Friday, July 3, 2009

“ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် ကုလအတွင်းရေးမှူးဘန်ကီမွန်းထံ တောင်းဆိုဆန္ဒပြပွဲပြုလုပ်”

ဇူလိုင်-၂ ရက်

မြန်မာပြည်သို့မသွားခင် ဂျပန်နိုင်ငံသို့ ရောက်ရှိ၍ ဂျပန်ဝန်ကြီးချုပ်နှင့်ရော အတိုက်အခံ ဂျပန်အမတ်များနှင့်ပါ တွေ့ဆုံနေသည့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား မတရားဖမ်းဆီးခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် အမြန်ဆုံးပြုမှုဆောင်ရွက်ပေးရန် တောင်းဆိုဆန္ဒပြပွဲတရပ်ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူများက ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများရုံးရှေ့၌ ဇူလိုင် ၁ ရက်နေ့နှင့် ဇူလိုင် ၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ယနေ့(ဇူလိုင် ၂ ရက်နေ့)နေ့လယ် ၃ နာရီမှ စတင်ပြုလုပ်ခဲ့သော တောင်းဆိုဆန္ဒပြပွဲသို့ လူအင်အား ၁၀၀ ကျော်တက်ရောက်ခဲ့ကြပြီး မစ္စတာဘန်ကီမွန်းအနေဖြင့် မြန်မာ့အရေးကို ထိထိရောက်ရောက်နှင့် အဖြေတခုရရှိသည့်အထိ ဆောင်ရွက်ပေးပါရန်လည်း မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေသူများက တောင်းဆိုသွားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရေးသားပေးပို့သူ-
နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-
ဦးသန်းဝင်း

1 comments:

ဒိ postေ၇းခ နဲ့ ဓါတ်ပုံ ခတွေ က ဒေါ်လာနှစ်ထောင်လောက်တော့ ထောက် ပံကြေး၇မယ် ထင်တယ်နော် အဲလောက်ဆို၇င်တော့ ထောက်ပံကြေးတွေ ကမိုက်သားပဲ ဟဟ

Twitter Delicious Facebook Digg Stumbleupon Favorites More