This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Saturday, October 8, 2011

Nobel peace prize: the contenders

Liu Xiaobo, the Nobel peace prize winner from 2010. But who will be awarded the prize this year? Photograph: Liu Xia/EPA Last year, the Norwegian Nobel Committee sparked a minor diplomatic row when it awarded the prize to Chinese dissident Liu Xiaobo; in 2009 it was no less provocative when it selected Barack Obama before the US president had even completed a year in office. In 2011, arguably the most eventful year of the century so...

ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသူများ

  အာရပ်နွေဦးဖြစ်စဉ်တွင် အွန်လိုင်းမှလှုံ့ ဆော်ခဲ့သူများမှာ ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တွင် ချီးမြှင့်မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။      ယခုနှစ်တွင် ဆန်ကာတင်စာရင်းဝင်သူ ၂၄၁ ဦးအထိရှိကြောင်း နော်ဝေနိုဗယ်ဆု ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သော်လည်း စာရင်းဝင်သူများကို  ထုံးစံအတိုင်း လှို့  ၀ှက်ထားခဲ့သည်။      တူနီးရှား၊ အီဂျစ်၊ လစ်ဗျားတို့ တွင် အာဏာရှင်အစိုးရများပြုတ်ကျစေခဲ့မှု၊...

Friday, September 23, 2011

ဧရာဝတီအတွက် ပေးဆပ်ရဲသူ တစ်ဦးပေါ်ထွက်

ရန်ကုန်တရုတ်သံရုံးရှေ့ မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့  ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာကောလဟာလ မဟုတ်ဘဲ အမှန်တကယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။      မနေ့ ( ၂၀- ၉- ၂၀၁၁ )၊ နေ့ လည် ၁း ၃၀ နာရီ ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ အမှတ် (၉၄)၊ ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့ မှာ တစ်ကိုယ်တော် ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။      ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျ...

Monday, September 19, 2011

ဆိုဒ်ပြုပြင်နေသည်

ဆိုဒ် ပြုပြင်နေသည့်အချိန်အတွင်း အဆင်မပြေမူများ ရှိပါက တောင်းပန်အပ်ပါသည်။ မိုးသောက်ကြယ်စာကြည့်တိုက်...

Friday, September 16, 2011

မြန်မာအစိုးရစစ်တပ်မှ စစ်သား (၂၀) တိုက်ပွဲတွင် သေဆုံး

၂၀၁၁ စက်တင်ဘာလ(၁၅) ရက် ကြာသပတေးနေ့ နံနက်၁ဝး၁ဝ နာရီမှ စက်တင်ဘာလ (၁၆) ရက် သောကြာနေ့ မွန်းတည့်ချိန်အထိ သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ် မြစ်ကြီးနားအခြေစိုက် ခလရ(၃ရ) ၊ စခက (၂၁) လက်အောက်ခံ နွမ်လန့်ရွာ အခြေစိုက် ခမရ(၄၃၈) နှင့် ကေအိုင်အေ အထူးတပ်ဖွဲ့နှင့် နမ့်ဆန်ယန် ရွာအနီး နန့်ဘန်(င်) ချောင်းဖျားတွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။ ထိုတိုက်ပွဲတွင် သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ်မှ စစ်သား အယောက် (၂ဝ)  ကျဆုံးကြောင်း သိရှိရသည်...

