This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Monday, March 29, 2010

န အ ဖ တပ်မတော်၏ အရည်အချင်း(၃)ရပ်

...

၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်ရောက်မြန်မာများ ဆန့်ကျင်ကန့်ကွက်

View allGet your ownတိုကျို၊ မတ်(၂၈)သတင်း-သန့်မျိုးထွေး၊ နန်းအိမွန်ချစ်တိုင်းရင်းသားများ၏ တန်တူကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ပြည်သူတရပ်လုံးကို ထာဝရစစ်ကျွန်ပြုရေးအတွက် စနစ်တကျရေးဆွဲထားသည့် ၂၀၀၈အခြေခံဥပဒေကို အခြေခံထား၍ ယခုနှစ်အတွင်း ကျင်းပပြုလုပ်သွားဖွယ်ရှိသည့် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေများသည် တရားမျှတမှုမရှိသည့်အပြင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးတွင်မပါဝင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိဖြင့်ရေးဆွဲပြဋ္ဌာန်းလိုက်သည့်အတွက် ဂျပန်ရောက်တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများက ကြေငြာချက်တစောင်ကို စုစည်းထုတ်ပြန်၍ ဆန့်ကျင်ကန့်ကွက်လိုက်သည်။ဂျပန်ရှိ ပုညကာရီမွန်အမျိုးသားအသင်း၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စသည့် တိုင်းရင်းသားအဖွဲ့အစည်းများ...

Saturday, March 27, 2010

ပျက် ဖြစ်(ကျော်သူ)

လူဆိုသည်မှာ မွေးပြီးလျှင်သေကြမည်သာဖြစ်သည်။သတ္တ၀ါမှန်သမျှ ဖြစ်လိုက်ပျက်လိုက် ဖြစ်တော့သည်။ဒါကတော့ . . . တရားသဘောအရပင်။ သို့သော် ကျွန်ုပ်တို့၏ ပေးဆပ်မှုများကတော့ . . . ပျက်လိုက်ဖြစ်လိုက် (ပျက်ဖြစ်)ပင် ဖြစ်တော့သည်။ဤတွင် . . . ကျွန်ုပ်တို့သည် တရားသဘောကို ဆန့်ကျင်ခြင်းမဟုတ်ပါ။ကျွန်ုပ်တို့သည် ဗုဒ္ဓ၏ဟောကြားချက်ကို ဖီလာပြုခြင်းမဟုတ်ပါ။ကျွန်ုပ်တို့သည် ဒိဋ္ဌိအယူစွဲများ မဟုတ်ပါ။ကျွန်ုပ်တို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များသာဖြစ်သည်။မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာကို...

၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်သည့်အခမ်းအနားပြုလုပ်မည်

ဂျပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(AUN-Japan)မှကြီးမှူး၍ နအဖစစ်အုပ်စု စစ်အာဏာတည်မြဲပြီး တိုင်းပြည်ကို ရာသက်ပန် စစ်ကျွန်ပြုမည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြည်သူအများလိုလားသော ဒီမိုကရေစီလမ်းကြောင်းအား ဆန့်ကျင်ရေးဆွဲထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ(၅)ရပ်နှင့် နည်းဥပဒေများအား ဆန့်ကျင်ကန့်ကွက်ခြင်းအခမ်းအနားတရပ်အား ကျင်းပပြုမည်ဖြစ်ပါသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို...

Thursday, March 25, 2010

ခေါင်းဆောင်ဆိုတာ ဘယ်လိုဟာမျိုးလဲ….

တချို့လူတွေက မွေးကတည်းက ကြီးကျယ်မြင့်မြတ်ပြီးမွေးလာတာပါ။ တချို့ကတော့ ကြီးကျယ်မြင့်မြတ်မှုကိုရရှိဘို့ ကျိုးစားပြီးမှရရှိကြတယ်။ တချို့ကျတော့ ကြီးကျယ်မြင့်မြတ်မှုက သူတို့ဆီကို ရောက်ရှိ ခိုနားလာလေရဲ့။ကမ္ဘာကြီးတခုလုံးကနိုင်ငံတွေမှာ ပြောင်းလဲမှုတွေနေစဉ်နဲ့အမျှဖြစ်နေတယ်။ ကမ္ဘာတဝှမ်းလုံးမှာ ပြည်သူကရွေးကောက်တဲ့အစိုးရက အုပ်ချုပ်တဲ့စနစ်ဆီကို ပိုပြီး ဦး တည်နေတော့ ခေါင်းဆောင်အတွက်ထိုက် တန်တဲ့ ကြီးကျယ်မြင့်မြတ်မှုကို ကြိုးပမ်းပြီးမှ ရရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်။...

