This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, September 28, 2008

နှစ်သက်မိသောကဗျာများ




(မိုးသောက်ကြယ်အီးမေးလ်ထဲသို့ ပေးပို့လာသော ကဗျာများကို နှစ်သက်သဘောကျသဖြင့် ပြန်လည်ဝေငှခြင်းဖြစ်ပါသည်)

Saturday, September 27, 2008

ခြောင်းကြည့်သူရဲ့ အမှား(အမှတ် ၈) ကိုကြီးပေါ်


ကိုကြီးပေါ် တယောက် ဒီတပတ် ခြောင်းကြည့်လိုက်တာ မှန်ပြောင်းက နည်းနည်း ချော်သွားတယ် ထင်တယ်။ ဗိုလ်ချုပ်မင်းများရဲ့ နန်းတော်ကြီးကို ကျော်ပြီး ဟိုဟိုဒီဒီ ရောက်သွားပါလေရော။ ဟိုဟိုဒီဒီ ဆိုတာကို ဘာပဲ ညာပဲလို့ အဓိပ္ပာယ် ဖွင့်တော်မူမယ် မကြံပါနဲ့။ ဟိုဟိုဒီဒီ ဆိုတာ ဂျာနယ် စာမျက်နှာတွေကို ပြောတာပါ။ ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ ဆိုတာလည်း ကိုကြီးပေါ်က အစုံအစေ့ လိုက်ကြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ဟဲ့ ဒါတော့ ဆန်းသကွဲ့… ဒါတော့ ထူးသတဲ့… လို့ သူများက လက်တို့ပြောမှ ကမန်းကတမ်း လိုက်ခြောင်းရတဲ့ ဘ၀ပါ။ ဟော တွေ့ပါပြီ။

ဂုရုကြီး
သြဂုတ်လ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်မှာ ပါတဲ့ ``ဒိုင်ယာလော့ခ်သည် အလှတန်ဆာ ဆင်ခြင်းသာ ဖြစ်၍ အနှစ်သာရ မဟုတ်ပေ။ အလှတန်ဆာဆင်မှုကို စွဲမက်လွန်းလျှင် ဤအလှတန်ဆာဆင်မှုထဲ ချောင်ပိတ်မိပြီး ထွက်နိုင်မည် မဟုတ်ပေ။ အလှတန်ဆာဆင်မှုကို တရားသေကိုင်သည်မှာ မိုက်မဲသည်။´´ ဆိုတဲ့ စာသားတွေကြောင့် ပြည်ပမှာ ရှူးရှူးရှားရှား ဖြစ်သွားကြပါတယ်။ ဖြစ်ရတာက ဒီစကားကို ပြောတဲ့သူက မြန်မာ့နိုင်ငံရေးမှာ ပြောနိုင်ဆိုနိုင်သူတဦးဖြစ်တဲ့ ဂုရုကြီး မောင်စူးစမ်း ဖြစ်နေလို့ပါပဲ။
ဂုရုကြီးက အစဉ်အလာ အင်မတန်ကြီးပါတယ်။ နိုင်ငံရေးမှာ တောတွင်းမြို့တွင်း နှံ့အောင် ပေါက်ရောက်သူ ဖြစ်ပါတယ်။ တချိန်က ပါတီကြီးတခုကို ကိုယ်စားပြုပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ်တော်ကြီး အဖြစ် ကျော်ကြားခဲ့သူ၊ စစ်တမ်းတစောင်နဲ့ တိုင်းတုန်အောင် လှုပ်ခဲ့သူပါ။ ၉၀ လွှတ်တော်အမတ် တဦး ဖြစ်သလို၊ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်း ဖြစ်ခဲ့သူပါ။ ယနေ့ထက်တိုင်အောင် စာတွေ အဆက်မပြတ်ရေးနေပြီး၊ နိုင်ငံရေး, ဒဿန, ဘောဂဗေဒ, ဘာသာဗေဒ, လူမှုသိပ္ပံ, မော်ဒန်, မော်ဒန်လွန်, အနာဂတ္တိ အစရှိသဖြင့် ဘာသာရပ် အတော်ကို စုံတာပါ။ အနှီလို ပုဂ္ဂိုလ်ကြီးရဲ့ အရေးအသား အပြောအဆိုတွေက မြန်မာနိုင်ငံသားတွေ အပေါ်မှာ တစုံတရာတော့ လွှမ်းမိုးနေနိုင်တာ သေချာတာပေါ့။ ဒါကြောင့်လည်း ဂုရုကြီးရဲ့ ဒီဆောင်းပါး ပါလာတော့ လှုပ်လှုပ်ရှားရှား ပြောကြဆိုကြနဲ့ အသံတွေ ဆူသွားခဲ့ရတော့တာပါ။
ဂုရုကြီးရဲ့ ဆိုလိုရင်းကို သူ့အတိုင်း ဖော်ပြရရင် — ``လက်ရှိ အခြေအနေ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ထွန်းမှုသည် စပိ မြန်နှုန်းပြဿနာ (the matter of speed) သာ ဖြစ်မည်။ စင်ပြိုင်အစီအစဉ်၊ တခြား ရွေးချယ်စရာ အစီအစဉ်နှင့် ဖိုရမ် (alternative agenda and forum) တို့သည် ဖြစ်နိုင်ခြေ မရှိပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေ တကယ်ရှိနေသည့် အစီအစဉ်ကို မြန်မြန်ဖြစ်အောင်သာ တိုက်တွန်းဖို့ ရှိသည်။ ထို့ကြောင့် စပိသည်သာ အဓိက ပြဿနာ ဖြစ်သည်။´´တဲ့။
ဒါရဲ့ ရှေ့နားမှာ — ယခု အခြေခံဥပဒေ ပြဋ္ဌာန်းပြီးသွားပြီ။ ရွေးကောက်ပွဲအသစ် လုပ်မည်။ ဒါကြောင့် လက်ရှိ အစိုးရက အိမ်စောင့်အစိုးရ သဘော ဖြစ်သွားပြီ — လို့ ဆိုထားပါသေးတယ်။
ဂုရုကြီးရဲ့ အဆိုအမိန့်ကို အနှစ်ထုတ်ကြည့်လိုက်တော့ ကိုယ်က ဘာမှ မလုပ်နိုင်ဘူး၊ ဒါကြောင့် သူလုပ်တဲ့အတိုင်း ရေဆုံးရေဖျား လိုက်သွား၊ မြန်မြန်ရောက်အောင် မြန်မြန်သာတွန်း လို့ ဆိုလိုဟန် တူပါတယ်။ ပြီးတော့ ဖြစ်ထွန်းလာတဲ့ ကိစ္စတွေကို တရားတာ မတရားတာ, မှန်တာ မမှန်တာ ပြန်မကြည့်တော့ဘဲ၊ ဖြစ်လာတဲ့အတိုင်း လက်ခံလိုက်တဲ့ သဘောထားကို တွေ့ရပါတယ်။
တကယ်တော့ ဒီအယူအဆက ဂုရုကြီးရဲ့ အခုမှ ပေါ်လာတဲ့ အယူအဆ မဟုတ်ပါဘူး။ ဟိုး လွန်ခဲ့တဲ့ အနှစ် ၅၀ ကတည်းက ကိုင်စွဲလာတဲ့ နည်းဗျူဟာ အဟောင်းကြီးလို့ ကိုကြီးပေါ်တော့ ထင်မိတာပဲ။ ချမ်းအေးစစ်တမ်း ထဲမှာလည်း တောထဲက ကွန်မြူနစ်တွေ လက်နက်စွန့်ပြီး ပါလီမန်ထဲ ၀င်နွှဲကြလို့ ဆိုခဲ့တာပါပဲ။ ဒီတုန်းကတော့ တိုင်းပြည်မှာ ဒီမိုကရေစီ ရှိနေသေးတော့ ဒီစကားကို မှားတယ်လို့ အပြတ် မဆိုသာဘူး။ သို့ပေမယ့် ကွန်မြူနစ် လူ့ဘောင် ဆိုတာကြီးကို စိတ်ကူးယဉ်နေကြသူတွေ အဖို့တော့ ဆတ်ဆတ်ခါ နာရတာပေါ့။ ပြီးတော့ တော်လှန်ရေးကောင်စီရဲ့ စီးပွားရေး စီမံကိန်းတွေကို သြဘာပေးခဲ့တာလည်း ဂုရုကြီးပါပဲ။ နောက်တော့လည်း အိုးစားခွဲရပြန်ရော။
ရှစ်ဆယ့်ရှစ်မှာ အဖွဲ့ချုပ်ပေါ်လာတော့ ဂုရုကြီးတို့က ဗဟိုကော်မတီဝင်ပေါ့။ တိုင်းပြည်အတွက် ပါဝင်လှုပ်ရှားကြတာကို ကိုကြီးပေါ်က အားပေးပါတယ်။ လေးလည်း လေးစားပါတယ်။ အဲသည်တုန်းက ဂုရုကြီးရဲ့ အတွေးအခေါ်တွေက ထက်မြလှပါတယ်။ လွှတ်တော် ပေါ်လာရေးသာ အဓိကတဲ့။ အာဏာယူဖို့ လောမကြီးနဲ့တဲ့။ ဒါပေမယ့် ဂုရုကြီး စကားကို အများက နားလည်ခဲ့ကြဟန် မတူဘူး။ ဒီလိုနဲ့ အမျိုးသားညီလာခံခေတ် ရောက်တော့ ဂုရုကြီးက ညီလာခံကို မြန်မြန်ပြတ်အောင် ဖြတ်လိုက်လို့ မိန့်ပါတယ်။ ဒါပေမယ့် ညီလာခံကလည်း ဆယ့်ငါးနှစ်လောက် မျောသွားပြန်ရော။ ဟောအခု- ညီလာခံလည်း ပြီး, ဥပဒေလည်း အပြီးမှာ ရွေးကောက်ပွဲ မြန်မြန် ဖြစ်အောင်လုပ်လို့ တိုက်တွန်း ပြန်ပါပြီ။ ရွေးကောက်ပွဲပြီးရင် နိုင်ငံရေးသစ်နဲ့ ကစားကြမယ်တဲ့။
ဂုရုကြီးရဲ့ ရွာရောက်အောင် မြန်မြန်ပို့တဲ့ ဗျူဟာက ကောင်းပါတယ်။ ပြဿနာက အဆုံးမှာ ရွာတွေ့ရင်တော့ ကောင်းတာပေါ့။ ရွာမတွေ့ဘဲ သင်္ချိုင်းတွေ့တော့ ဘယ့်နှယ် လုပ်ကြရမလဲ။ ဂုရုကြီးရဲ့ နည်းအတိုင်း ဖြစ်လာတာကို လက်ခံလိုက်, အဲဒါကို မြန်မြန်လိုက်လုပ်လိုက်, နောက်တခု ထပ်ပေါ်လာရင် ထပ်ပြီး လက်ခံလိုက်, ထပ်ပြီး မြန်မြန်လိုက်လုပ်လိုက်… ဆိုရင်…၊ နအဖကလည်း စိတ်ကြိုက် မတွေ့သေးသရွေ့ ကွင်းအသစ်တွေ တကွင်းပြီး တကွင်းထွင်, ဂုရုကြီးကလည်း မြန်မြန်ဝင်ကစားကြဖို့ ဆော်သြ, ကစားသမားတွေကလည်း တကွင်းပြီးတကွင်း မမောတမ်း လိုက်ကစား… ဟုတ်ကဲ့ နောက်ဆုံးတော့ နေ၀င်မိုးချုပ်။

