This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, April 30, 2010
ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း နှင့် အသုဘရှုတရားနာ
ကောင်းရာ သုကတိလားပါစေ * အမည် - ကိုမောင်မောင်ငြိမ်း* အသက် - (၄၃) နှစ်* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း* ဇနီးအမည် - မချမ်းလွန် (Internews)* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)* မွေးရာဇာတိ - ရန်ကုန်* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။...
Sunday, April 25, 2010
ဂျပန်၌လူဦးရေကျဆင်းမှုနှင့် အသက်၆၅နှစ်ကျော်သည့်လူဦးရေစံချိန်တင်

ဂျပန်၏လူဦးရေသည် ၂၀၀၉ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ၁၈,၃၀၀(သို့) ၀.၁၄% လျော့နည်းသွားပြီး ၂၀၀၉ အောက်တိုဘာလ(၁)ရက်နေ့တွင် လူဦးရေ ၁၂၇.၅၁ သန်းကျော် ကျော်ရှိကြောင်း ၎င်းမှာ(၂)နှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ စာရင်းဇယားများတွင် ဖေါ်ပြပါရှိသည်။၁၉၅၀ ခုနှစ်မှစတင်သည့် ပထမဦးဆုံးအကြိမ် စာရင်းဇယားကောက်ယူပြီးသည့်နောက် နှစ်အလိုက် ဂျပန်၏လူဦးရေကျဆင်းမှု(၃)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ယခင်ကလူဦးရေကျဆင်းမှု...
Friday, April 23, 2010
နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်
ယနေ့ ဧပြီလ(၂၂)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှဦးဆောင်၍့ ဂျပန်ရောက် မြန်မာ့ဒီမိုအရေး လှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံတို့နှင့်အတူ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များဌာနချုပ် JTUC-RENGO၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ချုပ် (ဂျပန်) AI တို့ ပူးပေါင်း ကာ ၂၀၁၀ ခုနှစ် မတ်လ (၈)ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည့် မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ချီတက်ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ကြသည်။View allGet your ownစုရပ်အဖြစ် ရှင်နာဂါဝါရပ်ကွက်ရှိ Gotanda ပန်းခြံတွင် နေ့လယ် ၃ နာရီမှ စတင်ကာ စစ်အခွန်ရုံးရှေ့သို့ဖြတ်၍ လှမ်းလျှောက်ချီတက်ခဲ့ကြသည်။ချီတက်ဆန္ဒပြရာလှမ်းတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရန်၊ မတရားရေးဆွဲထားသည့်...
Monday, April 19, 2010
အမျိုးသမီးများအပေါ် ကျူးလွန်ထားသည့် နအဖ၏ရာဇ၀တ်မှုများကို ပြည်သူ့တရားရုံးတင် တရားစွဲဆိုနိုင်ရေး ဂျပန်ရှိဒီမိုကရေစီသမားများပြင်ဆင်
တိုကျို၊ ဧပြီ(၁၈)သတင်း-သန့်မျိုးထွေးနအဖစစ်အစိုးရမှ အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသားအမျိုးသမီးငယ်များအပေါ် မတရားကျူးလွန်ထားသည့် ပြစ်မှုများ(Criminal Case)များကို ဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံတွင်ပြည်သူ့တရားရုံးဖွဲ့စည်း၍ ရုံတင်စစ်ဆေးတရားစွဲဆိုနိုင်ရန် ပြင်ဆင်ကြိုးစားနေကြောင်းသိရသည်။ဂျပန်ရှိ မြန်မာအမျိုးသမီးသမဂ္ဂ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုအေးမှ ဦးဆောင်၍ နအဖစစ်အစိုးရ၏ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံတွင် ပြည်သူ့တရားရုံးကျင်းပရေးကော်မတီဟု အမည်ပေးထားသည့် အလုပ်ကော်မတီတခုကိုတိုကျိုမြို့ အိုးစုခအရပ်ရှိ မိနားမိအိုးစုခခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့်စုပေါင်း ဖွဲ့စည်းလိုက်ပြီး လာမည့်ဇွန်လတွင် တရားခွင်ပြုလုပ်၍ ကြားနာစစ်ဆေးကြမည်ဟုဆိုသည်။View...
Sunday, April 18, 2010
မြန်မာပြည်ကိုကင်မရာချိန်ထားသောဂျပန်သတင်းထောက်

