဂျပန်ရောက်မြန်မာများပြုလုပ်ကြမည့် (၆၄)နှစ်ပြည့်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုပွဲနှင့်အထိမ်းအမှတ်အခမ်းအနားသတင်းများ

ဇွန်လ ၁၉ ရက်(သောကြာနေ့)တွင်ကျရောက်မည့် မြန်မာ့ဒီမိုက ရေစီ ခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ (၆၄)နှစ်မြောက် မွေးနေ့မင်္ဂလာနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ် ပြုသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြသည့် ဂျပန် နိုင်ငံရှိ မြန်မာ့ဒီမိုသမားများနှင့်မြန်မာပြည်သူ ပြည်သားများမှ ကောင်းမှု ပြုသိုလ်ပြုပွဲနှင့် အထိမ်းအမှတ်အခမ်းအနားများကို အောက်ပါအစီ အစဉ်အတိုင်းကျင်းပမည်ဟုသိရှိရပြီး၊ အတူတကွကုသိုလ်ပြုလိုသူ သို့မဟုတ် ပူးပေါင်းပါဝင်ဆင်နွှဲလိုသူများကိုလည်း...

Thursday, June 11, 2009

ဒေါ်အောင်ဆန်းစုကြည်အသက်(၆၄)နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် ဆန်နှင့်အစားအစာလှူဒါန်းပွဲ အုပ်စု(၃)ငွေစာရင်းရှင်းတန်း

၀၉-၀၆-၂၀၀၉ မဲဆောက်မြို့ တွင် ၁၉-၀၆-၂၀၀၉ နေ့ ရက် ၌ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်အသက်(၆၄)နှစ် ပြည့်မွေးနေ့ အထိန်းအမှတ် ဆန်နှင့်အစားအစာလှူဒါန်းပွဲ အုပ်စု(၃)ငွေစာရင်းရှင်းတန်း ကိုဘုန်းလှိုင်(FWUBC) နှင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှကောက်ခံရရှိငွေ-(ယန်း၂၅၃၇၀၀) (NLD(LA-JAPAN),HRWUB,LDB,BRSA , FWUBCအဖွဲ့ ဝင်များနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများဝိုင်းဝန်းကောက်ခံ ထည့်ဝင်သည်) ငွေစာရင်းရှင်းတန်းအသေးစိပ် မဲဆောက်မြို့အလှူအတွက်ဂျပန်နိုင်ငံတွင်အုပ်စု(၃)စုခွဲ၍ တာဝန်ယူအလှူငွေကောက်ခံပြီး အောက်ပါပုဂ္ဂိုလ်များမှတာဝန်ယူခဲ့ပါသည်။ အုပ်စု(၁)တာဝန်ခံ-ဦးညီညီပေါက်(HRDP) အုပ်စု(၂)တာဝန်ခံ-ဒေါ်တင်တင်ဝင်း(မိုးသောက်ကြယ်) အုပ်စု(၃)တာဝန်ခံ-ဦးဘုန်းလှိုင်(FWUBC) အထက်ပါပုဂ္ဂိုလ်(၃)ဦးမှ မိမိတို့ နှင့်နီးစပ်သောအဖွဲ...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More