ဂုရုလေး
ပြည်တွင်းက ဂုရုကြီးက တမျိုးဆော်သြနေချိန်မှာ ပြည်ပ ဂုရုလေးကလည်း တစခန်းကတယ် ခင်ဗျ။ ဒေါက်တာ လွဏ်းဆွေ ဆိုတဲ့ ဂုရုလေးက ယခုတလောမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင်တွေကို ပစ်ပစ်နှစ်နှစ်ကြီး ဝေဖန်နေတာ တွေ့ရပါတယ်။
နာဂစ်အလွန် ဆန္ဒခံယူပွဲအပြီး ကာလမှာ ပိုမို ပေါက်ကွဲလာဟန် တူပါတယ်။ ဂုရုလေးရဲ့ အယူအဆကို အနှစ်ချုပ်လိုက်တော့ အနှစ်နှစ်ဆယ်လုံးလုံး ဒီမိုကရေစီ ရေစုန်မျောရတာဟာ အဖွဲ့ချုပ်ခေါင်းဆောင် မျိုးချစ်ရဲဘော်ဟောင်းများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကာလအတွင်း ဖြစ်ခဲ့သမျှရဲ့ လက်သည် တရားခံဟာ ဒီလူကြီးတွေကြောင့်တဲ့။ ဒေါ်စုကို မလှုပ်နိုင်အောင် နအဖနဲ့ လက်ဝါးရိုက်ပြီး အတွင်းအပြင် ညှပ်ထားတာတဲ့။ ဂုရုလေးရဲ့ စာသားတွေကို ဖတ်ကြည့်ပါဦး။
``အနှစ်နှစ်ဆယ်အတွင်း အပြင်မှာ တလျှောက်လုံးနီးပါး ဦးဆောင်ခွင့်ရခဲ့တုန်းကလည်း မျိုးချစ်ရဲဘော်ဟောင်းကြီးတွေ အနေနဲ့ ဘာမှ လောက်လောက်လားလား ဦးဆောင်မှု မပေးနိုင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။
သေချာတာကတော့ မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မတီကြီးတွေရဲ့ အနေအထားက ကြာလေလေ ပိုရှင်းလေလေ ဆိုသလိုပါပဲ။ ဘာတွေဘယ်လို ပိုရှင်းလာသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကစပြီး နအဖနဲ့ NLD - CEC မျိုးချစ်ရဲဘော်ဟောင်းကြီး (ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်) တွေကြား လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတာကို ပြောတာပါ။
အဲဒီတော့ ပြန်ကြည့်ရင် အနှစ်နှစ်ဆယ်အတွင်းမှာ အပြင်မှာတလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေဟာ တိကျပြတ်သားတဲ့ ဦးဆောင်မှု ဘာတခုမှ မပေးနိုင်ဘဲ နအဖအလိုကျ အလိုက်သင့် ကခုန်နေခဲ့ကြတာကိုပဲ တွေ့ရပါတယ်။ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ကြေညာချက်တွေပဲ ထုတ်လာလိုက်တာ အခုဆိုရင် အထူးကြေညာချက်အဆင့်ကို ရောက်နေပါပြီ။ ၂၀၁၀ ရောက်တဲ့အထိလည်း မြန်မာပြည်က လက်ဖက်ရည်တွေလို ရှယ်၊ ထူးရှယ်၊ ရှယ်တကာ့ရှယ်ဆိုတဲ့ ကြေညာချက်တွေပဲ ထုတ်ရင်း ငုတ်တုတ်ထိုင်နေတော့မယ် ထင်ပါရဲ့။
တဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း နအဖအနေနဲ့ မျိုးချစ်ကြီးတွေကို အနှစ်နှစ်ဆယ်လုံးလုံး မဖမ်းမဆီးဘဲ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားတာဟာ သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ တသီကြီးရနေလို့ဆိုတာ ရှင်းပါတယ်။ အစွမ်းအစမရှိတဲ့ မျိုးချစ်ကြီးတွေ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားခြင်းအားဖြင့် စစ်အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို ဖျက်သိမ်းစရာမလိုတော့ဘဲ ကမ္ဘာကိုလည်း မျက်နှာပြရတာ ကောင်းသွားတယ်။ မြန်မာပြည်မှာ အတိုက်အခံအဖွဲ့အစည်း တရားဝင် ရပ်တည်ခွင့်ပေးထားပါတယ် ဆိုရုံလေးပေါ့။ နောက်ပြီး နအဖဟာ သူတို့စကားကို နားလည်းထောင်၊ ကြောက်လည်းကြောက်တဲ့ မျိုးချစ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မလှုပ်သာမရှားသာအောင် အတိုင်အဖောက်ညီညီ လူညှပ်ကစားရတာကို တော်တော်လည်း ခြေတွေ့ပုံပေါ်တယ်။ မျိုးချစ်ကြီးတွေနဲ့ အနှစ် နှစ်ဆယ်လုံးလုံး အပေးအယူမျှခဲ့မှတော့ ခြေတွေ့တာ မဆန်းဘူးပေါ့လေ။´´
ဂုရုလေးက လာမယ့် ရွေးကောက်ပွဲ မဖြစ်အောင် တားဆီးနိုင်ဖို့ ဆော်သြတာပါ။ ဒီလူတွေနဲ့တော့ မရတော့ဘူး၊ လုပ်ကြပါဦးလို့ ဟစ်ထားတာပါ။ ဆော်သြတဲ့ စေတနာကိုတော့ နားလည်ပါရဲ့။ ဒါပေမယ့် ဂုရုလေးရဲ့ `ဆွဲချ´လုပ်ချက်က အဖွဲ့အစည်းတခုရဲ့ ရပ်တည်မှုကို ထည့်မတွက်လေရော့သလား။ မျိုးချစ်ကြီးတွေ မှားချင်မှားမှာပေါ့။ သို့ပေမဲ့ သူတို့လုပ်ဆောင်ချက်က အဖွဲ့ချုပ်တခုလုံးကို ကိုယ်စားပြုနေတာ။ သူတို့ကို မှားတယ် ပြောမှတော့ အဖွဲ့ချုပ်တခုလုံး မှားတယ်လို့ ပြောတာနဲ့ ဘာထူးတော့မှာလဲ။ ဒီလိုတော့လည်း ဂုရုလေး မပြောရဲဘူး ထင်ပါရဲ့။ ဂုရုလေးက ဒေါ်စု, ဦးတင်ဦး နဲ့ ဦးဝင်းတင် တို့ မပါဘူးလို့ ဆိုတယ်လေ။ အဖွဲ့အစည်းတခုရဲ့ အမှုဆောင်အဖွဲ့က လူတွေကို အခုလို ခွဲခြားပြီး စီရင်ချက်ချလိုက်တဲ့ ဂုရုလေးရဲ့ မဟာပညာကို ရွှေချထားလိုက်ချင်သပ။ အကယ်၍များ ဒေါ်စုတို့က မျိုးချစ်ကြီးတွေ လုပ်တာမှန်တယ်လို့ ပြောလာခဲ့ရင် ဂုရုလေး ဘာများ ထပ်ပြောမလဲ ကြားချင်သေးသပ။
ဝေဖန်တယ်ဆိုတာ လွတ်လပ်စွာ ဝေဖန်လို့ရတာမို့ ကိုယ့်သဘောပေါ့လေ။ သို့သော် ကိုယ့်ဝေဖန်ချက်ကို ကာယကံရှင်တွေက ပြန်လည်ဆွေးနွေး ချေပနိုင်ဖို့ အခွင့်အလမ်း ရှိမရှိဆိုတာတော့ ဂုရုလေး ထည့်တွက်ဖို့ မေ့သွားတယ် ထင်ပါရဲ့။ ဂုရုလေးရဲ့ စာက ပြည်ပက ခေတ်ပြိုင်မှာ ပါလာတာနော်။ အကယ်၍ ဒီလို အရေးအသားမျိုး ပြည်တွင်းက မြန်မာ့အလင်းမှာ ပါလာရင် ဂုရုလေး ဘယ်လို သဘောထားမလဲ ကိုကြီးပေါ် သိချင်လိုက်ပါဘိ။
အနှစ်ချုပ်လိုက်တော့ ဂုရုကြီးက ဒိုင်ယာလော့ခ်ကို စွဲကိုင်တာ မိုက်မဲတယ်တဲ့။ ဆိုတော့ ဒေါ်စုက မိုက်မဲတယ်ပေါ့။ ဂုရုလေးက မျိုးချစ်ကြီးတွေ ညံ့တယ်တဲ့။ ဟုတ်ကဲ့… ဂုရုကြီး နဲ့ ဂုရုလေး တို့ရဲ့ အမိန့်တော်အရဆိုရင် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုက သုည ဖြစ်သွားပြီ။ အနာဂတ်မှာ ဘာအဖြေ ထွက်လာမလဲ စောင့်ကြည့်ကြပါစို့။
အဟဲ… ကိုကြီးပေါ်ကတော့ အနာဂတ် မြန်မာ့အရေး အဖြေထက် ဂုရုကြီး နဲ့ ဂုရုလေးကို ပေါင်းကြည့်လိုက်ရင် ထွက်လာမယ့် အဖြေကို ပိုစိတ်ဝင်စားမိတာပါပဲ ခင်ဗျာ။
ကိုကြီးပေါ်

Thursday, September 25, 2008

ဗုဒ္ဓနှင့်တွေ့ဆုံခြင်း(တင်မိုး)




ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရား ကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေ အကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စီ စူးရှတဲ့
ဒီလိုဥရောပမှာ
မင်းက ဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။

ကိုယ်တော် မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိ အမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ
ကိုယ်တော်က ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လဲ
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။

လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။

ဒီကောင်တွေက ဉာဏ်လည်းမရှိ
အမှန်လဲ မသိ
ကတိလဲ မတည်
အပလီ အမျိုးမျိုးနဲ့
အ၀ိစီအိုးကလဲ ပုတ်စော်နံ
နိုင်ငံကိုလဲ မလေးစား
ကလေးကလားစိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။

စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓားသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား။
ဗိုလ်နေ၀င်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။

ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေကက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓာန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။

ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း၊ ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။

မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ အချုပ်ကမတက်
ဒုက္ခဖက်ရရင်
မုချ မသက်မသာဖြစ်နေရမှာပါ။

တပည့်တော် ငပါမွှားက
တရားချတယ်မထင်ပါနဲ့
တိုင်းပြည်က ဒကာဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက် နေရင်းက
တရားပေါက်ရခြင်း ဖြစ်ပါတယ်။
ခွင့်လွှတ်တော်မူပါ
အရှင်ဘုရား…။ ။

တင်မိုး
(ဧပြီ ၁၂၊ ၂၀၀၀)

ဓမ္မနဲ့ အဓမ္မပြိုင်ပွဲ(ကိုသက်)


ဓမ္မနဲ့ အဓမ္မယှဉ်ပြိုင်
သူနိုင် ကိုယ်နိုင်ဆင်နွှဲ
သမိုင်းဝင်တဲ့ သည်ပွဲ...

တရားမျှတ
ဓမ္မရဲ့ ဘက်တော်သား
မေတ္တာသုတ်တော် အစဉ်ပွား...

မိတ်ဆွေရန်သူ လူခပ်သိမ်း
ငြိမ်းချမ်းစေတဲ့ လက်နက်
မေတ္တာဖျန်းပက် ဓမ္မစက်...

ဓမ္မကိုအန်တု
ရန်ပြုသူများ
အဓမ္မဘက်တော်သား...

တုတ်ဓားကိုဆောင်
သေအောင်လည်း သူတို့သတ်
ညစ်ပစ်သမျှ ကမ်းကုန်
အကြမ်းအရမ်း အစွမ်းကုန်...

သေနတ်ကိုင်မှ မိုက်ရဲ
သတ္တိခဲ စစ်သား
တုတ်ဓားတွေနဲ့ စွမ်းအားရှင်
မတရားသူတို့ အဖွဲ့ဝင်...

လူထုနဲ့ကျောင်းသား
သေနတ်ဖျားမှာ ကျဆုံး
ယူကြုံးမရ ဖြစ်ရတယ်...

သံဃာတော်အရှင်မြတ်
ဖြတ်လေးဖြတ်နဲ့ ဒင်းတို့သတ်
ဆွမ်းငတ်ကုန်ပြီ...

မေတ္တာပွားတဲ့ ရဟန်းတွေ
သေနတ်ဖျားမှာ ဇီဝိန်ကြွေ
သွေးစွန်းပေတဲ့ သင်္ကန်းစ
ကျောင်းသင်္ခမ်း အ၀မှာ...

လောကသစ္စာ
ဤလူ့ရွာဝယ်
အလှည့်ဆိုတာ ရှိသေးတယ်...

ရှင်နေမင်းကြီးတောင်
သုံးကျွန်းလင်းတဲ့ အခိုက်မှာ
တကျွန်းမိုက်ရသေးတယ်...

ကံကောင်းဆဲ ခဏကို
ထာဝရထင်လို့ မိုက်ကန်းရင်
ဇတ်သိမ်းခန်း လှပါ့မလား...

နောက်ဆုံးတနေ့မှာ
ဓမ္မဆိုတာ အောင်ရစမြဲ
ဇွဲမလျှော့နဲ့...။

(ကိုသက်)

Wednesday, September 24, 2008

သံမဏိလူသားနှင့် စကားစမြည် (မဇ္ဈိမ)

(ဦးဝင်းတင်နှင့် အင်တာဗျူး)
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 19:44 - မြန်မာစံတော်ချိန်

ထောင်အဝတ်အစား ဝတ်လျှက်နှင့် ထွက်လာခဲ့ပြီး မကြာမကြာ ဝတ်ဆင်လိုသူ။ စစ်အစိုးရက တောင်းဆိုခဲ့သော တုပ်နှောင် ကတိခံဝန်ချက်ကို လက်မှတ် မထိုးလိုသူ၊ သက်ရွယ်ကြီး နာမကျန်း ဖြစ်သောကြောင့် ထောင်က ထွက်လာရသည် ဆိုခြင်းကို မလိုလားဘဲ လွတ်သင့်လို့ လွတ်လာရခြင်း အဖြစ်သာ လိုလားခဲ့သည့်သူ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်အစိုးရက အငြိုးထား ၁၉ နှစ်ကျော် ထောင်တွင်းအကျဉ်းချထားခံသူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ သတင်းစာနယ်ဇင်းအပေါ် အမြင်တစိတ်တဒေသ၊ ပုဂ္ဂလိက ခံစားချက်တချို့နှင့် နိုင်ငံရေးအမြင်တို့ကို မဇ္ဈိမသတင်းထောက် ဖနိဒါက တယ်လီဖုန်းမှတဆင့် မေးမြန်းထားသည်။

ဘဘ နေကောင်းရဲ့လား။

ကျန်းကျန်းမာမာ ရှိပါတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာတယ်လို့ ထင်နေတုန်းဘဲ၊ အသက်ကြီးတော့ဆိုတော့ နည်းနည်းကတော့ ယိုင်လာပြီပေါ့၊ ခွဲထားတာကတော့ တခါတခါ နာကျင်တာတော့ ရှိတယ်။ ထောင်ထဲက ဆရာဝန်က မျက်လုံး ခွဲရမယ် ပြောတယ်၊ ဒါပေမဲ့ ထောင်ထဲမှာတုနုးက အို နာ ကျိုး ကန်း စီမံချက်တဲ့။ အသက်ကြီးခြင်း အကြောင်းပြပြီးတော့ လွှတ်မယ်လို့ ပြောလို့ မခွဲဘူး ပြောလိုက်တယ်၊ ငြင်းလိုက်တယ်၊ ခုတော့ အပြင်ရောက်လာတော့ ခွဲစိတ်ရမယ်။

ခုလို လွတ်ပေးတာကိုရော ဘဘ ဘယ်လိုမြင်လဲ။

ခုလွတ်လာတာကို ဘယ်လိုမြင်လဲ ဆိုတဲ့အခါကြတော့ ဘဘက လွတ်ကို လွတ်ရမဲ့ဟာ။ ရှင်းရှင်းပြောရရင် သူတို့ကို ကျနော်တို့က ပြန်တရားစွဲလို့တောင် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘက နှစ် ၂ဝ ကျတာကိုး၊ ထောင်မှာ ဥပဒေစည်းကမ်း အတိုင်းဆိုရင် လွန်ခဲ့တဲ့ လေး ငါးနှစ်ကနေ ၁၆ နှစ်မှ လွတ်ရမှာ အခု ပြန်ထည့်ထားတဲ့အတွက် မနေ့က လက်မခံဘူး၊ သူတို့ကို ဆန့်ကျင် ကန့်ကွက်တဲ့ ထောင်အဝတ်အစားနဲ့ ထွက်လာတယ်။

ဘဘကိုလွတ်တာ ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်ပေးရမဲ့ အချိန်မှာ မလွတ်ပေးဘဲထားတဲ့ လူတယောက်ကို သူတို့အခု ဝါဒဖြန့်တဲ့ စီမံချက် (၄ဝ၁) လွတ်တာ ဘဘက အဲအတိုင်း မထွက်နိုင်ဘူး။ အဲဒါကို ဘဘက လက်မခံနိုင်ဘူး။ ဘာကြောင့်လည်း ဆိုတော့ တနှစ်ကို လျော့ရက် ၃ လ လောက်ရတယ်။ ထောင်ထဲမှာ ရှိတယ်၊ ၂ဝ နှစ်ဆိုရင် ၁၆ နှစ်ကျော်ကျော် ဆိုရင် လွတ်ပြီ။ ခု ဘဘနေခဲ့တာ ၁၉နှစ် နဲ့ ၃လ နေခဲ့ရတယ်၊ အဲဒါ လွတ်ချိန်တန်လို့ လွတ်ပေးတာ ဟုတ်တယ်၊ ရိုးရိုးတန်းတန်း မလွတ်ဘဲနဲ့ သူတို့ စီမံချက်ထဲမှ ထည့်တယ်၊ ဘဘ လက်မခံလို့ မနေ့က တော်တော်လည်း ငြင်းခုံခဲ့တာပဲ။

ဘဘက လျော့စရာ မလိုတော့ဘူး၊ သူတို့ထဲမှာ ပိုတောင် နေနေတာ မထွက်ဘူးပေါ့၊ နိုင်ငံရေး အကျဉ်းသား တဦးအနေနဲ့ပဲ ထွက်မယ်၊ ဘဘတို့ တောင်းဆိုချက်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေး၊ လွတ်တော်ခေါ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဒီတောင်းဆိုချက်ပဲ၊ တစ်က နိုင်ငံရေးအကျဉ်းသား လွတ်ပေးရေးမှာ အကျုံးဝင်တယ်၊ ပြစ်ဒဏ် လျော့ပေါ့ဆိုရင် မထွက်ဘူး လုပ်တာ၊ ကျုပ် ဘာပစ္စည်းမှ မယူဘူး၊ အဲဒီအတိုင်း မလွတ်ပေးဘူးဆိုရင် ခင်ဗျားတို့ ထောင်ကနေ မထွက်ဘူးဆိုတာ ပြမယ်။ အင်္ကျီအပြာဝတ်ကို မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ ရေမချိုး၊ ထမင်းမစားရဘူး၊ ဒီမနက်တော့ လျော်ထားတယ်။ မကြာမကြာ ဝတ်ရမယ်။

သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့ ဘဘ အခုအချိန်မှာ ဘယ်လိုမြင်လဲ။