Thursday, September 15, 2011

မြစ်ဆုံရေကာတာနှင့် ပြည်တွင်းက လူငယ်တစ်ယောက်ရဲ့ ခံစားချက်

မနေ့ က နေပြည်တော် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှာ လုပ်သွားတဲ့ ၀န်ကြီး ၅ ယောက်နဲ့  မီဒီယာများတွေ့ ဆုံပွဲမှာ အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စု ၀န်ကြီးရဲ့ မြစ်ဆုံရေကာတာစီမံကိန်း “နောက်မဆုတ်ဘူး၊ ဆက်လုပ်မယ်” ဆိုတဲ့ ချဲလင့် စကားလုံးတွေကို ဖတ်ရပြီး အသားတွေ တဆတ်ဆတ်တုန်၊ ဒေါသတွေ တချောင်းချောင်း ထွက်လာတော့ ရှေ့ မီနောက်မီ  ပုဂ္ဂိုလ်ကြီးတစ်ယောက်က “စိတ်လျော့ပါ၊ နိုင်ငံရေးသမားဆိုတာ ဒေါသမထွက်ရဘူး၊ အခြေအနေကို စောင့်ကြည့်တတ်ရမယ်”လို့  ကျွန်တော့်ကို နားချရှာပါတယ်။ ဒီကိစ္စမှာ...

Sunday, September 11, 2011

ဦးခွန်ထွန်းဦး၏ (၆၈) နှစ်မြောက်မွေးနေ့ ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများ စုပေါင်းကျင်းပ

ယခု ၂၀၁၁ ၊ စက်တင်ဘာလ (၁၁)ရက်နေ့ သည် စစ်မှန်သောတရားမျှတခြင်းနှင့် လွတ်လပ်ခြင်း ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး အဖိနှပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့ အတွက် သံတိုင်ကြားမှ ရဲရဲတောက်တိုက်ပွဲဝင်လျက်ရှိသော သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၏(၆၈) နှစ်မြောက်မွေးနေ့ မင်္ဂလာရက်မြတ် ဖြစ်သောကြောင့် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော သျှမ်းတိုင်းရင်းသားများ၏ ဦးဆောင်မှုဖြင့် ဂျပန်နိုင်ငံ ၊ တိုကျို ရှိ တိုရှီးမားရပ်ကွက်တွင်ရှိသော...

ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်

အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊ ဟန်ပြနှင့် မရိုးသားမှုများ ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။ “အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။ လက်ရှိ တိုင်းပြည်အခြေအနေမှာ ပြဿနာများရှိနေ၍ ဝင်ရောက်ကူညီရမည် ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ကူရာ၌လည်း...

လေချွန်နတ်နှင့် တွေ့ဆုံခြင်း

photo by googleရန်ကုန်-ပြည် ကားလမ်းမပေါ်က ကြို့ပင်ကောက်ဆိုတဲ့မြို့ကလေးကို ဖြတ်သွားမိရင် သူများတွေ ဘာတွေတွေးမိသလဲတော့ မသိဘူး။ ကိုယ့်ဘာသာတော့ ငယ်ငယ်တုန်းက အင်မတန် နံမယ်ကြီးတဲ့ လေချွန်နတ်ဆိုတာကို သွားသတိရပါတယ်။ သူက ရှေ့ဖြစ် နောက်ဖြစ် ဗေဒင်ယတြာတွေ ဟောတာမဟုတ်ဘူးဗျ။ ကွယ်လွန်သွားတဲ့လူတွေ တမလွန်မှာ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်မဖြစ်၊ ဘယ်လိုဘ၀မျိုး ကူးပြောင်းသွားတယ် လို့ ဟောနိုင်ပြီး မကျွတ်မလွတ်သေးလို့ရှိရင် အလွမ်းပြေ ချတ်တင်ဝင်လို့ရသတဲ့။ စစ်ကိုင်းပြည်တို့ ရွာဦးမစိန်ကြာတို့လို...

Saturday, September 10, 2011

ဂန္ထ၀င်ကဗျာ တစ်ပုဒ်အား ခံစားကြည့်မိခြင်း

မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊...

စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ခြင်း (၁) လပြည့် အမှတ်တရ ကျင်းပမည်။

၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ အ့ထ့က(၁)တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူခဲ့။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့။၁၉၆၃ - ''သိန်းဇံ'' ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့်...

Sunday, September 4, 2011

လွှတ်တော်မှာ.. ဒီလို ဒီလို...

