This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Tuesday, May 31, 2011

ဒီပဲယင်း(၈)နှစ်ပြည့် အခမ်းအနား အခွန်ရုံးရှေ့တွင်ကျင်းပ

View all Get your ownလွန်ခဲ့သော ၂၀၀၃ ခုနှစ် မေလ(၃၀)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥကဌဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် စစ်ကိုင်းတိုင်းလူထုစည်းရုံးရေးခရီးစဉ်တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီးရှိ ကျည်ရွာတွင် စစ်အုပ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကိုခံခဲ့ရသည့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၈)နှစ်ပြည့်အခမ်းအနားကို ယနေ့ မေလ ၃၀ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာအကောက်ခွန်ရုံးရှေ့တွင်  မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄.၄၅) နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ခဲ့ကြပါသည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ...

Monday, May 30, 2011

BRSAအသင်း ၄ နှစ်မြောက်ညီလာခံကျင်းပ

ဂျပန်နိုင်ငံရှိ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားဒုက္ခသည်များအား ငွေကြေးအားဖြင့်လည်းကောင်း၊ စိတ်ဓါတ်ရေးရာအားဖြင့်လည်းကောင်း ထောက်ပံ့ဖေးမကူညီအားပေးရန်နှင့် မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ထောက်ခံအားပေးရန်ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းထားသည့်  RSA အသင်းဟု အတိုကောက်ခေါ်ဆိုနေကြသည့် မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(Burma's Refugee Serving Association)၏ ၄ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံကို မေလ ၂၉ ရက်(တနင်္ဂနွေနေ့) ညနေ ၅း၃၀ မှ ၉း၀၀ နာရီအထိ Minami Otsuka Hall Dai 1 ခန်းမတွင် အောင်မြင်စွာကျင်းပခဲ့ကြသည့် မှတ်တမ်းဓါတ်ပုံများView all Get your ownမှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(M...

Sunday, May 29, 2011

ထိုင္ခုံ(ေမာင္ပုည-ၾသစေၾကးလ်)

မှတ်ချက်။ သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။ (၁)“အစည်းအဝေး။ အစည်းအဝေး...” “မင်းပဲသွားလိုက်ပါမောင်လှရာ...။ ငါ ထမင်းချက် ကျန်ရစ်ခဲ့မယ်...” “ဒါဆိုလဲရပါတယ်...” “အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။ သဘာပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...?” “မျိုးမနဲ့ တက်ပုလေ...” “သြော်-သြော်-” (၂) “အစည်းအဝေး။ အစည်းအဝေး...” “မင်းပဲသွားလိုက်ပါမောင်လှရာ။ ငါ နည်းနည်း နေမကောင်းလို့ပါ” “ဒါဆိုလဲရပါတယ်...” “အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။...

အထက်လူကြီးနှင့် ခေါင်းဆောင်တို့ကြား ခြားနားချက်

အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gordan Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုး ခွဲခြားလို့ ရပါတယ်။ အထက်လူကြီးက လူတွေကို မောင်းသည်။ ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။ အထက်လူကြီးက အာဏာကို အားကိုးသည်။ ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။ အထက်လူကြီးက ကြောက်အောင်...

ချီးမြှောက်ခြင်း၊ ပြစ်တင်ခြင်း၊ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်း၊ ကြည်နူးခြင်း၊ကြေကွဲခြင်း

ချီးမြှောက်ခြင်း၊ ပြစ်တင်ခြင်း၊ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်း၊ ကြည်နူးခြင်း၊ကြေကွဲခြင်း များသည်  ပေါ်ချည် တစ်ခါ သွားချည် တလှည့် အတည်မဲ့ သော လေပွေနှင့်သာ တူသည်။ကြံ့ ခိုင်သော သစ်ပင်ကြီး ကဲ့  သို့ မယိမ်းမယိုင် နစ်မျောခြင်းမရှိ သည့် တည်တံ့ ကြံ့ခိုင်သော သဘောထားသည်သာလျှင်  အစဉ်  ပျော်ရွှင်ချမ်းမြေ့ စေသည်။ (ဗုဒ္ဓ) လောကဓံ ၈ ပါးတည်းဟူသည့် အကောင်း လေးပါး အဆိုး လေးပါးကို အကောင်းဆုံး တုန်လှုပ်ခြင်းကင်းလျက် သူတော်ကောင်း လက္ခဏာများဖြစ်သော...

Saturday, May 28, 2011

၂၁နှစ်မြောက် NLD ရွေးကောက်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ်အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတဝန်းဆန္ဒမဲ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည့် NLD ပါတီ၏ ၂၁ နှစ်မြောက် အောင်ပွဲအထိမ်းအမှတ်အခမ်းအနားကို ယနေ့ မေလ (၂၇) ရက်နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တွင် မွန်းလွှဲပိုင်း (၃) နာရီ မှ (၄) နာရီ အထိ ကျင်းပခဲ့ရာ  ဂျပန်ရောက် မြန်မာ့ ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ ကြပါသည်။ တိုင်းပြည်၏ သမိုင်းအတွက် သိကာကျစေသော...