Tuesday, March 23, 2010

ထားရာနေစေရာသွား အဖြစ်မျိုး.. မိမိအဖွဲ့ရဲ့ ခေါင်းဆောင်ကို အဖွဲ့ကထုတ်ပယ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူးဟု ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...့

သတင်း...ဒီမိုဝေယံ စစ်အစိုးရပြုလုပ်မယ့် ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး လက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဒီနေ့ပြောဆိုသွားပါတယ်..။" ဒီနေ့အန်ကယ်တို့ CEC အစည်းအဝေး ပြုလုပ်ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ချုပ် CEC တွေ့ဆုံခွင့် ပေးဖို့အတွက် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်သင့် မတင်သင့် ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်နဲ့ အဖွဲ့ချုပ်ရဲ့အနာဂတ် ဆုံးဖြတ်ချက်တွေ...

Monday, March 22, 2010

ဆရာကြီးသခင်ကိုယ်တော်မှိုင်း(၁၃၄)နှစ်ပြည့်မွေးနေ့နှင့် ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပွဲကျင်းပ

View allGet your ownတိုကျို၊ မတ်(၂၂)ရေးသားသူ-သန့်မျိုးထွေး ဂျပန်ရောက်စာပေနှင့်ကဗျာဝါသနာရှင်များက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ (၁၃၄)နှစ်ပြည့်မွေးနေ့နှင့် ကမ္ဘာ့ကဗျာနေ့ကိုဂုဏ်ပြုသောအားဖြင့် "ရွှေဒေါင်းတောင်ကလောင်အဖိုးမွေးနေ့နှင့်ကမ္ဘာ့ကဗျာနေ့"ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပွဲတခုကို မတ်လ(၂၂)ရက်နေ့ညနေပိုင်း၌ တိုကျိုမြို့၊ မြန်မာအများစုနေထိုင်ရာ တာကာဒါနိုဘာဘာ ရပ်ကွက်ရှိ ကွန်စူးမားစင်တာခန်းမ(၄)ထပ်တွင်ကျင်းပပြုလုပ်ခဲ့ရာ ကဗျာနှင့်စာပေ၀ါသနာရှင် (၆၀)ကျော်ခန့်တက်ရောက်ခဲ့ကြသည်။ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ မလေးလေး(တိုကျို)မှ စာပေတင့်မှ လူမျိုးမြင့်မယ်ဆိုတဲ့စကားအတိုင်း မြန်မာ့စာပေသမိုင်းမှာ ကြည်ညိုထိုက်သူ၊ ပူဇော်ထိုက်သူများကို အောက်မေ့ဖွယ်အထိမ်းအမှတ်အနားပြုလုပ်ခြင်းဟာ...

Saturday, March 20, 2010

မန္တလေးသား စစ်စစ် (တခန်းရပ် ပြဇာတ်)

Real Mandalay Thar from chanmyasoe on Vimeo.မန္တလေး နှစ် ၁၅၀ ပြည့် ပွဲတော် အထိမ်းအမှတ်ပွဲတွင် တစ်ခန်းရပ်ပြဇာတ်အဖြစ် တင်ဆက်ခဲ့သော မန္တလေးသား စစ်စစ်ကြီး တစ်ခန်းရပ်ပြဇာတ်http://vimeo.com/9943839ရယ်ရပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် အမှန်တိုင်းပြောမယ်ဗျာ။။။ မျက်ရည်ဝဲမိတယ်။။ နားထင်ကြောတွေ တင်းလာတယ်။။။ တောက်။။ပေးပို့လာသူ-ဇော်မိုးအောင်၂၀၁၀၊ မတ် ၂၀ စနေ...

