Saturday, June 13, 2009

ဂျပန်ရောက်မြန်မာများပြုလုပ်ကြမည့် (၆၄)နှစ်ပြည့်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုပွဲနှင့်အထိမ်းအမှတ်အခမ်းအနားသတင်းများ

ဇွန်လ ၁၉ ရက်(သောကြာနေ့)တွင်ကျရောက်မည့် မြန်မာ့ဒီမိုက ရေစီ ခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ (၆၄)နှစ်မြောက် မွေးနေ့မင်္ဂလာနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ် ပြုသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြသည့် ဂျပန် နိုင်ငံရှိ မြန်မာ့ဒီမိုသမားများနှင့်မြန်မာပြည်သူ ပြည်သားများမှ ကောင်းမှု ပြုသိုလ်ပြုပွဲနှင့် အထိမ်းအမှတ်အခမ်းအနားများကို အောက်ပါအစီ အစဉ်အတိုင်းကျင်းပမည်ဟုသိရှိရပြီး၊ အတူတကွကုသိုလ်ပြုလိုသူ သို့မဟုတ် ပူးပေါင်းပါဝင်ဆင်နွှဲလိုသူများကိုလည်း ဖိတ်ခေါ်ကြိုဆို ထားကြောင်းသိရသည်။

အထိမ်းအမှတ်အခမ်းအနား

ဇွန်လ ၁၄ ရက်(တနင်္ဂနွေနေ့)တွင် (NLD-LA Japan)မှဦးစီး၍ တို ကျိုမြို့ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမတွင် ညနေ ၆းဝဝ နာရီမှ ၉း၃ဝ နာရီအထိ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်ပြည့်မွေ့နေ့အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြမည်ဟုသိရပြီး တက်ရောက်ကြပါရန်ဖတ်ခေါ်ထားသည်။



ကောင်းမှုကုသိုလ်ပြုပွဲများ
(ငါးလွှတ်ခြင်း၊သွေးလှူခြင်းအစီအစဉ်များ)
ဇွန်လ ၁၉ ရက်(သောကြာနေ့)နံနက်ပိုင်းတွင် မိုးသောက်ကြယ်စာ ကြည့်တိုက်မှဦးစီး၍ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင် ဆန်းစုကြည် အမြန်ဆုံးလွှတ်မြောက်ဖို့နှင့် အသက်ရာကျော်ရှည်စေဖို့ အတွက် ဇီဝိတဒါနငါးလွှတ်ခြင်းနှင့်၊ သွေးလှူတန်းခြင်းအစီအစဉ်များ ကို အောက်ပါအတိုင်းကျင်းပမည်ဟုသိရပြီး အတူတကွပူးပေါင်း ကု သိုလ်ပြုလုပ်လိုသူများကိုလည်းဖိတ်ခေါ်ထားသည်။
ငါးလွှတ်ခြင်းကိုနံနက် ၁၁းဝဝ နာရီအချိန်တွင်ုတေေါကခ့ငရှိ ဗမေုတေမြေစ်တွင်ပြုလုပ်မှာဖြစ်ပြီး၊ သွေးလှူတန်းခြင်းကိုတော့ နေ့လည် ၁၂း၃ဝ နာရီတွင် ဗုင့ဘေမေရှေိသွေးလှူဘဏ်တွင် လှူတန်း ကြမည်ဖြစ်သည်။ အတူတကွပူးပေါင်းကုသိုလ်ပြုလုပ်လိုသူများ ဝ၉ဝ ၈၇၂ဝ ၉ဝ၁၇၊ ဝ၉ဝ ၂၄၈၆ ၂၈၉၇၊ ဝ၉ဝ ၉ဝ၁၇ ၂၁၆၆၊ ဝ၉ဝ ၆၁၅၂ ၂ဝ၂၉၊ ဝ၈ဝ ၁၂၁၉ ၈၅၃ဝသို့ ဆက်သွယ်နိုင်ပါသည်။

( ငှက်လွှတ်ခြင်း၊ ဆီးမီးသက်စေထွန်းညှိခြင်း)
အဆိုနေ့ညနေပိုင်းတွင် ငှက်လွှတ်ခြင်းအစီအစဉ်ကို ဂျပန်နိုင်ငံရှိ ဒီမို ကရေစီအဖွဲ့အစည်းများပူးပေါင်းထားသေဲာဗဃမှဦးစီး၍ ကျင်းပပြု လုပ်မှာဖြစ်ပြီး နေရာကိုယာယီအားဖြင့် ရှီဘူယရက်ကွက်ရှိ ကုလသမဂ္ဂ အဆောက်အဦရှေ့တွင်ပြုလုပ်ကြမည်ဟုသိရှိရသည်။


( ဆန်လှူတန်းခြင်း)
ဆန်နှင့်အစားအသောက်လှူတန်းခြင်းအစီအစဉ်ကိုတော့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှဦးစီး၍ ထိုင်းနိုင်ငံမဲဆောက် ဈေးတွင် ဇွန်လ ၁၉ ရက်နေ့၌ လှူတန်းပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါလှူတန်းခြင်းအစီအစဉ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်နေ ထိုင်နေကြသည့် မြန်မာနိုင်ငံသားများကို ထိုင်းဘတ်ငွေ ၁ဝဝ နှင့်ညီ မျှသော ဆန်(၄)ကီလို၊ ကုလားပဲကီလိုဝက်နှင့် ငါးသေတ္တာတစ်ဗူးနှုန်းစီ လှူတန်းပေးဝေသွားမှာဖြစ်သည်။(ထိုင်းဘတ်ငွေ ၁ဝဝ လျင် ဂျပန်ယန်း ၃ဝဝ နှင့်ညီမျှသည်)
ဇွန်လ ၅ ရက်နေ့အထိ ကောက်ခံရရှိငွေများမှာ ဂျပန်ယန်း သောင်း တစ်ရာနီးပါးရရှိနေပြီဟုသိရှိရပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက်ရည်စူး၍ မိမိနိုင်ငံ သားများကို ကုသိုလ်ပြုလှူတန်းသည့်အစီအစဉ်ဖြစ်သဖြင့် စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူတန်းနေကြကြောင်းလည်း စုံစမ်းသိရှိရ သည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More