Friday, May 20, 2011

လူငယ့်ကြေးမုံ-၆(တင်မိုး)

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ် ဆရာတင်မိုးရေးသားပေးခဲ့သော `လူငယ့်ကြေးမုံများ`(၂၀၀၅ ခုနှစ်၊ ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၄ မှ) “စိတ်ငယ်ဖွယ် အမှောင်ဆိုင်းပြန်တော့၊ သပိတ်လွယ် တောင်စစ်ကိုင်းဆီက၊ မောင်မှိုင်းမှာဖြင့်ပါတော်မူ”တဲ့။ဆရာကြီးမှိုင်းက တခါတုန်းက တိုင်းပြည်အတွက် စိတ်ငယ်စရာနဲ့ကြုံတော့ ပူပုံပွားခဲ့ဖူးတယ်။ ဒိုင်အာခီခေတ်မှာ မှိုင်ကာမကြည်ဖြစ်ခဲ့ဖူးရသတဲ့။ ဟုတ်မှာပေါ့။ ပုထုဇဉ်ဟာကိုး။ လက်ခမောင်းတောင် ခတ်တန်ခတ်မိတယ်။ စိတ်ပျက်အားငယ်စရာနဲ့ကြုံရင်လဲ...

ငလျင်ကြောမိနေသူများအတွက် သတင်းကောင်းတစ်ပုဒ်

ထိတ်လန့်တုန်လှုပ်မှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကိုစိတ်ကုပညာရှင်များကူညီပေးတော့မည်     မတ်လ ၁၁ နေ့ကဖြစ်ပွားခဲ့သောငလျင်နှင့် ဆူနာမီတို့ကိုကြုံတွေ့ရပြီးနောက် စိတ်ကျရောဂါနှင့် ခြောက်ခြားမှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကို စိတ်ကျန်းမာရေးဆိုင်ရာအကူအညီပေးရေးအတွက် စိတ်ကုပညာရှင်တစ်စုတို့ က ကူညီပေးတော့မည်ဟု ၂၀၁၁ ခုနှစ် ဧပြီလ ၃၀ ရက်ထုတ် ဂျပန်တိုင်း(မ်)သတင်းစာတွင် ရေးသားဖော်ပြချက်အရသိရှိရသည်။ ဦးဆောင်ဦးရွက်ပြုသူမှာ တိုကျို၊ အီတဘာရှိရပ်ကွက်ရှိ...

ကျနော်လဲထိုနည်းလည်ကောင်း(သရော်စာ)

ရေးသားသူ-မောင်ပုည(သြစတြေးလျ) (၁) “ဘဘလား...” “ဟုတ်တယ်နန်းစိန်ငွေ၊ ပြောစရာရှိပြော...” “ဘဘနဲ့ကိုဒေါင်းကို သက်ဆိုင်ရာက ခုံအဖွဲ့ဝင်အဖြစ် လူတွေကိုစစ်ဆေးဖို့ ခန့်လိုက်တယ်ဘဘ..” “ဗျာ-ဗျာ၊ သဲထိပ်ရင်ဖိုစရာတွေကောင်းလိုက်တာ...။ ပြန်ပြီးပြောစမ်းပါဦးနန်းစိန်ငွေ...” “ဟုတ်တယ်ဘဘ။ ဘဘကခုံဥက္ကဌ၊ ကိုဒေါင်းက အဖွဲ့ဝင်၊ ကျန်အဖွဲ့ဝင်တဦးကိုတော့ ဘဘစိတ်ကြိုက် ရွေးနိုင်တယ်တဲ့..” “ဒီခုံကိုဘယ်သူဖွဲ့တာလဲ။ ကုလသမဂ္ဂလား...၊ ဒေါ်အောင်ဆန်းစုကြည်လား...၊ ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့တွေလား...၊...

Wednesday, May 18, 2011

ဂျပန်အလုပ်လက်မဲ့ပြဿနာ နာတာရှည်ရောဂါကြောင့် အခက်တွေ့နိုင်(ဘာသာပြန်ဆောင်းပါး)

ဝမ်းအိုဝမ်းကမ်းရိုးတန်းဒေသ ဆူနာမီဒဏ်ခံဒေသတွေမှာ အကူအညီပစ္စည်းပေး ဝေတဲ့နေရာ၊ အကောင်းအတိုင်းကျန်နေသေးတဲ့ဖုန်းတွေမှာ ဆက်ဖို့လူ တွေတန်းစီနေခဲ့ကြပါတယ်။ ဒီတစ်ပါတ်မှာတော့ အလုပ်အကိုင်အတွက် တန်းစီ နေကြရပြန်ပါပြီ။ မတ်လထဲမှာ ရိုက်ခတ်သွားတဲ့ ဆူနာမီကြောင့် လူပေါင်း ၁,၂ဝဝဝ ကျော်သေဆုံးခဲ့ပြီး ၁,၆၂ဝဝ ပျောက်ဆုံးနေဆဲပါ။ လူပေါင်း သိန်းနဲ့ချီ အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီး အချို့လုပ်ငန်းတွေ ပြန်လည်စတင်နေတာတောင် အလုပ်ကိုသွားလာရေးခက်ခဲနေဆဲ။   တိုရှီယိုအိုတာ...

နအဖသမတသစ်ဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် ဂျပန်ရောက် မြန်မာဒုက္ခသည်များ စိတ်သက်သာရာရ

Type your summary here.   အပြည့်အစုံကို ၂၀၁၁ ဇွန်လတွင်ထုတ်ဝေမည့် မိုးသောက်ကြယ်ဂျာနယ် အတွဲ(၈) အမှတ်(၆)တွင် စောင့်မျှော်ဖတ်ရှုနိုင်ပါကြောင်...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More