Wednesday, March 17, 2010

မင်းသားကျော်သူ သရုပ်ဆောင်သင်တန်းဖွင့်

အထက်ပါ ဓါတ်ပုံများကိုကြည့်ပြီး ကျော်သူနှင့် ဆုရွှန်းလဲ့၊ သန်းသန်းစိုး၊ ဂွမ်းပုံကြီး ၊ ဦးချစ်ပြုံး၊ ညီဂျော်တို့အဖွဲ့ ဘာတွေများ ပြဿနာတက်နေပါလိမ့်၊ ဒုတ်ဆွဲ ဓါးဆွဲဖြစ်ကုန်ပြီလား၊ အော်ကြီးဟစ်ကျယ် တွေနှင့် ဘာတွေများဖြစ်ကုန်ပါလိမ့်ဟု . . . မထင်လိုက်ပါနှင့် ။သရုပ်ဆောင်သင်တန်းပို့ချနေခြင်းပင် ဖြစ်တော့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် သရုပ် ဆောင်သင်တန်း မည်ကဲ့သို့ပတ်သက်သနည်း၊ မည်သို့မျှမဆိုင်ဟု ပြောဆိုကြမည်ဟု မျှော်လင့်ပါသည်။ ရှင်းပါအံ့ . . . လူမှုရေးလုပ်ကိုင်ရာ၌...

မင်းသားကျော်သူ သရုပ်ဆောင်သင်တန်းဖွင့်

...

(၂၂)နှစ်မြောက်တံတားနီနှစ်ပတ်လည်အခမ်းအနားပြုလုပ်

ယနေ့ မတ်လ(၁၆)ရက်နေ့တွင် တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာ့အကောက်ခွန်ရုံးရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော“ဗကသ“မှဦးဆောင်ကာ မဆလအာဏရှင်အစိုးရ၏ မတရားရိုက်နှက်သတ်ဖြတ်မှုကြောင့် အင်းလျားကန်ဘောင်ပေါ်တွင် ကျောင်းသားများသွေးမြေကျခဲ့ရသော “တံတားနီအရေးအခင်း (၂၂) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနား”ကို မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄) နာရီ အထိကျင်းပခဲ့ကြပါသည်။အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများက...

Tuesday, March 16, 2010

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

View allGet your ownတိုကျို၊ မတ်(၁၄) သတင်း-သန့်မျိုးထွေး၊ နန်းအိမွန်ချစ် မတ်လ(၁၃)ရက်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မျက်မှောက်ကာလ စစ်အစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုကြောင့် တိုင်းရင်းသားများနှင့်မြန်မာပြည်သူများ၏ လူသားဆိုင်ရာအခွင့်အရေးများ ဆုံရူံးပျောက်ကွယ်နေပုံတို့ကို ဂျပန်ရောက်မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ဦးဆောင်၍ ဂျပန်လူမျိုးများအကြား ပိုမိုသိရှိနိုင်ရန် ဂျပန်ဘာသာဖြင့် ဟောပြောဆွေးနွေးပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြသည်။ Kanda တက္ကသိုလ်မှသမိုင်းပါမောက္ခဒေါက်တာအေးချမ်းက"ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံတကာတရားရုံးတင်ဖို့ဆိုတာနဲ့ပါတ်သတ်လို့ ဒီစစ်အစိုးရဟာ လူအခွင့်အရေးကိုချိုးဖောက်နေတယ်ဆိုတာ လူတိုင်းသိတယ်၊...

Saturday, March 13, 2010

Wednesday, March 10, 2010

ကရင်လူမျိုးများမှ နအဖ စစ်အာဏာရှင်စံ နစ်အားဆန့်ကျင်ဆန္ဒပြခြင်း”

မတ်လ(၉)ရက်၊ ၂၀၁၀ယနေ့ တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာ့အကောက်ခွန်ရုံးရှေ့တွင် မွှန်းလွှဲပိုင်း (၃)နာရီ မှ (၄)နာရီ အထိ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော ကရင်တိုင်းရင်းသားများ၏ဦးဆောင်မှု့ဖြင့် နအဖ စစ်အာဏာရှင်စံ နစ်အားရှုံ့ချဆန့်ကျင်ဆန္ဒပြခဲ့ကြရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီး မှ ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားမှူးအဖြစ် ဦးစောမျိုးခိုင်ရှင်းမှတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားတွင် တာဝန်ရှိသူများမှ...