စာနယ်ဇင်နဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းတွေရဲ့ အလုပ်ဆိုတာ သတင်းစာ၊ ဂျာနယ်ဆိုတာက ငယ်ရွယ်တဲ့အချိန် လုပ်ရတာ၊ အချိန်တွေ အများကြီးပေးပြီး လုပ်ရတယ်၊ အာရုံအများကြီး စိုက်ရတယ်။ ဆိုလိုတာက ဘဘက ၁၉ နှစ် ကတည်းကနေ လုပ်ခဲ့တာ၊ ဘဘတို့တုန်းက တရက်ကို ၁၅ နာရီ အထက်မှာ အလုပ်လုပ်တယ်။ တခါတလေဆို မနက် ၇ နာရီကနေ ည ၁၂ နာရီထိ လုပ်ရတယ်၊ အခု ပြန်စဉ်းစားတော့ သမီးမေးတဲ့ မေးခွန်းနဲ့ ဘဘ professional နဲ့ ဘဘငယ်ငယ်ကတည်းက လုပ်ခဲ့တဲ့အတွက် သတင်းစာပဲ အားသန်တုန်းပဲ၊ အသက်ကကြီးလာတော့ မလုပ်နိုင်တော့ဘူးလို့ ထင်တယ်လေ၊ ကြုံရင်တော့ ဆောင်းပါးလေး ဘာလေး ရေးတာလေးတော့ ရှိမှာပါ။ ဘဘတို့ ခေတ်ကုန်ပြီလို့ ထင်တယ်။ သမီးတို့ ဆက်လုပ်ကြတာကို အားပေးပါတယ်။

ထောင်ထဲမှာ နေတုန်း၊ အပြင်က အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားရလဲ။

ဘဘကို ၁၉ နှစ် ၃ လလုံး တယောက်တည်း ပိတ်ထားတာ၊ တချိန်လုံး Solitary confinement (တိုက်ပိတ်ထားခြင်း) ထဲမှာ ထည့်ထားတော့ တခါတလေ အကျဉ်းသားတွေနဲ့ ခိုးတွေ့၊ တခါတလေ အကျဉ်းသားတွေက ဘဘကို အခန်းရှေ့ လာပြီးတော့ လာခိုးတွေ့ စကားလေး ဘာလည်းပြော၊ အဲသလောက်ပဲ ရှိတာ၊ တမိနစ် နှစ်မိနစ်ပေါ့နော်။ ဒါပေမဲ့ ဘဘက သူတို့ကို မကြောက်ဘူး၊ သူတို့လဲ ဂရုမထားဘူး။ ဘဘအိမ်ကနေ လာပြီးတော့ ထောင်ဝင်စာ လာတွေ့ရတဲ့ သူတွေကို ဘဘက သတင်းမေးတယ်။ သဘောထား၊ နိုင်ငံရေးတွေကို မေးတာပဲ။ ထောင်ဝင်စာမှာ ပြောလို့ ရသလောက်ပဲ ဘဘသိခဲ့တယ်၊ နောက်ပိုင်းမှာ လွန်ခဲ့တဲ့ အစိုးရ သတင်းစာတွေ၊ တနှစ်လောက်က စပြီးတော့ ဂျာနယ်တွေ ဖတ်ရတော့ နည်းနည်းတော့ နိုင်ငံရေး အခြေအနေ သိလာတယ်။

ဆန္ဒခံယူပွဲကိစ္စတွေတော့ ကြားရတယ်၊ ဒီ Constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့ ပတ်သက်ပြီးတော့ သမီးတို့ အရွယ်က ကြုံရအုံးမှာ မဟုတ်ဘူး။ ဘဘတို့က ကြုံခဲ့ဘူးတာ နှစ်ခါရှိပြီ။ ၁၉၇၄ တုန်းကလဲ တခါလုပ်ခဲ့ဖူးပြီ။ သူတို့လုပ်ချင်တာ လုပ်ခဲ့တာပဲ၊ မဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်တပ်တို့ ဆန္ဒခံယူပွဲက လွတ်လပ်တဲ့ သဘောထားတွေ တွေ့မြင်ရတာ မဟုတ်ဘူး။ သူတို့ခိုင်းတာ သူတို့ ချပေးတာပဲ လုပ်ရမယ်။ ဘဘတို့က သူတို့ ပထမ ပုံဏ္ဍန်အရ အရ ဘဘတို့ လက်မခံနိုင်ဘူး။ ဒုတိယ အချက်အနနဲ့ အနှစ်သာရအပိုင်း အရဆိုတာလည်း လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတော့ ဆန္ဒခံယူပွဲ ဆိုတာဟာ တပ်မတော်ကနေပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍ ပါမယ် ဆိုတဲ့ စစ်အာဏာရှင် ယန္တရားကြီးရဲ့ တိုင်းပြည်ပေါ်မှာ ဖိစီးမှု လွမ်းမိုးမှု အဲဒါကို လက်မခံတဲ့အတွက် ဒီဆန္ဒခံယူပွဲကို လက်မခံဘူး။

ထောင်ထဲမှာ ရှိနေတုန်း ဘဘရဲ့ ထူးခြားတဲ့ အတွေ့အကြုံကို ပြောပြပါ။

အတွေ့အကြုံကတော့ သိပ်မရှိဘူး၊ ခုနကပြောသလို နှစ်ပေါင်း နှစ် ၂ဝ လောက်ထိ (Solitary confinement) ထဲ့ထားတာ၊ နာဂစ်ဖြစ်တဲ့နောက်မှ တနေ့ကို ၂ နာရီ ၃ နာရီ လောက်ဘဲ ဖွင့်ပေးတယ်၊ ကျန်တဲ့အချိန် ပိတ်ထားတယ်။ တနေ့ နေဝင်တာ နေထွက်တာ လာပေးတဲ့ ထမင်းကို စားလိုက်၊ အိပ်လိုက်ပဲဆိုတော့ ထူးထူးခြားခြား မရှိဘူး၊ တခုတော့ ရှိတယ်။ စာအုပ်တွေ ဆောင်းပါးတွေ ဖတ်နိုင်တယ်၊ ဒီလောက်ပဲ ရှိတယ်။

အခုလို ဘဘထွက်လာတဲ့အခါမှာ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားရလဲ။

အပြောင်းအလဲတွေကတော့ အတော် ပြောင်းလဲသွားတယ်။ အလွန့်ကို ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ တချို့ဆို ဘဘနားမလည်ဘူး၊ လိုက်ကို မလိုက်နိုင်ဘူး၊ မသိဘူး၊ တခြား မပြောနဲ့ သမီးနဲ့ ပြောနေတဲ့ တယ်လီဖုန်းကို ဘဘတို့က အရင်တုန်းက မမြင်ဖူးဘူး။ ဘဘ ထောင်ထဲဝင်တဲ့အချိန် ဒီ မိုဘိုင်းလ်ဖုန်းတွေ မပေါ်သေးဘူးကိုး။ နိုင်ငံခြားကနေ ဖုန်းဆက်တယ်ဆိုတာ မပြောနဲ့တော့ ရန်ကုန်ထဲမှာတောင်မှ ကန်တော့ပါ လိပ်ခေါင်း ထွက်အောင်ခေါ်ပြီး လုပ်ရတဲ့ အခြေအနေမျိုး ရှိခဲ့တယ်။ ဒီလို Technology (နည်းပညာ) တွေ၊ ပစ္စည်းတွေ၊ ပတ်ဝန်းကျင် တိုက်တာ အဆောက်အအုံတွေ၊ အရမ်းကို အလွန်ကြီးမားတဲ့ ပြောင်းလဲသွားတယ်။ တခါ လူတွေရဲ့ ဆင်းရဲတယ် ခေါ်မလား၊ ချမ်းသားတယ် ခေါ်မလား၊ ဝတ်စားဆင်ယင်တာတွေ၊ အလုပ်လုပ်ရတဲ့ ရုံးကန်ရမှုတွေ အများကြီး ပြောင်းလဲသွားတယ်။

ဒါပေမဲ့ မပြောင်းလဲတာက ဘဘတို့ ဝင်သွားတဲ့ အချိန်မှာလဲဘဲ စစ်အစိုးရဆိုတဲ့ စစ်အာဏာ ယန္တရားကြီးက တိုင်းပြည်ပေါ်မှာ လွမ်းမိုးပြီးတော့ သူတို့ ခြယ်လှယ်တာ၊ ချုပ်ချယ်တာ၊ ချပေးတာကိုပဲ ခိုင်းစေနေတာတွေကိုပဲ လိုက်လုပ်နေရတယ်။ အဲဒီအချိန် ဘဘတို့က မြန်မာပြည်ကြီးဟာ ထောင်ကျပြီးလို့ ခံစားခဲ့တာ၊ နောက်ကျတော့ ကိုယ်ကိုတိုင် ထောင်ကျသွားတာပဲ၊ နှစ် ၂ဝ လောက် ထောင်ကျပြီး ထွက်လာတဲ့ အခါကြတော့ မြန်မာပြည်ကြီးဟာ ဒီအတိုင်းပဲ စစ်အာဏာ ယန္တယားကြီးက ဒီအတိုင်း လွမ်းမိုးနေတုန်းပဲ၊ ဘာမှ မထူးဘူး၊ ၈၈ မတိုင်ခင်၊ ၈၈ ပြီးတော့ ဒီအတိုင်းပဲ ခုထိ မပြောင်းလဲဘူး။ မထူးဘူးလို့ အကျဉ်းချုပ် ပြောလို့ရမယ်။

ရှေ့ဆက်ပြီး ဖြစ်လာမယ့် နိုင်ငံရေး ဦးတည်ချက် အနေအထားကိုကော ဘယ်လိုသုံးသပ် ဆုံးဖြတ်ထားပါသလဲ။

ဘဘက နိုင်ငံရေး ဦးတည်ချက်နဲ့ ပတ်သက်ပြီး များများ ပြောစရာမရှိဘူး၊ သမီးတို့ သိမှာပဲ သတင်းစာသမားပဲ သတင်းစာလောက်ပဲ လုပ်ခဲ့တာ၊ အန်အယ်လ်ဒီ ပါတီမှာက ၉ လပဲ လုပ်ခဲ့တာပါ၊ ဘဘက နိုင်ငံရေး လုပ်တတ်ခါစပဲ ရှိတာ၊ ခုထောင်ကျတာ ၁၉ နှစ်တောင် ရှိသွားတော့၊ သိပ်နားမလည်တာလဲ ပါမယ်ပေါ့၊ သို့သော် ဘဘက ပြောချင်လဲ ဆိုတော့ ဘဘလုပ်ခဲ့တဲ့အချိန်၊ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ ဒီတလျှောက်လုံးမှာ တိုင်းပြည်ဟာ ဒီမိုကရေစီဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ့၊ စစ်တပ်က ပေးတဲ့ ဒီမိုကရေစီ မဟုတ်ဘူး၊ ယူနီဖောင်း ဝတ်ထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ ဘီလူးခေါင်း ဆောင်းထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ လူသားမျက်နှာ ဆောင်းထားတဲ့ ဒီမိုကရေစီအတွက် လုပ်နေတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာပဲ၊ ပြောရရင် မြန်မာပြည်မှာ အတိုင်းအတာ တခုရတဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ထွန်းကားရေးအတွက် လုပ်တတ်တလောက်၊ လုပ်စွမ်းတလောက် လုပ်သွားရမှာပဲ။

အခုလို ထောင်ကနေ ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

သိပ်ခံစားမိတာတော့ မရှိဘူး၊ ဒီလိုပြောရမယ် ထင်တယ်၊ အတိုဆုံးနဲ့ အနှစ်ချုပ် ပြောရမယ်ဆိုရင် ထောင်ထဲမှာ လူတွေ အများကြီး သေခဲ့တယ်။ အန်အယ်ဒီတွေ။ ဦးသောက၊ ဦးခင်မောင်ဝင်းတို့၊ လူငယ်ကျောင်းသား မောင်မောင်လေး၊ အများကြီး သေခဲ့တယ်။ နောက်ပိုင်းမှာလည်း ထောင်ထဲက ဒဏ်နဲ့ အပြင်မှာ ဦးကျော်မင်း၊ ရဲဘော် ဦးတင်ရွှေတို့ သေခဲ့တယ်။ အလားတူပဲ အခြားအဖွဲ့မှ ဦးခင်မောင်မြင့်တို့ ဒီလိုလူတွေ သေခဲ့တယ်၊ လူတွေ အကုန်လုံးက ဘဝတွေ ပျက်ခဲ့ကြတယ်။ ဒုက္ခတွေ ရောက်ခဲ့ကြတယ်။ ဒီအရေးတော်ပုံအတွက် အများကြီး လုပ်ခဲ့ကြတယ်။ ခုထိ ဆက်ပြီးခံနေရတယ်။ ဥပမာ မင်းကိုနိုင်၊ ကိုဇာဂနာတို့ အထဲမှာ ရောက်နေတယ်။ ဘဘနဲ့တောင် မတွေ့ခဲ့ရဘူး။ အဲတော့ အဲဒီလို သေခဲ့တဲ့လူတွေ၊ အနစ်နာ ခံခဲ့ရတဲ့ သူတွေ အခုထက်ထိ ဆက်ပြီး တိုက်ပွဲ ဝင်နေတယ်။ ဒီလူတွေ အားလုံးကို ဘဘ ထွက်လာတဲ့ အခါကြတော့ ဒီလူတွေကို ထောင်ထဲမှာ ကျန်ခဲ့တယ်လို့ ဘဘ သဘောမထားဘူး၊ ဘဘနဲ့ တပါတည်း ကိုယ့်ရဲဘော်တွေပဲ မပါလာနိုင်လို့သာ သူတို့လိုဘဲ ဘဘ ခံစားနေရတယ်လို့ အဲလိုပဲ ဘဘခံစားရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ချင်တာ မဖြစ်ဘူးလား။

အဲဒါကတော့ သမီးတို့က အစိုးရကို ဒေါ်စုကို အမြန်လွတ်ပေးပါ ပြောမှ ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုက ထောင်မလွတ်သေးဘူးဆိုတော့ မဖြစ်နိုင်သေးဘူး။ တွေ့ဆုံရမှာပေါ၊ တွေ့တဲ့အခါ နှစ်ပိုင်းရှိမယ်။ နိုင်ငံရေးအရ တွေ့ရမယ်။ ပုဂိုလ်ရေးရအရ တွေ့ရမယ်၊ ဒီလောက် အနစ်နာခံတဲ့လူ၊ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကို ဂါရဝ ပြုရမှာပဲ။ ဒီပုံစံ နှစ်ခုနဲ့တော့ တွေ့ရမှာပဲ။

ပြည်တွင်းနဲ့ ပြည်ပတွေမှာရော မီဒီယာ လွတ်လပ်ခွင့်ကို ဘယ်လို မြင်ပါသလဲ။ တခြား နိုင်ငံတွေနဲ့ ဘယ်လို ကွာဟမှုရှိလဲ။

နှစ်ပေါင်း လေးဆယ်ကျော် ခုထိပဲ၊ မြန်မာပြည်မှာ ဂျာနယ်မှာ ဆောင်းပါးတွေ အများကြီးပဲ၊ ဒါတွေက စာရွက် အဖြူပေါ်မှာ အနက်တင်ခွင့် ရတာပဲရှိတယ်၊ လွတ်လပ်မှု မရှိသေးဘူး။ စာရေးဆရာတွေကို မေးလိုက်ရင်လည်း မရှိဘူးလို့ ပြောမှာပဲ။

