Wednesday, June 17, 2009

ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မွေးနေ့အတွက်ရည်စူး၍ ဂျပန်ရောက်မြန်မာများဆန်နှင့်အစားအသောက်များလှူတန်း

ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့်မွေးနေ့မင်္ဂလာအထိမ်းအမှတ်ကို ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများမှ ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့ဧရိယာအတွင်း၌ မှီတင်းနေထိုင်နေကြသော မြန်မာနိုင်ငံသူ/သားများကို အလှူအတန်းများပြုလုပ်နေလျက်ရှိသည်။

ဇွန်လ ၁၃ ရက်နေ့တွင် မဲဆောက်မြို့ သောင်ရင်းရပ်ကွပ်ရှိ ရပ်ကွပ်ဏ္ဍပ်၌ လူဦးရေ(၃၀၀)စာအတွက် အစားအသောက်များဖြစ်သည့် ဆန်(၄)ကီလို၊ ငါးသေတ္တာတစ်ဗူး၊ ခေါက်ဆွဲခြောက်(၂)ဆီပေးဝေလှူတန်းကုသိုလ်ပြုခဲ့သည်။

ဇွန်လ ၁၄ ရက်နေ့တွင် မဲဆောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ ပန်းကံ့ကော်အလုပ်သမားအဖွဲ့၊ မြန်မာနိုင်ငံရေး အကျဉ်းသားသမဂ္ဂ (BPPU) ၊ ချစ်ထွန်းအထည်ချုပ် အလုပ်သမားများ၊ ပန်းရံ အလုပ်သမားများကိုပေးဝေလှူတန်းကုသိုလ်ပြုခဲ့သည်။

လူတစ်ဦးလျှင် ဂျပန်ယန်း(၃ဝဝ) ထိုင်းဘတ်ငွေ(၁ဝဝ)နှင့်ညီမျှသော အစားအသောက်များဖြစ်သည့် ဆန်(၄)ကီလို၊ ငါးသေတ္တာတစ်ဗူး၊ ခေါက်ဆွဲခြောက်(၂)ဆီပေးဝေခဲ့ပြီး ယနေ့အချိန်(ဇွန်လ ၁၇ ရက်)အထိ လူ(၇ဝဝ)ကျော်အထိ ပေးဝေလှူတန်းခဲ့ပြီးဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ရည်စူး၍ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများ၏ ကောင်းမှုကုသိုလ်အလှူဒါနကို ထိုင်းနိုင်ငံအခြေစိုက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(Human Resource Development Program)တာဝန်ခံများမှ တာဝန်ယူ၍ ပြုလုပ်ပေးနေလျှက်ရှိပြီး မဲဆောက်မြို့ဧရိယာအတွင်းရှိ မြန်မာနိုင်ငံသူ/သား အလုပ်သမားများပါအပါအဝင် လူသုံးထောင်(၃,ဝဝဝ)ကျော်အတွက် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများမှ အလှူဒါနပြုလုပ်သွားမည်ဖြစ်ပြီး ယခုအချိန်အထိ ဂျပန်ယန်း သောင်းတစ်ရာ(မြန်မာငွေ သိန်းတစ်ရာကျော်)ပေးပို့လှူတန်းထားကြောင်းလည်း သိရှိရသည်။


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More