Sunday, May 29, 2011

ချီးမြှောက်ခြင်း၊ ပြစ်တင်ခြင်း၊ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်း၊ ကြည်နူးခြင်း၊ကြေကွဲခြင်း

ချီးမြှောက်ခြင်း၊ ပြစ်တင်ခြင်း၊ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်း၊ ကြည်နူးခြင်း၊ကြေကွဲခြင်း များသည်  ပေါ်ချည် တစ်ခါ သွားချည် တလှည့် အတည်မဲ့ သော လေပွေနှင့်သာ တူသည်။ကြံ့ ခိုင်သော သစ်ပင်ကြီး ကဲ့  သို့ မယိမ်းမယိုင် နစ်မျောခြင်းမရှိ သည့် တည်တံ့ ကြံ့ခိုင်သော သဘောထားသည်သာလျှင်  အစဉ်  ပျော်ရွှင်ချမ်းမြေ့ စေသည်။
(ဗုဒ္ဓ)


လောကဓံ ၈ ပါးတည်းဟူသည့် အကောင်း လေးပါး အဆိုး လေးပါးကို အကောင်းဆုံး တုန်လှုပ်ခြင်းကင်းလျက် သူတော်ကောင်း လက္ခဏာများဖြစ်သော သတိ၊သမာဓိ၊ ပညာ များဖြင့် အချိုးညီမျှစေ ပြီး ၊
လောကဓံကို  လောကီသားတို့   တည်ငြိမ်စွာဖြင့် ရင်ဆိုင် တတ်စေရန် ဗုဒ္ဓ ၏ လေးနက် သော လမ်းညွှန်ချက်များ မှ ကောက်နုတ်ပါသည်။

ျစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား
ကွေကွင်းနောက်ဆုံး ၊ ရှိချေ၏။

ဥစ္စာဆင်မြင်း ၊ ပေါများခြင်းကား
ယိုယွင်းနောက်ဆုံး ၊ ရှိချေ၏။

ပွဲလယ်ပြင်ပ ၊ ချီးမွမ်းကြလည်း
ရှုံ့ချနောက်ဆုံး ၊ ရှိချေ၏။

ဝင့်ကြွားကြွကြွ ၊ မြင့်မောက်ကြလည်း
လျှောကျနောက်ဆုံး ၊ ရှိချေ၏။

ဇီဝိန်ထင်းလင်း ၊ သက်ရှင်ခြင်းကား
သေခြင်းနောက်ဆုံး ၊ ရှိချေ၏။

(ကြားဖူးတဲ့ သံဝေဂ လင်္ကာလေးတစ်ခု အဆင်ပြေသလို ရေးပြလိုက်တာပါ။ မဥမ္မာ တင်ပြပေးတဲ့
ဗုဒ္ဓအဆုံးအမနဲ့ တူညီတဲ့ အရှေ့တိုင်း စကားလေးတစ်ခွန်း ရှိပါတယ်။ ဘ၀မှာ ကောင်းတာပဲ
ကြုံကြုံ၊ ဆိုးတာပဲ ကြုံကြုံ ဒီစကားလုံးလေး ၄ လုံးကို ရွတ်ကြည့်ပါတဲ့။ အဲဒီစကားလုံးလေး
၎ ခုကတော့ "ပြီး သွား မှာ ပါ" တဲ့)

mmdailynewsမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မူရင်းလင့်မှာ-
http://mmdailynews.com/index.php

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More