Saturday, May 28, 2011

၂၁နှစ်မြောက် NLD ရွေးကောက်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ်အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်



၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတဝန်းဆန္ဒမဲ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည့် NLD ပါတီ၏ ၂၁ နှစ်မြောက် အောင်ပွဲအထိမ်းအမှတ်အခမ်းအနားကို ယနေ့ မေလ (၂၇) ရက်နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တွင် မွန်းလွှဲပိုင်း (၃) နာရီ မှ (၄) နာရီ အထိ ကျင်းပခဲ့ရာ  ဂျပန်ရောက် မြန်မာ့ ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ ကြပါသည်။
တိုင်းပြည်၏ သမိုင်းအတွက် သိကာကျစေသော အာဏာရှင် စစ်အစိုးရသည်  ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ် အသတ်အနိုင်ရခဲ့သည့် NLD ပါတီအား အာဏာလွှဲပြောင်းပေးရန် တာဝန်ပျက်ကွက်ခဲ့သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြုကာ ပြည်သူ့ဆန္ဒကိုချေဖျက်ရုံသာ မက ပြည်သူနှင့် တကွ ကမ္ဘာတဝှမ်းကို လှည့်စားခဲ့သည် မှာ ယနေ့ တိုင်ဖြစ်ပါသည်။
၂၁ နှစ်မြောက်အောင်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် အဖွဲ့ အစည်းအသီးသီးမှ တာဝန် ရှိသူများကလည်း ၊ ၉၀ ရွေးကောက်ပွဲ ရလဒ် ကို မျက်ကွယ်ပြုထားသော ယခုလက်ရှိ သ မတ သိန်းစိန်အစိုးရကို အသိအမှတ် မပြုကြောင်း၊ မိမိတို့၏ ယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံ တဝှမ်းရှိ အကျဉ်းထောင် အသီးသီးတို့ တွင်ဆက်လက်အကျဉ်းကျခံနေ ရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရန်အ တွက်တောင်းဆိုမှု များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More