ကွာဟမှုကတော့ ရှိပါတယ်၊ အခုမှ တွေ့ရသလောက် အခြားမပြောနဲ့ ကမ္ဘောဒီးယား နိုင်ငံမှာတောင် ကိုယ်ပိုင် အင်္ဂလိပ် သတင်းစာတွေ ထုတ်နေတယ်။ မြန်မာပြည်မှာက အစိုးရသတင်းစာ တစောင်ပဲ ထွက်တယ်၊ အာဖရိကန်၊ တောင်အမေရိက၊ ဥရောပတော့ မပြောနဲ့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်။ မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ရောက်နေတယ်။ လုပ်ကိုင်နေတဲ့ လူတွေကို မစာနာလို့ မလေးစားလို့ ပြောတာ မဟုတ်ဘူး။ သူတို့ရေးထားတာ ရီစရာ ကောင်းနေတယ်။ သူတို့လည်း ပေးတာလုပ်၊ အယ်ဒီတာက ဗမာစာ အရေးအသားတောင် မမှန်ဘူး ဖြစ်နေတယ်။ ဘဘမြင်တာကတော့ ကိုယ်လည်း ဒီထဲရောက်ခဲ့ဖူးတာပဲ၊ သူတို့ခိုင်းတာ လုပ်ခဲ့တာပဲ၊ သူတို့က မျက်နှာဖုံး ထည့်ပါဆိုရင် ဘဘက နောက်မှာ ထည့်တာတို့ လုပ်ခဲ့တယ်။ အဲဒီတော့ အနှပ်ချုပ်လိုက်ရင် တစ် ပုံသဏ္ဍာန်အရ တော်တော်လည်း ချွတ်ချော်ပါတယ်။ နှစ် အကြောင်းအရာကလည်း ရယ်စရာလို ဖြစ်နေပါတယ်။ တတိယအနေနဲ့ ရုံးကန်မှု လျော့ပါး၊ အားနည်းနေပါတယ် ပြောချင်ပါတယ်။

မီဒီယာသမားတွေနဲ့ ဒီမိုကရေစီ ကြိုးပမ်းနေသူတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ပြောစရာတော့ မီဒီယာအတွက် ပြောပိုင်ခွင့် မရှိတော့ဘူး။ ဘဘ အသက်အရွယ်က လူငယ်တွေ လုပ်နိုင်သလောက် ကိုယ်က မလုပ်နိုင်တော့ဘူး။ လူငယ်တွေ မြင်သလိုလည်း မမြင်တာကို ပါတဲ့အခါကြတော့၊ ကောင်းတယ် ဆိုးတယ် မပြောလိုတော့ဘူး။ သို့သော် ပြောချင်တာတခုက မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ မရှိမဖြစ်တဲ့ ရှင်းရှင်းပြောရရင် မြန်မာသမိုင်း တခုလုံးရဲ့ အသက်သွေးကြောတခုပဲ ၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ဆိုတာက တိုင်းပြည်အတွက် အရေးပါတယ်။ ဒါတွေ ရေးပြီဆိုရင် စိတ်"ါတ်ပိုင်း ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာ၊ အတတ်ပညာပိုင်း ဆိုင်ရာလည်း တာဝန် အလွန်ကြီးပါတယ်၊ အဲဒါကြောင့် တတ်နိုင်တမျှ ရုန်းကန်ပါ၊ လှုပ်ရှားပါ အဲဒီလိုပဲ ပြောချင်ပါတယ်။

ဒီမိုကရေစီ လုပ်ရှားနေသူတွေကိုလည်း ဘဘက နိုင်ငံရေးအရ ပါတီမှာ ၉ လ ပဲ နေရတာပါ။ အတွေအကြုံရင့်တဲ့လူတွေ ထက်စာရင် နုပါတယ်။ ပြောချင်တာ တခုက ကျနော်တို့ ဒီအချိန်ဟာ စစ်အာဏာရှင် ယန္တရားကြီးဟာ လမ်းကြိတ်သလို ဆက်ပြီး ကြိတ်နေတုန်းပါ။ အဲဒါကြောင့် နိုင်ငံရေးသမားတွေ အားလုံး တတ်နိုင်သမျှ ညှိနိုင်လို့ရတဲ့ သူတွေ ညှိနှိုင်းပြီး တူတာတွေ တွဲလုပ်၊ မတူတာတွ ခွဲလုပ်ပြီးတော့ လုပ်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ဒီမိုကရေစီရဖို့အတွက် ဦးတည်ပြီးတော့ လုပ်သွားကြပါလို့ တောင်းပန်လိုက်ပါတယ်။

အနှစ် (၂၀) နိုင်ငံရေးအကျဉ်းသား သတင်းစာဆရာကြီး ဦးဝင်းတင်လွတ်ပြီ(ခေတ်ပြိုင်မှ)


ပီတာအောင်/ ၂၃ စက်တင်ဘာ ၂၀၀၈။ ။

အင်းစိန်ထောင်၌ အကျဉ်းကျခံနေရသည်မှာ (၁၉) နှစ်ကျော်ရှိနေပြီဖြစ်သည့် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ယနေ့ ညနေပိုင်းတွင် စစ်အစိုးရက ထောင်မှ ပြန်လွှတ်ပေး လိုက်သည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ထောင်မှ လွတ်လွတ်ချင်း ဆရာ ဦးဝင်းတင်ပြောသည့်စကားမှာ “မြန်မာနိုင်ငံ ဒီမိုကရေစီ ရတဲ့အထိ ကျနော် ဆက်လက် တိုက်ပွဲဝင်သွားမယ်” ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဦးဝင်းတင်၏ အရင်းနှီးဆုံးမိတ်ဆွေ ဦးမောင်မောင်ခင်၏ သားဖြစ်သူက “ဒီနေ့ ညနေ (၄) နာရီခွဲလောက်မှာ အိမ်ကိုပြန် ရောက်လာပါတယ်။ ကျန်းကျန်းမာမာပါပဲ။ အိမ်မှာ ဧည့်သည်တွေရော၊ သတင်းထောက်တွေရော အများကြီးပဲ ဦးဝင်း တင်ကို ၀ိုင်းမေးနေကြတယ်” ဟု ပြောသည်။

အကျဉ်းသား (၉,၀၀၂) ဦးအား ၂၀၁၀ ရွေးကောက်ပွဲတွင် အများပြည်သူတို့နှင့်အတူ နိုင်ငံတော်အကျိုးကို ထမ်းရွက် သွားနိုင်စေရန် ပြန်လွှတ်ပေးလိုက်ကြောင်း ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ကြေညာခဲ့ပြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့ ယနေ့ပြန်လွှတ်မည်ဟု ယနေ့ နံနက်ပိုင်းကတည်းက သတင်းထွက်နေခဲ့ရာမှ ညနေပိုင်း၌ ဦးဝင်းတင် ပြန်လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးဝင်းတင်သည် ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၉ ခု ဇူလိုင် (၄) ရက်တွင် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ လွတ်ရက်စေ့ကာနီး ၁၉၉၂ မတ်လတွင် ထောင်ဒဏ် (၁၀) နှစ် ထပ်မံချခံရပြီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ထံ စာရေးတိုင်ကြားမှုဖြင့် ၁၉၉၆ မတ်လ၌ နောက်ထပ် ထောင်ဒဏ် (၇) နှစ် ထပ်ဆင့် ချမှတ်ခံခဲ့ရသည်။

အသက် (၇၉) နှစ်ရှိပြီဖြစ်သည့် ဦးဝင်းတင်သည် အကျဉ်းထောင်တွင်း၌ သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် အရိုးကျီးပေါင်းတက် ဝေဒနာများ ခံစားနေရပြီး ပြီးခဲ့သည့် ဇူလိုင်လက ထောင်သက်တမ်း (၁၉) နှစ်ပြည့်ပြီဖြစ်ကာ သက်တမ်းကျော်လွန်ပြီး ဖမ်းဆီးခံထားရသည့် နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

နိုင်ငံရေးမလုပ်တော့ပါဟု ခံဝန်ချက်ကတိ လက်မှတ်ရေးထိုးလျှင် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ဦးဝင်းတင်က ထိုကမ်းလှမ်းချက်ကို တောက်လျှောက်ပယ်ချခဲ့သည်။ ၂၀၀၅ ဇူလိုင်လတွင် အာဏာပိုင်များက ဦးဝင်းတင်ကို ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ပြီး အင်းစိန်ထောင်ဗူးဝသို့ ရောက်ရှိပြီးကာမှ ထောင်မှူးက ပြန်ခေါ်ဆောင်ကာ ပြန်လည် အကျဉ်းချထားခြင်း ခံခဲ့ရသည်။

လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် ဦးဝင်းတင်၏ ဆောင်ရွက်ချက်များကြောင့် ၂၀၀၁ ခုတွင် ယူနက်စကိုက ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု၊ ကမ္ဘာ့သတင်းစာများအသင်းက လွတ်လပ်ခွင့် ရွှေကလောင်ဆုနှင့် ၂၀၀၆ ခုတွင် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က သတင်းသမားဆု ချီးမြှင့်ခဲ့သည်။

Tuesday, September 23, 2008

နာဂါအိခန်းဂျိ၏ ဗိဒီယိုတိတ်ခွေရှိကြောင်း လိမ်လည်ပြောဆိုငွေတောင်းသူ မြန်မာတဦးဖမ်းဆီးခံရ





ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာသပိတ်ရွှေဝါရောင်အရေးတော်ပုံအတွင်း မြန်မာစစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံရသော ဂျပန်သတင်းထောက်nagai kenji ၏ နောက်ဆုံးအချိန်ထိရိုက်ယူထားသောဗီဒီယိုကင်မရာတိတ်ခွေ ၎င်းတွင်ရှိကြောင်း လိမ်လည်ပြောဆိုငွေတောင်းမှုဖြင့် တိုကျိုမြို့ Katsushika ရပ်ကွက်နေ မောင်ဝင်းမင်းထွန်းဆိုသူအား ဂျပန်ရဲအဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း ဂျပန်တီဗွီသတင်းဌာနများမှ ယနေ့နေ့လယ်သတင်းတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။
အသက်(၃၁)နှစ်ရှိသူ မောင်ဝင်းမင်းထွန်းဆိုသူသည် ဂျပန်သတင်းထောက်nagai kenji အလုပ်လုပ်သော APF tsuu shin သတင်းဌာန ရှိ လူနှင့် ကော်ဖီဆိုင်တဆိုင်တွင်တွေ့ဆုံ၍ ဗီဒီယိုတိတ်ခွေပြန်လည်ရရှိရန် ငွေလိုအပ်သည်ဟုဆိုပြီး ဂျပန်ယန်းငွေ သောင်း (၅၀) ပေးရန်အတင်းအကြပ်တောင်းခံပြောဆိုခဲ့ပါသည်။

ဖမ်းဆီးခံရသူ မောင်ဝင်းမင်းထွန်းဆိုသူသည် ဂျပန်နိုင်ငံသို့ရောက်သည်လာသည်မှာ သိပ်မကြာသေးကြောင်းသိရှိရပြီး၊ အလုပ်အကိုင်အတည်တကျလုပ်ကိုင်နေခြင်းမရှိကြောင်းနှင့် သူ့လက်ထဲတွင် နာဂါးအိခန်းဂျိ၏ ဗီဒီယိုတိတ်ခွေလက်ဝယ်မရှိဘဲ လိမ်လည်၍ငွေညစ်တောင်းသည့်အမှုဖြင့် ဂျပန်ရဲမှ အမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသူများက မောင်ဝင်းမင်းထွန်းဆိုသူကို နအဖဆန့်ကျင်ရေးဆန့်ရေးဆန္ဒပြပွဲများတွင် မမြင်တွေ့ဖူးကြောင်းနှင့်၊ မြန်မာ့ဒီမိုကရေစီလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများတွင်လည်း ၀င်ရောက်လုပ်ဆောင်နေသူမဟုတ်ကြောင်း၊ ယခုအချိန်တွင် ဂျပန်နိုင်ငံသို့ ဗီဇာပုံစံအမျိုးမျိုးဖြင့် နအဖလူများဂျပန်နိုင်ငံသို့တဖွဲဖွဲရောက်ရှိနေပြီး၊ တိုကျိုမြို့အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ အားနံမည်ပျက်သိက္ခာကျအောင် နအဖ၏ ဘက်တော်သားများက တမင်အကြံအစည်သက်သက်ဖြင့် လှုပ်ဆောင်သည့်ကိစ္စဖြစ်ကြောင်း ဝေဖန်ပြောကြားသည့်အသံများလည်း ကြားသိရပါသည်။

သတင်းတင်ဆက်သူ-သန်းထွဋ်(ဒေါင်းမာန်ဟုန်)
ကိုးကား-ဂျပန်တီဗွီသတင်းဌာနများမှ

အမှတ်တရစာမျက်နှာများ


(၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလထုတ် သင့်ဘ၀မဂ္ဂဇင်းတွင် ဖန်တီးသူအကြိုက်ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့သော ဆရာတင်မိုး၏ဓါတ်ပုံနှင့်ကဗျာများကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ကဗျာဆရာလက်ကိုင်ထားသည်က လူဝါဒ။
ကဗျာ၏ဟန်ပန်လေသံက ကျေးလက်ဆန်ဆန် လူထုဟန်။
အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကိုရည်ရွယ်၍ ကဗျာရေးသည်ဆို၏။
မည်၍မည်မျှထင်ဟပ်နိုင်သည်၊ စွမ်းဆောင်နိုင်သည်မသိ။
၄၅ နှစ် ကဗျာသက်တမ်းရှိသော်လည်း မိမိကဗျာကို မိမိအားမရ။
ကဗျာဆရာစိတ်ကြိုက်လည်း ဟုတ်ကောင်းမှဟုတ်မည်။ ဖတ်ကြည့်ပေါ့...။
(တင်မိုး)

တစ္ဆေဖြူ

မီးခိုးတွေဖြူ
လူတွေလား ဂူတွေလား။
လှိုင်းတထောင် ဗျိုင်းတောင်ခတ်
ကမ်းစပ်ကိုသွား။

တင်မိုး
(ရန်ကုန်တက္ကသိုလ် မြန်မာစာနောက်ဆုံးနှစ် နှုတ်ဆက်ကဗျာစာအုပ်မှ)

ရှင်မရွာပြန်

တို့တနောင်းပင်၊ ပျို့မောင်းစင်သို့
ရှင်မပြန်မှ ပြန်ပါစ။

ကြက်တက်ရွက်သုပ်၊ လက်ဖက်ကြုတ်နှင့်
ဆွမ်းအုပ်ပို့မှ ပို့ပါစ။

ကင်းပုံးသီးချူ၊ ဆီးဖြူသီးဆွတ်
သခွပ်ပင်ရင်း၊ ခြေလက်ခင်း၍
သီချင်းဆိုမှ ဆိုပါစ။

ရှင်မရုပ်သွင်၊ ဘူတာစဉ်၌
ဝင်ချည်ထွက်ချည်၊ မြင်လိုက်သည်တဲ့။

ငါးပိတစ်ခြင်း၊ ဆန်တစ်တင်းနှင့်
သင်္ဘောဆိပ်နား၊ ဂိုဒေါင်းကြား၌
သွားချည်လာချည်၊ မြင်လိုက်သည်တဲ့။

ခံတောင်းတခြား၊ လူတခြားနှင့်
လူကြားငုတ်တုတ်၊ မျက်ရည်သုတ်လျက်
အချုပ်ခန်းတွင်း၊ ဂတ်တဲဝင်း၌
ဆင်းချည်တက်ချည်၊ မြင်လိုက်သည်တဲ့။

ထနောင်းမသင်း၊ မောင်းမနင်း၍
ရောင်းရင်းတို့ရွာ၊ ပျင်းတော့မှာဟု
အရုဏ်တက်တွင်၊ ရွာကိုဝင်သော်
ရွာလျှင် ရှင်မ တွေ့ပါစ။
(တင်မိုး)

မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ လုပ်ဆောင်မှုသတင်းမှတ်တမ်း

လက်ရှိမြန်မာပြည်အခြေအနေနှင့် ဂျပန်ရောက်ဒုက္ခသည်လျှောက်ထားသူတို့
တွေ့ကြုံခံစားနေရသည့်အကြောင်းများကို ရှင်းလင်းပြောကြား



ဒုက္ခသည်လျှောက်ထားသူများကိုကူညီပံ့ပိုးပေးနေသည့် ဂျပန်အန်ပီအို(non profit organizations)အဖွဲ့တခု ဖြစ်သော Hojin Erubuအဖွဲ့မှ မိုးသောက်ကြယ်စာကြည့်အဖွဲ့သားများကိုဖိတ်ကြား၍ လက်ရှိမြန်မာပြည် အခြေအနေနှင့် ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားကြသည့်မြန်မာလူမျိုးများ တွေ့ကြုံခံစားနေရသည့် အခက်အခဲများကို ရှင်းလင်းပြောကြားသည့်ပွဲကို စက်တင်ဘာ ၂၁ ရက် (တနင်္ဂနွေ)နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပြောကြားပွဲတွင် လက်ရှိမြန်မာပြည်အခြေအနေအကြောင်းကို ကိုတင်မောင်ညီမှရှင်းလင်း ပြော ဆိုပြီး၊ ဒုက္ခသည်လျှောက်ထားများကို ဂျပန်လဝကမှ ဖမ်းဆီးထိန်းသိမ်းနေမှုများနှင့် စိတ်ပိုင်းဆိုင်ရာညှင်း ပန်းနှိပ်စက်နေမှုများအကြောင်းကို ကိုအောင်သန်းမှ ရှင်းလင်းပြောဆိုခဲ့သည်။
မိုးသောက်ကြယ်စာကြည့်တိုက် ဖြစ်ပေါ်လာပုံနှင့် တည်ထောင်ရ ခြင်းရည်ရွယ်ချက်ကိုတော့ မတင်တင်းဝင်းမှ ရှင်းလင်းပြောဆိုပေးခဲ့သည်။



Hojin Erubuအဖွဲ့မှလည်း နာဂစ်လေဘေးဒုက္ခသည်များကို ဂျပန်အန်ဂျီအို၊ အန်ပီအိုများမှ ကူညီပေးမှုများ ထိရောက်မှုရှိ-မရှိကိုပြန်လည်မေးမြန်းခဲ့ပြီး ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးများ၏အခက်အခဲများ ကိုလည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု ကတိစကားပြန်လည်ပြောကြားခဲ့သည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Monday, September 22, 2008

ဂျပန်မှာကျင်းပပြုလုပ်တဲ့ သီးတင်းကျွတ်ပွဲ

စက်တင်ဘာ ၂၁ ရက်(တနင်္ဂနွေနေ့)


မြန်မာတို့ရဲ့ ၁၂ ရာသီပွဲတော်တွေထဲက တခုအပါအ၀င်ဖြစ်တဲ့ မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကို ဂျပန်နိုင်ငံရှိ NLD(LA-JB)အဖွဲ့မှတာဝန်ယူဦးဆောင်ပြီး ယနေ့ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိကျင်းပပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ကို ဂျပန်နိုင်ငံသို့ရောက် ရှိနေကြတဲ့မြန်မာများ ပျော်ပျော်ပါးပါးနဲ့လာရောက်အားပေးဆင်နွဲကြတာကိုတွေ့မြင်ခဲ့ကြရပြီး စားသောက်ဆိုင် ခန်းများ၊ အမှတ်တရပစ္စည်းဆိုင်များသာမက မြူးမြူးကြွကြွနဲ့ အမူးရူးရမ်းကားမှုမဖြစ်ရအောင် ဘီယာများကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖွင့်လှစ်ရောင်းချနေကြတာကို မြင်တွေ့ရပါတယ်။

ပွဲတော်လာသူများအတွက် မြန်မာ့ရိုးရာတေးဂီတများနှင့်အတူ ခေတ်ပေါ်တေးဂီတများကိုပါ စင်မြင့်ထက်မှ အား ပါးတရဖျော်ဖြေပေးခဲ့ပြီး၊ လက်ရှိမြန်မာ့ပြည်အခြေအနေအကြောင်းနှင့် နအဖစစ်အုပ်စု၏ လူမဆန်စွာ ရက်စက် ကြမ်းကြုတ်နေမှုများကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုနေကြတာကိုလည်း ကြားခဲ့ရပါတယ်။



ယခုလိုဂျပန်နိုင်ငံရောက်မြန်မာများအတွက် NLD(LA-JB)မှဦးစီးပြီး သီတင်းကျွတ်ပွဲတော်စီစဉ်ကျင်းပပေးခဲ့တာ ၁၀ ကြိမ်မြောက်ရှိခဲ့ပီး၊ ပွဲတော်ပြုလုပ်ခဲ့သည့် နေရာကလည်း မနှစ်ကကျင်းပခဲ့သော တိုကျိုမြို့၊ အိုးဂျိအရပ်ရှိ အာဆုကယာမပန်းခြံမှာပြုလုပ်ခဲ့ကာ မြန်မာလူမျိုးများသာမပါ ဂျပန်လူမျိုးများနှင့် တခြားနိုင်ငံခြားသားများပါ လာရောက်အားပေးခဲ့တာကို မြင်တွေ့ခဲ့ရပါကြောင်း။

မြန်မာပြည်စစ်အာဏာရှင်အုပ်စိုးမှုအောက်မှ အမြန်ဆုံးလွတ်မြောက်အောင်လည်း
ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။

မှတ်တမ်းဓါတ်ပုံပေးပို့သူ-မင်းညိုဝမ်း(မိုးသောက်ကြယ်)
ရေးသားသူ-မောင်ရှင်(ဘားမားမီဒီယာသတင်းထောက်)

Sunday, September 21, 2008

နှစ်သက်မိသောဆောင်းပါး(၁)

(မိုးသောက်ကြယ်အီးမေးလ်သို့ Tom Brownဆိုသူပေးပို့လာသောဆောင်းပါးများကို ပြန်လည်ဝေငှခြင်းဖြစ်ပါသည်)

လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကိုနိုင်ငံတကာအဝန်းအဝိုင်းမှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်း အကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်းပါတယ်။

အရေး တော်ပုံတရပ် အချိန်ကြာမြင့်လာတဲ့အခါမှာ စိတ်ပျက်လာသူ၊ စိတ်ဓာတ်ကျသူ၊ ခွာထွက်သူ၊ လက်နက်ချသူ စတာတွေ ပေါ်ပေါက်လေ့ရှိတာ မဆန်းပါဘူး။ တရားခံရှာကြ၊ တဦးဦးအပေါ် ပုံချဖို့ကြိုးစားကြ၊ စတာတွေလည်း မဆန်းပါဘူး။ တချို့ကတော့လည်း ပက်လက်ကုလားထိုင်ပေါ်မှာ စီးကရက်ရှိုက်၊ ဘီယာ စုတ်ရင်း လေကန် သုံးသပ်တာ လုပ်ကြပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ သမိုင်းမှာပါမယ့် ကိုယ့်အခန်းနဲ့ ကိုယ် အရလို့ပဲ ဆိုကြပါစို့။

ဒါပေမယ့် အရေးတော်ပုံကို ဆက်ခံကြမယ့်၊ အရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်သယ် ဆောင်ကြမယ့် လူတွေကတော့ သုံးသပ်တာကို ဇိမ်ခံတဲ့အလုပ်လို လုပ်မနေပါဘူး။ ကိုယ့်သေရေးရှင်ရေး ကိစ္စလို ဆွေးနွေး သုံးသပ်ကြပါတယ်။ ပြီးခဲ့တာတွေထဲမှာ အမှား၊ ဒါမှမဟုတ် သင်ခန်းစာကို တွေ့ရင် တာဝန်ရှိခဲ့သူကို အပြစ်တင်နေတာထက် ဒီအမှားမျိုးကို ဘယ်လိုရှောင်မယ်၊ ပိုကောင်းတာဘာရှိသလဲဆိုတာကို ရှာဖွေ စူးစမ်း ကြပါတယ်။

တကယ်ပြောရရင် စက်တင်ဘာ အရေးအခင်းလို နအဖစစ်အစိုးရကို တုန်လှုပ်စေခဲ့တဲ့ကိစ္စမျိုး တခုမှမရှိခဲ့ဖူးပါဘူး။ နအဖဟာ ပြည်ပက ဘယ်ဖိအားကိုမှ ပြည်တွင်းက လူထုအားလောက် မကြောက်ဘူး။ ပြည်ပက ဘယ်ပိတ်ဆို့မှု (sanctions) မှ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာလောက် မထိရောက်ဘူးဆိုတာ အားလုံးတွေ့ခဲ့ကြရ ပါပြီ။

၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာ ဖြစ်စဉ်များဟာ နအဖကို ဖယ်ရှားချင်ရင် ပြည်တွင်းကအင်အားကိုသာ အားကိုးရမယ်၊ ပြည်တွင်းလုပ်ငန်းသာ အဓိက ဆိုတဲ့အချက်တွေကို အတည်ပြုပေးခဲ့ပါတယ်။ နောက်ပြီး စစ်အာဏာရှင်လက်အောက် ဗမာပြည်ရဲ့ အခြေအနေမှာ လူထုအုံကြွမှုတွေ အချိန်မရွေး ပေါက်ကွဲနိုင်တယ် ဆိုတာကိုလည်း အထင်အရှား ပြသခဲ့ပါတယ်။

လူထုအုံကြွမှုဟာ ဘယ်နေရာဘယ်ထောင့်ကမဆို ပေါ်နိုင်တယ်။ ကျောင်းသားသာမက အလုပ်သမား၊ လယ်သမား နဲ့ သံဃာတော်များကတောင်မှ နအဖကို ဆန့်ကျင်ဆန္ဒပြချင်ကြတယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။

ဒီလိုဘက်နှစ်ဘက် အင်မတန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ကြားသမား လုပ်ချင်တာ၊ ဖြစ်နိုင်ရင် "နင်လည်းတန်၊ နင်လည်းတန်" ဆိုပြီး ကိုယ့်ဖာသာ ခန့်တဲ့ ပုဏ္ဏားတိုင်လုပ်ချင်တာတွေ ပေါ်လာတာ တွေ တွေ့ရပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် မပြောနဲ့၊ ၁၉၈၈ ခုနှစ်ကနေ ပြန်တွက်လိုက်ရင်ပဲ ဒီလိုလူမျိုးတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့ခဲ့ကြရတာ မနည်းတော့ပါဘူး။

အဆုံးကျတော့ အဲဒီလူတွေကို ပြည်ပတနေရာရာ၊ ဒါမှမဟုတ် ပြည်တွင်းတချောင်ချောင်က အမှိုက်ပုံးထဲမှာ ရောက်နေတာပဲ တွေ့ကြရတယ် မဟုတ်ပါလား။ အဲဒီလို "ပိုနေမြဲ၊ ကျားနေမြဲ" ဆိုတာကို အာဏာရနေတဲ့ လူတွေက အင်မတန်ကြိုက်ပါတယ်။ လက်ခံချင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံနေရသူတွေ၊ မတရားပြု ခံနေရ သူတွေကတော့ 'နေ မြဲ' အနေအထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီလိုနဲ့ပဲ အဲဒီပုဏ္ဏားတိုင်မင်းများဟာ နောက်ဆုံးမှာ ဖိနှိပ်သူနဲ့ ပေါင်းမိ၊ ဒါမှမဟုတ် အပြင်ကို လွင့်စင်သွားကြတာဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းမှာ နအဖရဲ့သရုပ်သကန်ကို အပေါ်လွင်ဆုံးဖွင့်ပြတဲ့ သမိုင်းလက္ခဏာ ဆောင်တဲ့အဖြစ်အပျက်ကြီး သုံးခုရှိပါတယ်။ အဲဒါတွေက ဒီပဲယင်းလူသတ်ပွဲ၊ သံဃာတော်များအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းတို့ ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဒီအရေးကိစ္စတွေကြောင့် နအဖဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးတို့မှာ ခံစစ်ဘဝရောက်ခဲ့ပါတယ်။ ဘယ်ခွင်မှာမှ ခေါင်းမမော်နိုင်ပါဘူး။ အခုတော့ သူတို့ဟာ တဘက်က နိုင်ငံရေးအရ သူတို့အတွက် ပုံမှန်အနေအထား ပြန်ရအောင်နဲ့ သူတို့ အစီအစဉ်အတိုင်း ရာသက်ပန် အာဏာ ဆုပ်ကိုင်ရေး လမ်းပြမြေပုံကို အတင်းတွန်း အကောင်အထည်ဖော်နေပါတယ်။

ဒီလိုအခါမှာ ပြည်ပအစိုးရတွေ၊ အန်ဂျီအိုတွေအပါ တချို့လူတွေဟာ ၂ဝ၁ဝ လွန် ဗမာပြည်နိုင်ငံရေးအတွက်ဆိုပြီး စဉ်းစားပြင်ဆင်နေကြတယ်။ ဆိုလိုတာ နအဖရဲ့အခင်းအကျင်းကို အသိအမှတ်ပြု လက်ခံလိုက်ကြဖို့ပဲ။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဗမာပြည်သားတွေအနေနဲ့ မတတ်သာလို့ အောင့်ပြီး လက်ခံထားရတာရှိမယ်။ အသိအမှတ်ပြုတဲ့သဘောတော့ ဘယ်တော့မှ မရှိဘူး။

အမှန်ပါပဲ။ ဒီနေ့အခါမှာ ဗမာပြည်ရဲ့အခြေအနေတွေကို ပြောင်းလဲဖို့အတွက် နအဖနဲ့ အတိုက်အခံအင်အားစု တွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာဟာ နအဖမှတပါး အားလုံး လက်ခံထားတဲ့ နည်းနာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီနည်းနာကို လက်မခံရုံမက ပြည်သူလူထုအပေါ် လက်နက်သုံးတဲ့ နည်း၊ လူမိုက်နဲ့ ဝိုင်းရိုက်တဲ့နည်းအပါ နည်းအမျိုးမျိုးနဲ့ ထိုးစစ်အမျိုးမျိုး ဆင်နေပါတယ်။

အတိုက်အခံအင်အားစုတွေကို ထောင်ထဲ၊ တောထဲနဲ့ ပြည်ပကို မောင်းပို့တာ ဆက်လုပ်နေပါတယ်။ သူတို့ဖြစ် စေချင်တာကို နှုတ်နဲ့ပြောဆိုပြီး တဖက်သားကို လက်ခံအောင်လုပ်တဲ့နည်းအစား အာဏာသုံးတဲ့နည်း၊ အကြမ်း ဖက်တဲ့နည်းနဲ့ အတင်းလက်ခံခိုင်းနေပါ တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ တင်းမာသထက်တင်းမာ၊ ဆိုးဝါးသထက် ဆိုးဝါးလာနေတာ ကမ္ဘာသိပါပဲ။

ဘယ်သူတွေ အသိအမှတ်ပြုပြု၊ မပြုပြု၊ အခြေအနေတွေ ပြသနေတာကတော့ ဗမာပြည်နိုင်ငံရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ရဲ့ နောက်ဆုံးစာရင်းရှင်းပွဲ (final show-down) တခုဆီကို ဦးတည်နေတယ်ဆိုတာပါပဲ။ ဒါဟာ နအဖနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးတဲ့ဘက်ဟာ ကာလတခု၊ ဒါမှမဟုတ် ထာဝရနာလန်မထူ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲစဉ် အဆုံးသတ်ခြင်းကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။

