ယနေ့(ဇူလိုင်လ ၁၉ ရက်)တွင် ကျရောက်ခဲ့သည့် ၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေကြသူများမှ ကောင်းမှုကုသိုလ်ပြုပွဲများ၊ ဟောပြောပွဲများနှင့် သမိုင်းဝင်ကျောက်တိုက်စိုက်ထူရာဒေသသို့ အမှတ်တရဂုဏ်ပြုခရီးထွက် ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ဦးစွာပထမအဖြစ် ကျဆုံးသွားခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အာဇာနည်(၉)တို့အတွက်ရည်စူး၍ ကောင်းမှုကုသိုလ်ပြုဆွမ်းကပ်လှူတန်းခြင်း၊ ရေစက်ချတရားနာခြင်းအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှဦးစီးပြီး တိုကျိုမြို့အနောက်ဘက်Naka Itabashiအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
နံနက် ၁၀း၀၀ နာရီမှ နေ့လယ် ၁း၀၀ အထိပြုလုပ်ခဲ့သော အဆိုပါကောင်းမှုကုသိုလ်ပြုပွဲသို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုအဖွဲ့အသီးသီးမှတက်ရောက်ခဲ့ကြသည်။
Posted in:
0 comments:
Post a Comment