Saturday, June 27, 2009

အိုဘားမားပုံတူရေးဆွဲခဲ့သည့်ပန်းချီဆရာဒေါ်အောင်ဆန်းစုကြည်ပုံတူရေးဆွဲဂုဏ်ပြု

လက်ရှိအမေရိကန်သမ္မတ ဘာ ရက်အိုဘားမား၏စံပြုဖွယ်ပုံတူကို ရေးဆွဲခဲ့သည့် ကမ္ဘာကျော်အမေရိ ကန်ပန်းချီဆရာ ရှီးပါတ် ဖိုင်ရီ (Shepard Fairey)သည် ယခုအ ခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံအား ရေးဆွဲဂုဏ်ပြုလိုက်ပြီဖြစ်သည်။
ဘာရက်အိုဘားမား၏ပုံတူပန်းချီ ကားတွင် 'Hope'စကားလုံးကို သ ရုပ်ဖေါ်ရေးဆွဲခဲ့ပြီး၊ ယခုဒေါ် အောင်ဆန်းစုကြည်၏ပုံတူပန်းချီ ကားတွင် အနီရောင်အလင်းတန်း များ၏ထိပ်တွင် "Freedom to Lead"စာသားကိုထည့်သွင်းထား ကာ အသည်းနှလုံးအထက်၌ ဂျိုး ငှက်တစ်ကောင်ဖြင့် သရုပ်ဖေါ် ထားသည်။
ပန်းချီဆရာဖိုင်ရီက ''အောင် ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ မြန်မာစစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် ဆန့်ကျင် တော်လှန်နေမှုကို လေးစားဂုဏ်ပြု သည့်အထိမ်းအမှတ်ဖြင့် ရေးဆွဲခဲ့ ခြင်းဖြစ်ကြောင်းနှင့် မတရားဖြင့် နေအိမ်အကျယ်ချုပ် အကျဉ်းခံနေ ရမှုကို ကမ္ဘာတစ်ဝှမ်းမှအမှတ်ရစေ ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖိနှိပ်ချုပ်ချယ်ထားမှုတွေကို ပေါ် လွင်စေဖို့ ဒီပန်းချီကားကိုဖန်တီး ခဲ့တာပါ..''ဟုပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် (၁၉)ကျော်ကာလအတွင်း (၁၃) နှစ်ကြာ နေအိမ်အကျယ်ချုပ်ချ ထားခြင်းခံခဲ့ရပြီး ယခုတဖန် အမေရိကန်နိုင်ငံသားတစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်ယားကန်မှတဆင့် ရေကူးဝင် ရောက်ခဲ့ခြင်းကိုအကြောင်းပြု၍ ယုတ္တိမရှိသောစွဲချက်များဖြင့် တရားစွဲထားပြီး အင်းစိန်ထောင်အ တွင်းသို့ ပို့ဆောင်ထားခြင်းခံနေ ရသည်။
ယခုလိုကမ္ဘာကျော်ပန်းချီဆရာ ဖိုင်ရီအား ဒေါ်အောင်ဆန်းစုကြည် ပုံတူရေးဆွဲဖို့ကို လူ့အခွင့်ရေးလှုပ် ရှားမှုဌာန၏ဥက္ကဌဖြစ်သူ ဂျက်ဟီ လီ(Jack Healey)က အကြံပေး တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။
ဟီ လီက- ''အိုဘားမားရဲ့ ဒံသစနဒ စကားလုံးနဲ့ သရုပ်ဖေါ်ပုံ တူရေးဆွဲခဲ့ပေးမှုကြောင့် ပြည် တွင်းမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု တွေမှာကူညီနိုင်ခဲ့သလို ဒေါ် အောင်ဆန်းစု ကြည်အတွက် လည်း နိုင်ငံတကာအတိုင်းအတာ အနေနဲ့လှုံ့ဆော်ဖို့ စံပြုဖွယ်ပုံတူ ပန်းချီကားတစ်ချပ် သူဖန်တီးပေး နိုင်မယ်လို့ ကျနော်ယုံကြည် တယ်လေ။ အဲဒါကြောင့် ရေးဆွဲ ပေးဖို့ ဖိုင်ရီကိုအကူအညီတောင်း လိုက်တာပါ...''ဟုဆိုသည်။

ဆက်လက်၍ ''ဒေါ်အောင် ဆန်းစုကြည်ဟာ ကျနော့်စိတ် ထဲမှာ စကြာင်္ဝဠာလုံးဆိုင်ရာ လူ့ အခွင့်ရေးကြေငြာချက်ရဲ့ သင်္ကေ တတစ်ခုအဖြစ်တည်ရှိနေပါတယ်။ သူမသာ မြန်မာပြည်ကိုဦးဆောင် ခွင့်ရခဲ့မယ်ဆိုရင် ညှင်းပန်းနှိပ်စက် မှုတွေ၊ ကလေးစစ်သားတွေ၊ မူး ယစ်ဆေးထုတ်လုပ်နေမှုတွေ ပ ပျောက်သွားမှာဖြစ်ပါတယ်...''ဟု ဟီလီကပြောဆိုသည်။
ပန်းချီဆရာဖိုင်ရီသည် အိုဘား မားပိုစတာကို နီညိုရောင် ၊ အဖြူ အပြာတို့ဖြင့် ထက်ကောင်းကင်သို့ မော့လျက် 'Hope'ဆိုသောစကား လုံးကိုမျှော်ကြည့်နေဟန်သရုပ်ဖော် ခဲ့သည်။
သို့သော်AP( Associated Press)သတင်းဌာနမှ ¤င်းတို့မူပိုင် ဓါတ်ပုံကိုအခြေခံ၍ ရေးဆွဲခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဖိုင်ရီကို တရားစွဲဆိုထားသည်။

မူရင်းသတင်း-

Iconic Obama artist unveils Suu Kyi image(AFP)


ဘာသာပြန်သူ-
ဝမ်းအိုဝမ်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More