ဒါတွေကြောင့် ဒီတကွေ့ဟာ ဗမာပြည်အတွက် အလွန်တရာမှ အရေးပါကြောင်း ထင်ရှားနေပါတယ်။ ဒီတိုက်ပွဲ ကြီးကို သာမန်တပွဲတိုး စဉ်းစားနည်းနဲ့ စဉ်းစားပြင်ဆင်လို့ မဖြစ်ပါ။ အမြင်ကျယ်ရ၊ ရေရှည်လှမ်းမြင်ရပါမယ်။ မလိုအပ်တဲ့ အချင်းချင်း ပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းချုပ်ထားရပါမယ်။

ရေဒီယိုတွေကနေ အတိုက်အခံတွေရဲ့အသံတွေ ထွက်ခွင့်ရနေချိန်၊ အင်တာနက်ကို ဖောဖောသီသီကြီး သုံးစွဲ နေနိုင်ချိန်မှာ အချင်းချင်းတိုက်နေတာနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဒီအဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ဘက် ပေါင်းစုံကနေ ပြင်ဆင်ရပါမယ်။ နည်းနာပေါင်းစုံကို စဉ်းစားရှာကြံရပါမယ်။ စစ်အစိုးရက လက်နက်နဲ့ သတ်ဖြတ် တာအပါအဝင် နည်းနာပေါင်းစုံနဲ့ ဖိနှိပ်နေချိန်မှာ ပြည်သူတွေဘက်က စစ်အစိုးရကို ဆန့်ကျင်တဲ့အခါ ဘယ်လို နည်းနာတော့ဖြင့် မသုံးသင့်ဘူးဆိုတာမျိုး တရားမပြသင့်ပါ။

လမ်းပေါ်မှာပရိတ်ရွတ်နေတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ်သတ်တဲ့၊ လေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်နေသူတွေကို မျက်စိစုံမှိတ်ထားနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဘယ်နည်းပဲသုံးသုံး တရားပါတယ်။

အကြမ်းဖက်သင့်လည်းဖက်ရမှာပါ။ အကြမ်းဖက်တယ်ဆိုရာမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့၊ ပြည်သူ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးစေတဲ့ အကြမ်းဖက်မှုမျိုးကို မဆိုလိုပါ။ ဒါပေမယ့် စစ်အုပ်စုဝင်တွေ၊ သူတို့ လက်ကိုင် နောက်လိုက်ခွေးတွေ၊ ခေါင်းမာသူတွေကိုတော့ ထိုက်သင့်တဲ့အတိုင်း တန်ပြန်ရပါမယ်။

ပြည်သူတွေ၊ သံဃာတွေ သွေးချောင်းစီးခဲ့တာ၊ စီးနေတာတွေကို မမေ့သင့်ပါဘူး။ မြေပေါ်မြေအောက်၊ ဥပဒေတွင်း ဥပဒေပ နည်းပေါင်းစုံ ဆင်နွှဲရပါမယ်။ နအဖဟာ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ရုံမက ချောင်းရိုက်၊ ချောင်းသတ် တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အထက်လမ်း၊ အောက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတာပါ။ ဒီလိုအခါမှာ သူတို့ရဲ့ဖိနှိပ်မှုက လွတ်မြောက်လိုသူတွေဟာလည်း နည်းမျိုးပေါင်းစုံ ဆင်နွှဲရပါမယ်။ တခုပဲ သတိပြုရပါမယ်။ အဲဒါကတော့ တိုက်ပွဲတခုနဲ့တခု ကဏ္ဋကောစ မဖြစ်စေဖို့ပါ။ တခုကိုတခုက တွန်းအားဖြစ်ဖို့သာ အရေးကြီးပါတယ်။ အချိန်များများမကျန်တော့ပါ။ (၂) နှစ်သာလိုပါတော့တယ်။

Saturday, September 20, 2008

ဖိတ်ကြားလွှာ

အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

Friday, September 19, 2008

နအဖစစ်အာဏာသိမ်းခြင်းအနှစ်(၂ဝ)ပြည့် တိုကျိုတွင်ဆန့်ကျင်ဆန္ဒပြ

တိုကျို၊ စက်တင်ဘာ(၁၈)



၈၈အရေးတော်ပုံပြီးနောက်ပိုင်း လက်နက်ဖြင့်မတရားအာဏာသိမ်းခဲ့သည့် နအဖစစ်အစိုးရ၏ အာဏာသိမ်းခြင်း အနှစ်(၂ဝ)ပြည့် ဆန့်ကျင်ရူတ်ချဆန္ဒပြပွဲကို တိုကျိုမြို့ရှိ နအဖစစ်အခွန်ရုံးရှေ့တွင်ပြုလုပ်ခဲ့ကြသည်။
''ပြည်တွင်းမှ NLDက နအဖစစ်အစိုးရကို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်နေတယ်။ နအဖကလည်း NLDကို အမြစ် ဖြတ်ချေမှုန်းဖို့ကြိုးစားနေတယ်၊ ဒါ့ကြောင့် ရှေ့ဆုံးကနေ တိုက်ပွဲဝင်နေတဲ့NLDကို ကျနော်တို့ဝန်းရံဖို့လိုတယ်...'' ဟု ဆန္ဒပြပွဲကိုလာရောက်သူ ကိုမြတ်သူမှ ပြောကြားသွားသည်။



အဆိုပါပွဲတွင် လွန်ခဲ့သည့်နှစ်စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် ဂျပန်သတင်း ထောက် Kanji Nakai သေဆုံးခဲ့ရမှုနှင့်ပါတ်သတ်၍ တစ်နှစ်ပြည့်ဝမ်နည်းကြောင်း Signကမ်းပိန်ကိုလည်း စုပေါင်းရေးထိုးပြုလုပ်ခဲ့ကြပြီး ယင်းစုပေါင်းလက်မှတ်ရေးထိုးမှုကို ဂျပန်အစိုးရနှင့် မြန်မာနအဖထံပေးပို့မည်ဟု သိရသည်။




ဂျပန်နိုင်ငံတွင်ပညာသင်ကြားနေသည့် မြန်မာကျောင်းသားတစ်ဦးကလည်း ခေတ်အဆက်ဆက်ပညာရေးကို နအဖစစ်အစိုးရမှ ဖိနှိပ့်ချုပ်ချယ်ထားမှုကြောင့် မြန်မာ့ပညာရေးနိမ့်ပါးကျဆင်းနေမှုနှင့် နိုင်ငံတကာ၏ ပညာ သင်ကြားမှုစံနှုန်းတို့ကိုနှိုင်းယှဉ်၍ပြောကြားသွားသည်။
ဂျပန်လူမျိုး Nomura Tamio ကလည်း နအဖအာဏာသိမ်းပြီးနောက်ပိုင်း အစိုးရအဖြစ်ပထမဆုံး အသိအမှတ် ပြုသည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ကြောင်း၊ တရုတ်လူမျိုးပညာရှင်တစ်ဦးက `အမှားဆိုသည်မှာ မှားသွားပြီးသည့် နောက်ပိုင်း ဝန်ခံတတ်ဖို့လိုကြောင်း၊ မှားသွားသည်ကိုဝန်မခံဘဲ ဆက်လက်တိတ်ဆိတ်နေခြင်းမှာ အမှားကို ပိုမိုကျုးလွန်ခြင်းပင်ဖြစ်ကြောင်း၊ ဂျပန်အစိုးရသည် နအဖကိုအသိအမှတ်ပြုခဲ့သည့်အမှားကို ကျူးလွန်ခဲ့ သော်လည်း ယခုအချိန်ထိဝန်မခံသေးကြောင်း ဆက်လက်မှားနေဆဲဘဲဖြစ်ပြီး အနှစ်(၂ဝ)ကြာသွားပြီဖြစ်ကြောင်း တက်ရောက်ပြောကြားသွားသည်။



ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများနှင့် နအဖ စစ်အုပ်စုကို မလိုလားသည့် ဂျပန်လူမျိုးအချို့တို့ပါပူးပေါင်း၍ စုစုပေါင်းအင်အား (၂ဝဝ)ခန့် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

Reported by : Thant Myo Htway (MTK)

Monday, September 15, 2008

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအလွန်အမင်းဆိုးဝါးနေကြောင်း AFPသတင်းမှာဖော်ပြထား

Aung San Suu Kyi meets doctor amid health worries



Sun Sep 14, 11:19 AM ET

YANGON(AFP) - Myanmar's detained democracy leader Aung San Suu Kyi met for several hours with her physician Sunday amid worries for her health after her party said she was not accepting food.

But Tin Myo Win, who spent four and a half hours at the lakeside home where the Nobel peace laureate has been confined for most of the last 19 years, refused to give details on her health after his visit.

"I can't say anything right now," he told reporters in front of his Yangon home, adding Aung San Suu Kyi's lawyer would speak to reporters about her condition in the near future.

The detained leader's last medical check-up by the doctor was in mid-August, before her National League for Democracy (NLD) party said September 5 that she had refused most of her food rations for the last three weeks.

Concerns over Aung San Suu Kyi have grown after she refused to meet with visiting UN envoy Ibrahim Gambari and the junta's liaison officer.

The regime says she is not staging a hunger strike, and the NLD has stopped short of using the term.

But the party has said that she is refusing food supplies "to denounce her continuing detention, which is unfair under the law."

The 63-year-old has no other source of food aside from the daily supplies provided by the military regime.

Her party won a landslide victory in a 1990 election but the junta never allowed it to take office. The military has ruled Myanmar since 1962.

ဂျပန်နိုင်ငံ၌ ပြုလုပ်မည့် JATA World Travel Fair 2008 တွင် Nargis Cornerဖြင့်ပြသ၍ ဈေးကွက် မြှင့်တင်မည်ဟု Weekly Eleven Journal တွင်ဖော်ပြထား


ဂျပန်နိုင်ငံ၌ပြုလုပ်မည့် JATA World Travel Fair 2008 တွင် မုန်တိုင်းပြီးနောက် မြန်မာနိုင်ငံ၏လက်ရှိအခြေ အနေများကို Nargis Cornerဖြင့် ပြသ၍ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ကြောင်းဂျပန်ခရီးသွားဈေးကွက်မြှင့်တင်ရေးကော်မတီ (Japan Tourism Promotio Committee- JTPC) မှသတင်းရရှိပါသည်။
ယင်းခရီးသွားပွဲတော်ကို တိုကျိုမြို့ရှိ Tokyo Big Sight တွင်ပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့၌ ကွန်ဂရက်ကို ကျင်းပ မည်ဖြစ်ကာ စက်တင်ဘာလ ၁၉ရက်နေ့မှ ၂၁ ရက်နေ့အထိ ခရီးသွားပွဲတော်ကို ပြုလုပ်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ ကျော်မှ ပြခန်းပေါင်း ၁၀၀၀ ဝန်းကျင်ပါဝင်ပြသမည့်ပွဲတော်တွင် မြန်မာခရီးသွားပြခန်းသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် JTPC မှ စီစဉ်ခြင်းဖြစ်ကာ Yangon Airways နှင့် MAIစသည့်လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများစသည်တို့ မှကိုယ်စားလှယ် ၁၈ ဦးဝန်းကျင်ပါဝင်တက်ရောက်မည်ဖြစ်သည်။
“မြန်မာပြခန်းမှာ ရန်ကုန်၊ မန္တလေး၊ ပုံဂံ၊ အင်းလေး၊ ကမ်းခြေဒေသ၊ Nargis
Corner ဆိုပြီးပြထားမှာပါ။ Nargis Corner များဆို စက်တင်ဘာလ ၁ ရက်နေ့ အထိလောက်ကပုံတွေပြမယ်။ ရန်ကုန်မြို့လယ်၊ မန္တလေး၊ ပုဂံစတဲ့ဒေသတွေ ကဓါတ်ပုံတွေရိုက်ကူးပြီး လက်ရှိ အခြေအနေအေးချမ်းကြောင်းနဲ့ နာဂစ်ကြောင့်ခရီးသွားဒေသတွေထိခိုက်မှုမရှိဘူး၊ ပုံမှန်ပါပဲဆိုတာကို ဓါတ်ပုံတွေနဲ့ ရှင်းလင်းပြသထားမှာပါ” ဟုဒေါ်ခင်မေမြင့်ကဆိုပါသည်။
JATA World Travel Fair သည်ဂျပန်နိုင်ငံ၌ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာအရပ်
ရပ်မှ ဧည့်သည်ပေါင်းတစ်သိန်းကျော် ပါဝင်တက်ရောက်သည့် ပွဲတော်တစ်ခုဖြစ်၍ မြန်မာနိုင်ငံသည်ဒုတိယအကြိမ်မြောက်ပါဝင်၍ ခရီးသွားပြခန်းများပြသခြင်းဖြစ်ကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာ၁၇ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။(ခေတ်လူငယ်)

အစာငတ်ခံဆန္ဒပြမှုယာယီရပ်ဆိုင်း


စက်တင်ဘာ ၁၄ ရက်
ဒေါ်ဆောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂရုံးရှေ့တွင် ၇၂ နာရီအထိ အစာငတ်ခံဆန္ဒပြနေ ကြသည့် ဒုတိယအသုတ်မြန်မာများသည် သတ်မှတ်ထားသည့်အချိန်ပြည့်သွားသည့် ယနေ့ညနေ ၆ နာရီတွင် ယာယီရပ်ဆိုင်းလိုက်ကြောင်းသိရှိရသည်။

ယခုလိုရပ်ဆိုင်းရခြင်းမှာ ပြည်တွင်း၌ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားသည့်အချက်အလက်တချို့ကို နအဖစစ်အုပ်စုမှလိုက်လျောသည့်အတွက်ဖြစ်သည်ဟုလည်းဆိုသည်။

``ကျနော်တို့ရဲဘော်တွေ ၇၂ နာရီစီ နှစ်သုတ်ခွဲပြီး အစာငတ်ခံဆန္ဒပြခဲ့တာ ဒီနေ့နေပါဆိုရင် ၂ ကြိမ်မြောက် ရှိသွားပါပြီ။ ကိုယ့်ခေါင်းဆောင်အတွက် မလျော့သောစိတ်ဓါတ်တွေနဲ့ အခုလိုအစာငတ်ခံ ဆန္ဒပြခဲ့တာကို အား လုံးကလေးစားဂုဏ်ပြုကြပါတယ်။ ဒီနေ့ကျနော်တို့မြန်မာပြည်နဲ့ဆိုင်တဲ့သတင်းတွေမှာလည်း ကျနော်တို့ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုဆရာဝန်(ဒေါက်တာတင်မျိုးဝင်း)နဲ့လည်းတွေ့မယ်။ တောင်းဆိုထား တဲ့အချက်အလက်တွေကိုလည်း နအဖကလိုက်လျောမယ်ဆိုတဲ့သတင်းတွေကြောင့် ယခုယာယီရပ်ဆိုင်းရခြင်း လည်းဖြစ်ပါတယ်။ နောက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းအခြေအနေပေါ်မူတည်ပြီး လာမယ့်အင်္ဂါနေ့(စက်တင်ဘာ ၁၆ ရက်)မှာ ကျနော်တို့တတွေရဲ့လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်လုပ် ဆောင်သွားမှာပါ...``ဟု ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုသန်းဆွေမှပြောဆိုသည်။