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ ဆက်လက်ကျင်းပ၊ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆိုပြုဆွေးနွေးခြင်း ဥပဒေကြမ်းအတည်ပြုခြင်း တင်သွင်းခြင်းများပြုလုပ် ယနေ့ နံနက် ၁၀ နာရီက လေပြည်တော် ပြည်သူ့လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ခမ်းမ၌ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ ဆက်လက်ကျင်းပရာ ဥက္ကဋ္ဌ ဦးရွှေပန်းနှင့် လွှတ်တော် အမတ်များ စုံညီစွာ တက်ရောက်သည်။   အစည်းအဝေးတွင် ဇေယျာငပိ မဲဆန္ဒနယ်မှ ဦးလောက်ကောင်က… မိမိတို့ဒေသတွင် ကွမ်းယာများ၌ ထုံးပိုထည့်လေ့ရှိသည်ကို မိမိ စနစ်တကျ ကွင်းဆင်းလေ့လာခဲ့သဖြင့် သိရှိခဲ့ရကြောင်း၊ ကွမ်းယာတွင် ထုံးပိုထည့်သဖြင့် မလိုအပ်ပဲ ထုံးအလေအလွင့် ရှိနေခြင်းအပေါ် မည်သို့ ဆောင်ရွက်သင့်ပါသနည်းဟူသောမေးမြန်းချက်ကို တိုင်းရင်းဆေးဝန်ကြီးဌာန၀န်ကြီးက...

Thursday, September 1, 2011

ကြွက်ထောင်ချောက်(ဖေမြင့်)

တစ်ခါတုန်းက…. ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟ,နေတဲ့နေရာအကြားကနေ  ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာတွေ့ရတယ်။ အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တ၀ါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကိုရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့က၀ယ်လာတဲ့ “ကြွက်ထောင်ချောက်”။          မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့...

Wednesday, August 31, 2011

တကယ်ပြောတာပါ (ကာတွန်း)

အခုတလော လူကြီးတွေ လုပ်ကိုင်စားသောက်နေကြတဲ့ သတင်းလေးတွေဖတ်ပြီး တွေးမိတာကို ရေးထားတဲ့ ကာတွန်း...

Tuesday, August 30, 2011

ရေနှင့်လျှပ်စစ်ဓာတ်အား ဆိုးရွားစွာလိုအပ်နေသော တရုတ်က ရေကိုအလုံးအရင်းဖြင့် လမ်းကြောင်းပြောင်းယူမည်ကို အိမ်နီးချင်းနိုင်ငံများစိုးရိမ်နေ

တရုတ်နိုင်ငံဒေသတော်တော်များများတွင် ရေနှင့် လျှပ်စစ်ဓာတ်အား ဆိုးရွားစွာလိုအပ်လျက်ရှိနေခဲ့ရာ တိဗက်တွင်မြစ်ဖျားခံပြီး တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများဆီသို့ စီးဝင်နေသော မြစ်ကြီးများမှာ တရုတ် နိုင်ငံအတွက် အားကျစရာဖြစ်နေသည်။ ထိုအချက် ကိုမြင်ကြသော အိမ်နီးချင်းနိုင်ငံများက တရုတ်နိုင်ငံ သည် ရေကိုအလုံးအရင်းဖြင့် လမ်းကြောင်းပြောင်း၍ ယူတော့မည်ကို စိုးရိမ်နေကြလေသည်။ တရုတ်အာဏာပိုင်များသည် တိဗက်ဒေသတွင်း ရှိ ဗြဟ္မပုတ္တရမြစ်အထက်ပိုင်းမှ ရေများကို တရုတ်နိုင်ငံ မြောက်ပိုင်းသို့ လွှဲပြောင်းယူရန် လေ့လာမှုများ ဆောင် ရွက်နေကြောင်း သတင်းများထွက်လာခဲ့ရာ နစ်နာကြ ရမည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအား မြစ်အောက်ပိုင်းရှိ နိုင်ငံများ၏အကျိုးကို တရုတ်နိုင်ငံမှ စိတ်တွင်အစဉ်ထားရှိလျက် ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

Saturday, August 27, 2011

(ကာတွန်းဆရာ) အောင်မော်၊ ဟာဂျူလီ၊ နေမျိုးအေး နဲ့  အော်ပီကျယ်တို့ရဲ့ အတွေး...