Japanese journalist focuses his camera on Myanmarစစ်အစိုးရအုပ်ချုပ်နေသောတိုင်းပြည်အကြောင်းစာအုပ်ထုတ်ရန်အတွက် စုဆောင်းထားသည့် ဓါတ်ပုံပေါင်း ၈၀,၀၀၀ ထဲမှ ဓါတ်ပုံ ၈၀ ကိုရွေးထုတ်ခဲ့သူ ဂျပန်ဓါတ်ပုံသတင်းထောက် Yuzo Uda သည် လွန်ခဲ့သော (၁၇)နှစ်တာအတွင်း မြန်မာပြည်သို့ ပုံမှန်သွားရောက်လည်ပတ်ခဲ့သူဖြစ်သည်။ကိုဘေးမြို့ဇာတိဖွား Uda သည် သူစုဆောင်းထားသည့်အချက်အလက် အများကြီးထဲမှ ရွေးထုတ်၍ Closed country Burma ဟူသောခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေခဲ့သူဖြစ်ပြီး “လူ့ဘ၀ရဲ့အခိုက်အတန့်ကလေးကို...
Saturday, April 17, 2010
အမေလူထုဒေါ်အမာ(မောင်စွမ်းရည်)

အမေလူထုဒေါ်အမာ ကွယ်လွန်ခဲ့တာ ဧပြီ ၇ရက်ဆိုရင် ၂နှစ် ကြာသွားခဲ့ပြီ ဖြစ်ပေမယ့် အဝေးရောက် တူသားများ ဖြစ်ကြတဲ့ ကျနော်တို့ အဖို့တော့ အမေလူထုဒေါ်အမာဟာ (ကိုယ့်ရှေ့မှာ ကွယ်လွန်ခဲ့တာ မဟုတ်လို့) ကွယ်လွန်ပြီလို့ မတွေးမထင် မမြင်နိုင်သေးပါဘူး။အမေ လူထုဒေါ်အမာလို့ လူငယ်အများက ခေါ်တွင်နေတဲ့ လူထုဒေါ်အမာကို ကျနော်တို့ မျိုးဆက်တူသားတွေကတော့ ဒေါ်ဒေါ်လို့ ခေါ်ကြပါတယ်။ လူထုဦးလှကို “ဦးလေး” “ဦးလေးလှ” စသဖြင့် ခေါ်ကြပါတယ်။ ဒေါ်ဒေါ်ကို ၁၉၃၆ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးက...
Cove ဇာတ်ကား အော်စကာဆုရခြင်းကို Taiji ဒေသခံများရှုံ့ချ

အမေရိကန်နိုင်ငံ လော့(စ)အိန်ဂျယ်လိမြို့တွင် လင်းပိုင်ဖမ်းဆီးသတ်ဖြတ်ခြင်းအကြောင်း ကြောက်စရာ ကွင်းကွင်းကွက်ကွက်ရိုက်ကူးခဲ့သည့် The Cove ဆိုသည့်ရုပ်ရှင်ကားသည်၊ အကောင်းဆုံး သတင်းရုပ်ရှင်ဇာတ်ကားအဖြစ် အော်စကာဆုကို ဆွတ်ခူးရရှိသဖြင့် ပွဲတော်လာသူအပေါင်းက ကောင်းချီးသြဘာပေးချိန်တွင်၊ လော့(စ)အိန်ဂျယ်လိမြို့မှ ကမ္ဘာတခြမ်းအကွာအဝေး၌ရှိသော အဆိုပါမုန်းစရာ ဇာတ်ကား၏အဓိကဒေသဖြစ်သည့် ဂျပန်နိုင်ငံရှိ၊ ရွာငယ်ကလေးမှလူများက နှစ်ပေါင်းရာနှင့်ချီ၍သက်တမ်းရှိပြီဖြစ်သော သူတို့၏ရိုးရာလုပ်ငန်းကို...
ဂျပန်ဓါတ်ပုံဆရာတစ်ဦး ဘန်ကောက်တွင်ပစ်သတ်ခံရ
ဘန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား အထိကရုဏ်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသူ ဂျပန်လူမျိုး ဓါတ်ပုံဆရာ Hiroyuki Muramoto၏ သေဆုံးခဲ့မှုနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များကို ရိုက်တာ သတင်းဌာနမှ ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။သွေးထွက်သံယိုမှုများနှင့်ပြီးဆုံးခဲ့ရသည့် ဘန်ကောက်မြို့ဆန္ဒပြပွဲတွင်ထိုင်းလုံခြုံရေးတပ်ဖွဲ့နှင့် ဆန္ဒပြသူများအတွင်း တင်းမာမှုအကြား Muramoto သည် ဧပြီလ(၁၀)ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း (၇)မိနစ်ခန့်ကြာသော စစ်ဆေးတွေ့ရှိချက်၌ ဖေါ်ပြပါရှိသည်။အသက်(၄၃)နှစ်အရွယ် တိုကျိုအခြေစိုက် ရိုက်တာသတင်းဌာန၀န်ထမ်းဖြစ်သူ Muramoto သည် ၀ဲဘက်ရင်အုံ၌သေနတ်မှန်ခဲ့ပြီး သွေးထွက်လွန်ခဲ့သောကြောင့် သေဆုံးခဲ့ရကြောင်း ဧပြီလ(၁၂)ရက်နေ့က...
Sunday, April 11, 2010
(၁၉)ကြိမ်မြောက် တိုကျိုမြန်မာ့အတာသင်္ကြန်ပွဲတော် ရိုးရာအကအလှများဖြင့်ပြီးဆုံး
တိုကျို၊ ဧပြီ (၁၁) သတင်း-သန့်မျိုးထွေး တိုကျိုမြို့တွင် ၁၉ ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်သည့် သင်္ကြန်ပွဲတော်မှာ သွားရောက်ဆင်နွဲသူများအကြိုက်ရိုးရာအကအလှဖျော်ဖြေ တင်ဆက်မှုများဖြင့် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။ ယခုလ(၁၄)ရက်နေ့မှာ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ဖြစ်သော်လည်း တိုကျိုမြို့တွင်ရောက်ရှိနေသည့် မြန်မာလူမျိုးများ၏ အလုပ်ပိတ်ရက်ဖြစ်သည့် ဧပြီလ(၁၁)ရက်၊ ယနေ့တွင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။ "၂၀၁၀ခုနှစ်၊ ၁၉ ကြိမ်မြောက်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတိုင်းရင်းသားတွေအားလုံး ဂျပန်လူမျိုးတွေရောအပါအ၀င် ဖျော်ဖြေပေးတဲ့ တီးဝိုင်းတွေရော အားလုံးကိုကျေးဇူးတင်ပါတယ်၊ ဘာမှရန်တွေဘာတွေလဲမဖြစ်ဘဲနဲ့ အားလုံးအေးအေးဆေးဆေးနဲ့ပြီးသွားတဲ့အတွက်ပေါ့၊...
Sunday, April 4, 2010
မင်္ဂလာဒိုး (ဂျပန်)၏ ရဲရဲတောက်သင်္ကြန်သံချပ်များ