အစာငတ်ခံဆန္ဒပြသည့်ပိတ်ပွဲအခမ်းအနားကို မြန်မာလူမျိုးများသာမက ဂျပန်လူမျိုးများပါလာရောက်အားပေး ကြပြီး ဂုဏ်ပြုစကားများပြောဆိုခဲ့ကြပြီး၊ အစာငတ်ခံဆန္ဒပြခဲ့ကြသူများအတွက် မသင်းသင်းဦးမှ ကြက်သား ဆန်ပြုတ်တိုက်ကျွေးခဲ့သည်။

အဆိုပါဆန္ဒပြပွဲကို အားပေးခဲ့သူတချို့ကတော့ နောက်တခေါက်အစာငတ်ခံဆန္ဒပြပွဲပြုလုပ်မည်ဆိုပါက အဖွဲ့သူ အဖွဲ့သားများကိုပဲ စေခိုင်းနေတာထက်စာရင် အဖွဲ့အသီးသီးမှ တာဝန်ခံဆိုသည့်လူများ၊ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးဆိုသည့် ရာထူးကြီးကြီးယူထားသည့်လူများကိုယ်တိုင် ၀င်ရောက်အစာငတ်ခံဆန္ဒပြသင့်ကြောင်း ပြောဆိုနေကြသည်။

Saturday, September 13, 2008

သူ့စေတနာ(ဟန်ဝင်းထွန်း)




Friday, September 12, 2008

ဒုတိယအသုတ် ၇၂ နာရီ အစာငတ်ခံဆန္ဒပြ





ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အမြန်ဆုံးဝင်ရောက်ဆောင်ရွက်ပေးရန် ဂျပန်ရောက်မြန်မာများ စက်တင်ဘာ ၈ ရက် (တနင်္လာနေ့)ညနေ ၆ နာရီမှစတင်ကာ အစာငတ်ခံဆန္ဒပြတောင်းနေသည်မှာ ယနေ့(စက်တင်ဘာ ၁၁ ရက်) ညနေ ၆ နာရီဆိုလျင် ၇၂ နာရီပြည့်သွားပြီဖြစ်ပါတယ်။
ယခုထက်ထိ အခြေအနေထူးခြားမှုတစုံတရာမရှိသည့်အတွက် ဒုတိယအသုတ်အနေဖြင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦးက ယနေ့ညနေ ၆ နာရီမှ စက်တင်ဘာ ၁၄ ရက်နေ့ ၆ နာရီအထိ ၇၂ နာရီတိတိ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ကြပြီဖြစ်ပါတယ်။

အဆိုပါ စက်တင်ဘာ ၁၄ ရက်နေ့အထိ ထူးခြားမှုမရှိပါက တာဝန်ရှိလူကြီးများကိုယ်တိုင် အချိန်၊ နာရီအကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်သွားမယ်လို့ သိရှိရပါကြောင်း။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Thursday, September 11, 2008

ဘက်ဟမ်းဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူ (planet new)


ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်းသိရသည်။

Victoria and David Beckham have turned to Buddhism. The couple - who live in Los Angeles with their three sons - have reportedly "embraced" the mystical religion and are now chanting every morning in a bid to help them deal with their hectic lifestyles.

A source said: "David and Victoria have gone completely Californian! David has begun wearing health, prosperity and performance beads around his wrist.

He has started yoga and stretching classes after a knee injury, and then a teammate suggested Buddhist chanting to soothe his mind. "Now he and Victoria do a short five-minute chant when they wake up to start the day off on the right foot, repeating, 'Homage to the blessed one, the worthy one, the rightly self-awakened one.' "

Former Spice Girls star Victoria, 34, has also reportedly incorporated holistic eating into her diet plan. The source added to Britain's Look magazine: "David and Victoria are really getting into the whole holistic, healthy vibe too.

Victoria often picks up a soya latte at an organic cafe called Urth Caffe, which is next to The Bodhi Tree bookstore, where she bought hundreds of dollars' worth of self-help books." The pair have are even said to have employed a feng shui expert to ensure their mansion is appropriately arranged.

The source revealed: "They have had Chinese Feng Shui experts come in to rearrange their home, hope it will improve David's luck on the soccer pitch and their chances of conceiving. They have turned into the ultimate hippy power couple!"


အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်တွင် သားသုံးဦးနှင့်အတူနေထိုင်လျက်ရှိသော ဘက်ဟမ်းတို့ဇနီး မောင်နှံမှာ ဗုဒ္ဓဘာသာအား နှစ်နှစ်ကာကာယုံကြည်ပြီး ယခုအခါနံနက်တိုင်းတွင် ဘုရားဝတ်ပြုကာ အလွန် အလုပ်ရှုပ်ပြီး ဗာဟီရကိစ္စများပြားသော ၎င်းတို့၏လူနေမှုဘ၀တွင် အေးချမ်းမှုရရှိအောင် ဆုတောင်းလျက် ရှိကြသည်။
အတွင်းသတင်းတစ်ခု၏အဆိုအရ ကယ်လီဖိုးနီးယားယဉ်ကျေးမှုနှင့် လုံးဝအသားကျနေပြီဖြစ်သော ဘက်ဟမ်း မောင်နှံမှာ ယခင်က ဘက်ဟမ်းဒူးဒဏ်ရာခံစားခဲ့ရစဉ်က ဝေဒနာမှသက်သာစေရန် ယောဂကျင့်စဉ်အား လေ့လာလိုက်စားခဲ့ပြီးနောက်ပိုင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့် ဗုဒ္ဓ၏လမ်းစဉ်များကို လက်ခံယုံကြည်ပြီး ကိုးကွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ဘက်ဟမ်းတို့မောင်နှံမှာ မနက်တိုင်း (၅)မိနစ်မျှဘုရားဝတ်ပြုကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ ပညာဥာဏ်နှင့်ပြည့်ဝပါစေကြောင်း စသဖြင့် တောင်းဆုပြုနေကြသည် ဟုဆိုသည်။ ထို့အပြင် ဗစ်တိုးရီးယားဘက်ဟမ်းက အစာစားရာတွင် သတိနှင့်ခြုံငုံဆင်ခြင်ပြီး တရားအမှတ်နှင့် စားသောက်သည့်အကျင့်မျိုးကို သူမ၏ကျန်းမာရေးအတွက် အလေ့အကျင့်ပြုလုပ်သွားမည်ဟု ၀န်ခံသွားသည်။ ဗြိတိန်နိုင်ငံထုတ် Look မဂ္ဂဇင်းကြီးတွင် ရေးသားဖော်ပြထားချက်အရ အသက်(၃၄)နှစ်အရွယ် Spice Girls အဖွဲ့ဝင်ဟောင်းသည် မဟာဗောဓိစာအုပ်ဆိုင်မှ တရားအမှတ်နှင့် စားသောက်မှုပုံစံအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ဒေါ်လာရာဂဏန်းမျှနှင့် ၀ယ်ယူလေ့လာနေကြောင်း သိရသည်။ ထို့အပြင် ဘက်ဟမ်းမောင်နှံမှာ ဗုဒ္ဓလမ်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရန် တရုတ်ရိုးရာ ဖန်ရှူး ဓမ္မဆရာများထံ နည်းယူဆည်းကပ်သွားမည်ဟု ဆိုသည်။
၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်း၏အဆိုအရ ဘက်ဟမ်းတို့မှာ ဖန်ရှူး ဓမ္မလမ်းစဉ်များကို ကျင့်သုံးခြင်းဖြင့် ဒေးဗစ်ဘက်ဟမ်းအနေဖြင့် ဘောလုံးကွင်းအတွင်း ပိုမိုအောင်မြင်မှုရရှိမည်ဖြစ်သလို လူနေမှုဘ၀တွင်လည်း ပျော်ရွှင်ချမ်မြေ့မှု သုခကိုခံစားရမည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပိုမိုလုပ်ဆောင်ဖို့ Betancourt က တိုက်တွန်း(VOA)


ထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီထက်ပို လုပ်ဆောင်ဖို့ တချိန်က ကိုလံဘီယာသူပုန်တွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူ အင်းဂရစ် ဘတ်တန်ကုတ် က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုအချိန်အထိ လွတ်မြောက် မလာနိုင် သေးတာဟာလည်း ဒီလို ကြိုးပမ်းလုပ်ဆောင်ဖို့ လိုနေတယ်ဆိုတာကို ပြသနေတာပါပဲလို့လည်း သူက ဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဒီထက်ပို ကြိုးပမ်း လုပ်ဆောင်ဖို့ လိုနေသေးတဲ့အကြောင်း တချိန်က ကိုယ်တိုင်လည်း ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား အဖြစ်နဲ့ နေထိုင်ခဲ့ရတဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) က ပြောဆို လိုက်တာပါ။ နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ မနေ့က အင်္ဂါနေ့က ပြုလုပ်တဲ့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ကမ္ဘာနဲ့အ၀န်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတဲ့ အခမ်းအနားမှာ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း နဲ့ အတူ တက်ရောက်ရင်း အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အလေးထား ပြောဆို သွားခဲ့တာပါ။

“အထူးသဖြင့် ကျမ ဒီအချိန်အခိုက်အတန့်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်ရမိနေပါတယ်။ သူဟာ မကြာခင်ကစလို့ စတင် အစာငတ်ခံ ဆန္ဒပြနေပါတယ်။ သူ့အတွက် သေခြင်းတရားဟာလည်း အမြဲလို ရှိနေတာပါ။ ကျမတို့ အနေနဲ့ သူ့အတွက် အမြန်ဆုံး အဖြေရှာရပါမယ်။ အရေးတကြီး လုပ်ကိုင် ဆောင်ရွက်ရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတယ် အစားအသောက်တွေ လက်မခံပဲ နေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်လာတာနဲ့အမျှ စိုးရိမ်ပူပန်သံတွေ ထွက်ပေါ် နေတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရပ်တည်ပေးဖို့ လိုတယ်လို့လည်း မစ္စ ဘတ်တန်ကုတ် က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဟာ ကျမ အကျဉ်းကျခံခဲ့ရသလို ထောင်ကျနေတာပါ၊ အခုဆိုရင်လည်း အစာငတ်ခံ ဆန္ဒပြတာကို စတင်လိုက်ပါပြီ။ ကျမတို့အားလုံး သူ့အတွက် စိုးရိမ်ပူပမ်မိပါတယ်။ ကျမတို့ သူ့ကို တွေ့ဖို့၊ စကားပြောဆိုနိုင်ဖို့ လိုပါတယ်။ ကျမတို့ သူ့ကို အားပေးထောက်ခံမှုရှိနေတယ်၊ တသွေးတည်း တသားတည်း ရှိနေပါတယ် ဆိုတဲ့ သတင်းစကားကို မှာကြားနိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျမတို့ သူ့ကို မေ့လျော့မထားဘူး ဆိုတာ သူသိအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။”

ပြင်သစ်-ကိုလံဘီယာ နှစ်နိုင်ငံသူ မစ္စ ဘတ်တန်ကုတ် ဟာ ကိုလံဘီယာ ရဲ့ သမ္မတအဖြစ် ရွေးချယ်ခံဖို့ ကြိုးပမ်းနေစဉ် ၂၀၀၂ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံရဲ့ လက်ဝဲ၀ါဒီ FARC သူပုန်တွေရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပြီး ဒီနှစ် ဇူလိုင်လထဲမှာမှ အစိုးရ တပ်ဖွဲ့တွေက ပြန်လည် ကယ်တင် လွတ်မြောက်လာခဲ့တာပါ။ အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ် အဂတိလိုက်စားမှုတွေကို ဆန့်ကျင် လှုပ်ရှားသူလည်းဖြစ်တဲ့ မစ္စ ဘတ်တန်ကုတ် က ဒေါ်အောင်ဆန်းစုကြည် အတွက် သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် သွားဦးမယ်လို့လည်း ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ ရောက်နေတုန်း သတင်းထောက်တွေက ပြောပါသေးတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ဆုံခွင့် မရခဲ့တာ၊ သူမရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကလည်း ဒီခရီးစဉ်ဟာ အောင်မြင်မှု မရှိဘူးလို့ ပြောတာဆိုတာတွေကလည်း ရှိခဲ့တာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို ဝေဖန်သံတွေလည်း ထွက်ခဲ့တာပါ။ မစ္စ ဘတ်တန်ကုတ် ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် မလာသေးတာဟာ ဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အပါအ၀င် ကြိုးပမ်း ဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိသေးတဲ့ အဓိပ္ပါယ်ပါပဲလို့ ဆိုပါတယ်။

“သူလွတ်မြောက်လာမယ့် အချိန်ကာလ ရောက်တဲ့အထိ ကို ကျမတို့ ဒီထက်ပို လုပ်နိုင်တာတွေ ရှိပါတယ်။ သူ ပြန်လွတ် မလာသေးပဲ ရှိနေတာဟာ ကျမတို့ လုပ်ဆောင်သင့်သလောက် မလုပ်ကြသေးလို့ပဲ ဖြစ်ပါတယ်။ ကျမတို့သာ လိုအပ် သလောက် လုပ်ခဲ့ကြမယ်ဆိုရင် သူအခုဆို ပြန်လွတ်နေလောက်ပါပြီ။”

ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား ဖြစ်ခဲ့တဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) ဖြစ်ပါတယ်။ မနေ့တုန်းက ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာတော့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ဥပဒေကြောင်းအရ အကာအကွယ်တွေ ရနိုင်ဖို့ အပါအ၀င် ကိစ္စတွေကို ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးရာမှာ မစ္စ ဘတ်တန်ကုတ်လည်း တက်ရောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Wednesday, September 10, 2008

ဗိုလ်သန်းရွှေကအရင်လား... ကင်ချုံအီးကရှေ့ကလား...