ပေးပို့သူ ကိုမိုး(ပွင့်သစ်)အား ကျေးဇူးတင်ရှိပါသ...

ပျက်အစဉ် ပြင်ခဏ “လူလ”

လွန်ခဲ့တဲ့ နှစ်များတုန်းက တချို့ လူကြီးတွေ ဂုဏ်ယူစွာ ပြော ပြောနေတဲ့ စကားတခွန်းကြားဖူးတယ်။ ဟေ့ ငါတို့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူး တဲ့... အများအားဖြင့် ပီတိကိုစား နာသုံးနာဖြင့် အသက်မွေးနေသော ကျောင်းဆရာများ ပြောတတ်တယ်။ တခြားသော ဌာနက လူကြီးတွေလဲ ပြောနေကြတာလဲ ကြားဖူးပါတယ်။ ရိုးရိုးတွေးရင်တော့ ဆန်စပါးပေါကြွယ်တဲ့ နိုင်ငံမှာ ထမင်းငတ်ပြီး မသေလောက်ပါဘူးလို့ ထင်စရာပေါ့။ ဒါဗေမဲ့ ဒီစကားရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တခုတော့ ရှိတာ သေချာတယ်။ တချိန်က ထိုသူများ ပြောလိုက်ရတဲ့အကြောင်းအရင်းက မြိုနယ်ကောင်စီ ဥက္ကဌ နေရာများကို တပ်မတော်မှ အငြိမ်းစားယူတဲ့ ဗိုလ်မှူးအဆင့်တွေကို ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အစီအစဉ်တခုမှ လဒ်စားသော အရာထမ်းများ အကျင့်သီလ နည်းပါးမှုကို ထောက်ပြ ပြောဆိုတာကို မှတ်ယူပါ။ ဒါလည်း တိုင်းပြည်ကောင်းကျိုး...

အကျဉ်းထောင်က အလင်းရောင်(တင်မိုး)

ထောင်စခန်းဆိုတာ အမှောင်လမ်းပါပဲ ဒါပေမဲ့- အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့ တာရှည်စံမြန်းရာ။ သစ္စာမဖောက် ဒူးမထောက် မကြောက်မရွံ့သူတွေရဲ့ နိဗ္ဗာန်ဘုံမို့ တိရစ္ဆာန်ရုံမဟုတ်ပါ။ အရိုင်းဆုံးထဲက လူယဉ်ကျေး အရဲဆုံးသွေးမို့ အရေးတော်ပုံရဲ့ သူရဲကောင်း အရောင်မပြောင်းတတ်သူပါ။ မြန်မာ့စာနယ်ဇင်းလောကမှာ အတောက်ပဆုံး ကလောင်ဘုရင် ဟံသာဝတီဦးဝင်းတင်တဲ့ ဂန္တဝင်မြောက် စံတင်လောက်အောင် ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော် ခေတ်သစ်ရဲ့ မင်းမဟော်လို့ ပူဇော်ထိုက်သူ အမှန်ပါ။ ပြည်သူကို...

Thursday, August 25, 2011

Wednesday, August 24, 2011

ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ(သို့မဟုတ်)မိုးကောင်းသပိတ်တိုက်ပွဲ အပိုင်း(၂)

ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ                                          (သို့မဟုတ်)                       မိုးကောင်းသပိတ်တိုက်ပွဲ  အပိုင်း(၂) ရာစု ကားတစီးနဲ့...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More