2010 ရဲ့  ရဲရဲတောက်သင်္ကြန်တေးသံချပ်များကိုဂျပန်နိုင်ငံရောက် မဂ်လာဒိုး အနုပညာအင်အားစု အဖွဲ့ မှစတင်ထုတ်ဝေဖြန့် ချီလျက်ရှိကြောင်းသတင်းကောင်း ပါးအပ်ပါသည်။ မြန်မာပြည်တွင်းမှသင်္ကြန်ချစ်သူသောတရှင်များနှင့် ပြည်ပရောက်မြန်မာလူမျိုးများနားဆင်ဖို့အတွက် ထိုသံချပ်များကို မင်္ဂလာဒိုးဝက်ဆိုဒ်မှတဆင့်ကူးယူနားဆင်နိုင်ပါပြီ။ http://mingalardoe.homeip.net/မိမိတို့ဝက်ဆိုဒ်မှမကြာမှီရက်အနည်းငယ်တွင် http://mingalardoe.homeip.net/ ဗွီဒီယိုကြည့်ရှုနိုင်ရန်အတွက် စီစဉ်လျက်ရှိပါသည်...ကျေးဇူးတင်စွာဖြင့်မင်္ဂလာဒိုးအနုပညာအင်အားစုသတင်းနှင့်အင်တာဗျူး.........
Saturday, April 3, 2010
ချောင်းကြည့်သူရဲ့ အမှား(အမှတ် ၂၁)-ကိုကြီးပေါ်

အမှတ် ၂၁ခုတလောမှာ ကိုကြီးပေါ် တယောက်ဖြင့် “မပြောဘဲနဲ့ ကြားကြားမိတယ် မကြည့်ဘဲနဲ့ကို မြင်မိပါတော့တယ်...” လို့ အုံ့ပုန်းချစ် သီချင်းထဲကလို ဆိုနေဖြစ်ရတာကတော့ ဒီလအတွင်းမှာ ပေါ်ထွက်လာတဲ့ “ဥပဒေ” တွေကြောင့်ပါပဲ။တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ အာဏာသစ်ငုတ် ဗိုလ်ချုပ်မင်းကြီးများရဲ့ ၀မ်းတော်နှလုံးက လေပုန်းမြူးသလို ယိုကျလာတဲ့ အနှီ ဥပဒေတော်ကြီးများက နာဂစ်မုန်းတိုင်းထက် အဆရာထောင် သာလွန် ပြင်းထန်လှပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေမုန်တိုင်း တချက်တိုက် အပြီးမှာ...