Tuesday, March 9, 2010

မြန်မာတိုင်းရင်းသားတစ်ဦး အား ခရိုင်တရားရုံးကဒုက္ခသည်အဖြစ်အသိအမှတ်ပြု

Fukuoka court admits man from Myanmar ethnic minority as refugee Tuesday 09th March, 06:06 AM JST FUKUOKA — The Fukuoka District Court on Monday accepted the request of a man from Myanmar to be granted refugee status as he fears persecution if he returns to the junta-controlled country, nullifying a state decision not to grant him refugee status. Presiding Judge Masaya Ota recognized that the 37-year-old man residing in Tokyo, a member of the Kachin ethnic minority, had been fighting against the military-controlled government of Myanmar by gathering information and securing food for the Kachin Independence Army, which is seeking autonomy for the minority group. ‘‘The military junta may detain...

ကြည့်မှန်(ကျော်သူ)

ကြည့်မှန်ဟုဆိုရာ၌…ဆံပင်ဖီးခြင်း၊ ၀တ်စားဆင်ယင်မှုကို သုံးသပ်ခြင်း၊ စသည် ဖြင့်မိမိကိုယ်ကို လေ့လာ သုံးသပ်မှုအတွက် အထောက်အကူပြုပစ္စည်းဖြစ်ပါသည်။ကျွန်တော် ကြည့်မှန်ကို ယခုအထူးနှစ်ခြိုက်သည် … စွဲလန်းသည်။ယခင်ကနှင့်မတူ ။ယခင်ကဆိုလျှင် ကျွန်တော်ရုပ်ရှင်ရိုက်ကူးရာ ဆံပင်ဖီးခြင်း၊ နှုတ် ခမ်းမွှေးရိတ်ခြင်း၊ မျက်မှန်နှင့်လိုက်ဖက် မှုရှိမရှိ ကြည့်ရှုခြင်း၊ ၀တ်စား ဆင်ယင်မှုအနေအထားသုံးသပ်ခြင်း၊ အိုက်တင်လုပ်ကြည့်ခြင်း စသဖြင့် အထောက် ကူပြုသော မိမိအတွက်သာ အသုံးပြုသော အတ္တကြည့်မှန်...

Saturday, March 6, 2010

မြန်မာအကြီးအကျယ်အောင်ပွဲရခဲ့သလောက် ဂျပန်အရှုံးကြီးရှုံးခဲ့ရတဲ့ ၂၀၀၉

Pacific Asia Travel Association ( PATA) အာရှပိစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့ ၏ ၂၀၀၉ ခုနှစ်အတွက်၊ အာရှပိစိဖိတ်ဒေသအတွင်းသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်ခဲ့မှုမှာ ၃%လျော့နည်းခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။ ဒေသခွဲတခုဖြစ်သော အရှေ့တောင်အာရှဒေသအတွင်း၊ ၂၀၀၉ ခုနှစ်တွင်တနှစ်လုံးခရီးသွားသူများ တိုးမြင့်လာခဲ့သည့်စာရင်း၏ထိပ်ဆုံး၌ မြန်မာ(+၂၆%) ၊မလေးရှား(+၇%) ၊အင်ဒိုနီးရှား(+၁%) နှင့် ကမ္ဘောဒီးယား(+၂%)ဖြစ်ခဲ့ကာ၊ခရီးသွားသူများ ကျဆင်းလာခဲ့သည့်စာရင်းဘက်အခြမ်း တွင် ထိုင်း(-၃%) ၊စင်္ကာပူ(-၄%) နှင့် ဗိယက်နမ်(-၁၀%) အစရှိသဖြင့်အစဉ်လိုက်ကျဆင်းခဲ့သည်။ အရှေ့မြောက်အာရှဒေသအတွင်းသို့ ခရီးသည်ဝင်ရောက်ခဲ့မှုမှာ ၂နှစ်ဆက်တိုက်ကျဆင်းခဲ့ပြီး၊ အဆိုးရွားဆုံးစံချိန်အဖြစ် ဂျပန်(-၁၉%) ၊ မကာအို(-၅%) နှင့် တရုတ်ပြည်(-၃%)တို့ဖြစ်ခဲ့သော်လည်း၊...

