Sunday, May 29, 2011

ထိုင္ခုံ(ေမာင္ပုည-ၾသစေၾကးလ်)

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

(၁)
“အစည်းအဝေး။ အစည်းအဝေး...”
“မင်းပဲသွားလိုက်ပါမောင်လှရာ...။ ငါ ထမင်းချက် ကျန်ရစ်ခဲ့မယ်...”
“ဒါဆိုလဲရပါတယ်...”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။ သဘာပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...?”
“မျိုးမနဲ့ တက်ပုလေ...”
“သြော်-သြော်-”

(၂)
“အစည်းအဝေး။ အစည်းအဝေး...”
“မင်းပဲသွားလိုက်ပါမောင်လှရာ။ ငါ နည်းနည်း နေမကောင်းလို့ပါ”
“ဒါဆိုလဲရပါတယ်...”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။ သဘာ ပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...?”
“မျိုးမနဲ့ တက်ပုပါပဲကွာ...”
“သြော်-သြော်-”

(၃)
“အစည်းအဝေး။ အစည်းအဝေး...”
“ငါ   ... ကွာ”
“ဟေ့မောင်မြ”
“ဒီတခါတော့ ငါကွာမနေနဲ့။ ဒီတခါမင်းတလှည့် ပဲ...”
“ဒါဆိုလဲရပါတယ်ကွာ”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်မြ။ သဘာပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...”
“ထုံးစံအတိုင်းပါပဲ မောင်လှရာ”
“သြော်-ဒါကြောင့် သူတို့တွေလဲ ဖက်တွယ်ထားကြတာကိုး”

မောင်ပုည(ၾသစေၾတးလ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More