ထုတ်ဝေသူ တင်မိုး(မောင်စွမ်းရည်)

မိုးမခသတင်းဌာန http://moemaka.com/index.php?option=com_content&task=view&id=5994&Itemid=1&mosmsg=Thanks+for+your+vote! မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။တင်မိုးကို ကဗျာဆရာ လူအေးတဦးအဖြစ်သာ လူသိများပါတယ်။ ရိုးရိုးကုပ်ကုပ်နေသူလို့သာ နားလည်ထားကြပါတယ်။ ဒီလိုပြောတဲ့အတွက် မရိုးမကုပ်-လူပူ လူဆူတဦးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အလွန် လှုပ်လှုပ်ရှားရှား နေတတ်သူ၊ အလုပ်တခုခုကို အားထုတ်လုပ်ကိုင်နေတတ်သူအဖြစ် သူ့ကို ကျနော် အနီးကပ်မြင်ခဲ့ရလို့ ဖြစ်ပါတယ်။ သူ...

Thursday, March 4, 2010

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ(လူထုစိန်ဝင်း)

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။ဗမာစကားပီသတဲ့လူတွေ သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ...

Wednesday, March 3, 2010

မသေဆေးစားကြသူများ(ကျော်သူ)

ကျွန်ုပ် အားငယ်သည်။ကျွန်ုပ်တို့လောကတွင် ကျွန်ုပ်သည် အသိမ်ငယ်ဆုံး . . . အသေးမွှားဆုံး . . . အင်အားအသေးဆုံးဖြစ်တော့သည်။ကျွန်ုပ်ကို ချစ်စနိုး “ကီးကီး” လို့ခေါ်ကြသည်။ကျွန်ုပ်၏ဖခင်နှင့် ဘကြီးများ၊ ဦးလေးများ၊ အစ်ကိုကြီးများ၏ နာမည်များကတော့ ဖခင်ကြီး၊ ဦးဇူး၊ အစ်ကိုကြီး ကိုတာ၊ ဦးလေး ဦးကရောင်း၊ ဘကြီးကွန်း တို့ ဖြစ်ကြသည်။ သူတို့ . . . သူတို့သည် အလုပ်အင်မတန် လုပ်ကြသည်။ မနားမနေ၊ မမောမပန်း တာဝန်ကျေကြသည်။ကျွန်ုပ်၏ဆရာသည်လည်း ကျွနုပ်နှင့်ထပ်တူထပ်မျှ ရေစက်ခေါ်မည်လား၊...

Monday, March 1, 2010

ချောင်းကြည့်သူရဲ့ အမှား(ကိုကြီးပေါ်)

အမှတ် ၂၀တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို ချောင်းကြည့်လိုက်တိုင်း ကိုကြီးပေါ် တယောက်မှာဖြင့် အမှားတွေ ဗရပွနဲ့ ဗွက်ထနေခဲ့တာ အတော်ကြာပေါ့။ ဒါပေမယ့်လည်း အဲသလို မှားလိုက်ရမှ အယားပြေလေရော့သလား မသိ။ ချောင်းမိတာလည်း အခါခါ။ မှားမိတာလည်း အခါခါ ဆိုပါတော့။အခုလို နှစ်သစ်ဆန်းတဲ့ ကာလမျိုးမှာတော့ ရွှေပြည်တော်ကြီးမှာ တီးတိုးတဖုံ ကျယ်ကျယ်တမျိုး ရင်အခုန်ကြဆုံးကတော့ ဆုတွေ, ဂုဏ်ထူးတွေ, လက်မှတ်တွေ ပေးအပ် ချီးမြှင့်တဲ့ အကြောင်းရပ်ပါပဲ။မဟာငတာတိုင်းပြည်နိုင်ငံ အများမှာ...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More