ဘုရားမသိ၊ တရားမရှိ၊ သံဃာသတ်တဲ့ဗိုလ်သန်းရွှေတယောက် ဇောသုံးတန်ပြဌာန်းရင်း အိပ်ယာထဲမှာပက်လက်မျောနေတယ်ဆိုတဲ့သတင်းပေါ်ထွက်နေသလို မြောက်ကိုရီးယား စစ်အာဏာရှင် ကင်ချုံအီးလည်း သွေးတိုးရောဂါနဲ့ နေ့လား ညလားဖြစ်နေတယ်ဆိုတဲ့သတင်း အေအက်ပီသတင်းမှာ ဆက်တိုက်ဖော်ပြနေပါတယ်။
နှစ်ဦးစလုံးကတော့ ပြည်သူကိုနှိပ်စက်တဲ့နေရာမှာ သူ့ထက်သူလူစွမ်းကောင်းတွေဆိုတော့ ဗေဒင်မေးစရာမလိုပဲ အပယ်လားမှာသေချာနေပါတယ်။ ဘယ်သူကအရင်ရောက်ပြီး ဘယ်သူကနောက်ကလိုက်မယ်ဆိုတာကို မကြာမှီ ကွက်ကွင်ကွင်းကွင်းမြင်တွေ့ရတော့မှာမို့ .....
လောင်းကစားဝါသနာပါသူများလည်း ယုံကြည်စိတ်ချစွာလောင်းနိုင်ပြီဖြစ်ကြောင်း မင်္ဂလာသတင်းကောင်းပါး လိုက်ပါတယ်။
လက်ရှိပေါက်ဈေး-
သန်းရွှေ ၁လေးသာနေ၊

ဘယ်နေရာလဲ ဘာလုပ်မှာလဲ(၀င်းပေါ်မောင်)



ဘယ်နေရာရောက်နေပြီး ဘာလုပ်ရမယ်မှန်း မသိသူအဖို့ အသင့်တော်ဆုံးအရာမှာ ထိုနေရာမှ ဖယ်ရှားပေးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒြာဝပ် ရာထူးမှ နုတ်ထွက်ပေးဖို့ ကျိန်းသေသွားတဲ့ အဖြစ်က ယခုနှစ်အတွက် အလှပဆုံး ပြဇာတ်တပုဒ်ဟုပင် ဆိုသင့်ပါတော့တယ်။ ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့, အစိုးရ အပြောင်းအလဲလုပ်ဖို့ အတိုက်အခံပါတီ ဦးဆောင်တဲ့ အလတ်တန်း ထိုင်းလူမှုအသိုင်းအ၀ိုင်းက ဆန္ဒပြ တောင်းဆိုနေတာ အရှိန်အဟုန် ကောင်းနေတုန်းမှာပဲ မထင်မှတ်တဲ့ ညာဖြောင့်လက်သီးတချက်က ဆမတ် မေးရိုးကို တည့်တည့်ထိသွားတော့တာပါ။

ကျနော်က ထိုင်းနိုင်ငံရေးကို ထဲထဲဝင်ဝင် သိသူတော့ မဟုတ်ပါဘူး။ ဖြတ်သွားဖြတ်လာသဘော ကြည့်မိတာလောက်ပါ။ ထိုင်း
က ဒီမိုကရေစီနိုင်ငံ ဆိုပေမယ့် ဘုရင်ကို ချွင်းချက်ထားရတဲ့ စနစ်ပါ။ `ပြောချင်တာပြော ဒါတော့ မပြောနဲ့´ ဆိုတဲ့ ပြက်လုံးအတိုင်းပေါ့။ ဒီတော့လည်း နိုင်ငံရေး, စီးပွားရေးမှာ အသာစီးရထားတဲ့ အထက်လွှာတွေက ထိုင်းနိုင်ငံကို လွှမ်းမိုးထားတာ ဘာဆန်းမှာတုန်း။ ထိုင်းစစ်တပ်တို့, ရဲတပ်တို့ ဆိုတာက အာဏာသိမ်းတမ်း ခဏခဏ ကစားတတ်ကြတာ။ ဒါကလည်း ဘုရင်က လက်ခံရင် ကြိုက်တာလုပ်လို့ ရမှန်းသိနေတော့ အာဏာလုကြတာက ဖက်ရှင်တခုလို ဖြစ်လာတာပေါ့။
တဖက်မှာတော့ ထိုင်း ပညာတတ်တွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက သူတို့နိုင်ငံကို တူတူတန်တန် ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်ကြပါတယ်။ ဖြစ်အောင်လည်း ကြိုးစားကြပါတယ်။ ဒါပေမယ့် ဒီမိုကရက်တစ်တွေ ဆိုတာက လူထုကို စကား
လုံးတွေသာ ပေးနိုင်တာ။ ပိုက်ဆံ ပေးနိုင်တာ မဟုတ်ပါဘူး။ ထိုင်းမှ မဟုတ်ပါဘူး။ အခြားနိုင်ငံက ဒီမိုကရက်တစ်တွေလည်း ဒီလိုပါပဲ။ ဆင်းရဲကြတယ်လေ။ ဒီတော့ လူထုကို ပိုက်ဆံပေးနိုင်တဲ့ ချမ်းသာတဲ့ ကွန်ဆာဗေးတစ်တွေ, ဗျူရိုကရက်တွေ, အာဏာသမားတွေက `လူထုဆီက ၀ယ်ထားတဲ့ မဲနဲ့´ ရှေ့တန်းရောက်လာကြတာပါပဲ။

သွားလေသူ သက်ဆ
င်ဆိုတာ စီးပွားရေးသမား သက်သက်ပါ။ ပိုက်ဆံပေါက်ပြီး ၀န်ကြီးချုပ် ကုလားထိုင်ကို ယူထားတာ အားလုံးသိနေကြတာပါပဲ။ သက်ဆင် တဆွေလုံး တမျိုးလုံး စားတာဝါးတာ များလွန်းတော့ စစ်တပ်က မျက်စိနောက်ပြီးတော့ ၂၀၀၆ စက်တင်ဘာမှာ အာဏာသိမ်းလိုက်ပါလေရော။ ထိုင်းစစ်တပ်က အာဏာသိမ်းပေမယ့် ရေရှည်တော့ မနေနိုင်ဘူးလေ။ ဒါကြောင့် တနှစ်ကျော်ကျော်လေးမှာ ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာလွှဲပေးလိုက်ပါတယ်။ ဒါပေမဲ့ အာဏာ ပြန်ရလာသူကလည်း သက်ဆင်လက်စွဲ ဆမတ် ဖြစ်နေပြန်ရော။ ဘယ်တတ်နိုင်မလဲ။ မဲနိုင်တော့ ပေးလိုက်ပေါ့။

ဆမတ်ဟာ အာဏာရလာကတည်းက သူ့ဆရာ သက်ဆင်ကို အပြည့်အ၀ အကာအကွယ်ပေးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတယ်။ အတိုက်အခံတွေကိုလည်း သူ့ဆရာ စတိုင်အတိုင်း ခပ်ဖိဖိ လုပ်ထားပါတယ်။ သတင်းစာဆရာ
တွေ ဆိုလည်း နှိပ်ကွပ်တာပါပဲ။ မြန်မာပြည်နဲ့ ဆက်ဆံရေး ကျပြန်တော့လည်း ဗိုလ်ချုပ်မင်းတွေကို ဘုရားလို ထိုင်ရှိခိုးမတတ် လုပ်ပြပြန်တာပါပဲ။ သူ ပြောပုံလေးတွေက တော်တော်သင်းတယ်။
``မြန်မာပြည်က ဗိုလ်ချုပ်တွေက ကျနော်တို့ လိုချင်တဲ့ ဂက်စ်တွေ ရောင်းပေးတယ်။ ငါးဖမ်းခွင့်ပေးတယ်။ ဒါ ဘယ်လောက်ကောင်းလဲ။ ဒီလို လူတွေကို ကျနော်တို့က မိတ်ဆွေကောင်းလို့ မပြောသင့်ဘူးလားတဲ့။´´
မနှစ်က စက်တင်ဘာ သံဃာ့လှုပ်ရှားမှုပြီးတော့ ဆမတ် မြန်မာပြည်သွားပြီး၊ ဗိုလ်ချုပ်မင်းတွေနဲ့ တွေ့တယ်။ ပြီးတော့ သူက ပြောလိုက်တယ်။
``မြန်မာပြည်က အကိုတော် ဗိုလ်ချုပ်တွေက ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းပြီး၊ တရားထိုင်ကြတယ်´´ ဆိုပဲ။
ဟော… မနေ့တနေ့ကပဲ ပြောလိုက်သေးရဲ့။
``ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထားလိုက်ရင် ပိုအကျိုးရှိမယ်´´ တဲ့။
အဲသလို သြဘာပေးတတ်တဲ့ ဆမတ်တယောက် ဒီကနေ့မှာတော့ ထိုင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ ထုတ်ပြန်ချက်အောက်မှာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်သွားပါပြီ။

ဖြစ်ပုံက ဆမတ်က ၀န်ကြီး
ချုပ် လုပ်နေလျက်နဲ့ ထိုင်း စီးပွားရေးဆိုင်ရာ တီဗီလိုင်း နှစ်ခုရဲ့ အစားအစာ ချက်ပြုတ်ရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်။ ဒီလို လုပ်တာဟာ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ တရားသူကြီး ကိုးယောက်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ ဆမတ်အဖို့ အယူခံ ၀င်နိုင်ပေမယ့် အလားအလာ မရှိတော့ပါဘူး။ သူ ၀န်ကြီးချုပ် ရာထူးကနေ ဆင်းပေးရဖို့ သေချာသွားပါပြီ။



အတိုက်အခံတွေက ဒီအစိုးရကို လွှတ်တော်ထဲကနေ ပြောနေလို့ မရဘူး။ လူထုနည်းနဲ့ လမ်းပေါ်က ပြောမှရမယ်ဆိုပြီး ဆန္ဒပြနေကြတာ လနဲ့ချီနေပါပြီ။ ဆန္ဒပြသူတွေက အစိုးရ ယန္တရားကို ရပ်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် ရုံးအချို့ဝင်စီးတာက လွဲလို့ ဆက်မကြမ်းကြပါဘူး။ သြဂုတ်လကုန်ပိုင်းက အသေအပျောက် အထိအခိုက် အနည်းငယ် ဖြစ်ပြီးတဲ့နောက် အတန်ငယ် အေးနေသလို ဖြစ်နေချိန်မှာ၊ ဆမတ်က ရားထူးက နုတ်ထွက် မပေးနိုင်ဘူးလို့ ခပ်တင်းတင်း ပြောနေခဲ့သေးတာပါ။ ပြီးခဲ့တဲ့ အပတ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရပါတီဟာ မဲမသမာမှုတွေ ရှိတယ်, ဒါကြောင့် အာဏာစွန့်လွှတ်ရမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါက ဆမတ် အထိခံလိုက်ရတဲ့ ဘယ်ဝှိုက်လက်သီး တချက်။
ဘယ်ဝှိုက်ထိတော့ ဆမတ်က လူထုဆန္ဒခံယူပွဲ ကျင်းပပေးပါမယ်လို့ လေပြေထိုးပါတယ်။ မကြာပါဘူး။ အခုတော့ အခြေခံဥပဒေ တရားရုံးက ဆမတ်မေးရိုးကို ညာဖြောင့်လက်သီး တချက် တည့်တည့် ပစ်သွင်းလိုက်ပါတယ်။ ၀န်ကြီးချုပ် တယောက်ဟာ အခြား လုပ်ငန်းတခုခုမှာ အခကြေးငွေ ရယူပြီး အလုပ်မလုပ်ရဘူးလို့ ဥပဒေက ပြဋ္ဌာန်းထားတယ်။ ဒီဥပဒေမျိုးက နိုင်ငံတိုင်းလိုလိုမှာ ရှိတာပါ။ ဆမတ်ကတော့ အစားအသောက် ချက်ပြုတ်ရေး အစီအစဉ်မှာ ပိုက်ဆံယူပြီး ပါဝင် တင်ဆက်တယ် ဆိုပဲ။

တရားရုံးမှာ ကုမ္ပဏီဖက်က ဆမတ်ဟာ ၀န်ထမ်း မဟုတ်ပါဘူး။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်လာ ၂၃၀၀ ပေးတာပါလို့ ထန်းလက်ကာပါတယ်။ ဆမတ်ကတော့ ပိုက်ဆံလိုချင်လို့ လုပ်တာ မဟုတ်ပါဘူး။ ၀န်ထမ်းလည်း မဟုတ်ဘူး။ ၀ါသနာ အရပါ လို့ ချေပပါတယ်။ ဒါပေမယ့် တရားသူကြီးတွေက ဒါဟာ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆမတ် အနေနဲ့ သူ့ဝန်ကြီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး၊ ရာထူးက အနားယူဖို့သာ ရှိပါတော့တယ်။
ဆမတ် အချက်အပြုတ် ၀ါသနာပါတာကို ဘာမှ ပြောစရာ မရှိပါဘူး။ မြန်မာဝန်ကြီးချုပ်ကိုတောင် သူကိုယ်တိုင် ချက်ကျွေးသေးဆို မဟုတ်လား။ သို့ပေမယ့် ၀န်ကြီးချုပ် ဖြစ်လာရင်တော့ ၀န်ကြီးချုပ် တာဝန်ကို အဓိက ထမ်းဆောင်ရတော့မှာပေါ့။ ၀ါသနာကို မစွန့်လွှတ်နိုင်ရင် အားရက် နားရက်တွေမှာ လုပ်ပေါ့။ ၀န်ကြီးချုပ်က တီဗီမှာ ဟင်းချက်ပြနေမယ် ဆိုရင်တော့…။

ခုတော့ ၀ါသနာကို တလွဲဆံပင်ကောင်းတာကြောင့် ရာထူးပြုတ်ပြီ။ နိုင်ငံရေးကြောင့် ပြုတ်လုလုမှာ မထင်မှတ်တဲ့ အချက်က နော့ကောက်ယူသွားတော့တာပါပဲ။
ဝါရင့်နိုင်ငံရေးသမား တယောက်ဖြစ်နေပါလျက် နိုင်ငံရေး စကားလုံးလည်း မပြောတတ်, မီးဖိုချောင်ထဲကလည်း မထွက်နိုင်တဲ့သူအတွက် အခုလို တနှစ်မပြည့်ခင်မှာပဲ ရာထူးက ဆင်းပေးလိုက်ရတာဟာ ထိုင်းနိုင်ငံသားတွေ ကံကောင်းတယ်လို့ ဆိုရမှာပါ။
စကားလည်း တလုံးမှ မပြော, ဂေါက်သီးရိုက်လိုက်, ဂိမ်းဆော့လိုက် လုပ်နေတဲ့ သူက အနှစ်နှစ်ဆယ်လောက် ကြာနေတာကျပြန်တော့ မြန်မာနိုင်ငံသားတွေ ကံမကောင်းတာပဲပေါ့။
အခုလို ကြီးကျယ်တဲ့ ကိစ္စတွေမှသာ မဟုတ်ပါဘူး။ ကိုယ်ပါဝင်နေရတဲ့ ကိစ္စတိုင်းမှာ သတိပြုဖို့ လိုမယ် ထင်ပါတယ်။ ကိုယ်ရယူထားတဲ့ နေရာ သို့မဟုတ် ကိုယ်လိုချင်တဲ့ နေရာမှာ ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိဖို့ အရေးကြီးလှပါတယ်။

တလောတုန်းက အခမ်းအနား တခုကို ရောက်သွားတယ်။ အခမ်းအနားမှာ ရင်းနှီးတဲ့ မိတ်ဆွေတယောက်က သူ သီချင်းဆိုဖို့ အစီအစဉ် လုပ်ထားတယ်။ သီဆိုဖျော်ဖြေရေးက သူတယောက်တည်း သီးသန့်ပါ။ ဒါပေမဲ့ မိတ်ဆွေခမျာ သီချင်းကို ကောင်းကောင်း မဆိုလိုက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မနက်ပိုင်းတုန်းက ဒို့အရေး သွားအော်တာ အသံနာသွားလို့တဲ့။ သီချင်းဆိုတော့ အသံမထွက်တော့ပါဘူး။ ကျနော် တွေးမိတယ်။ ဒို့အရေး အော်တာ သူ တယောက်တည်း မဟုတ်ဘူး။ အများကြားမှာ ချိုထားလို့ ရတယ်။ ညမှာ သီချင်းဆိုစရာရှိရင် အသံကို နာအောင် အော်ဖို့ မသင့်ဘူး။ သူ့အသံ မကျယ်ရင်လည်း ကျန်တဲ့သူတွေက နားလည်ပေးနိုင်တယ်။ အများကြားမှာ ရောကြိတ်ရမယ့် ကိစ္စနဲ့ ကိုယ်တယောက်တည်း လုပ်ရမယ့် ကိစ္စ၊ ဘာကို ဦးစားပေး လုပ်ရမှာလဲဆိုတာကို မရွေးချယ်နိုင်တာပဲလို့ သုံးသပ်မိတယ်။

မနေ့တနေ့ကပဲ ကြုံရသေးတယ်။ အခြား မိတ်ဆွေ တယောက်ပါ။ ပွဲတခုမှာ ပါဝင်ဖို့ စာရင်းပေးထားပြီးမှ ရောက်မလာဘူး။ စုံစမ်းကြည့်တော့ မနက်ပိုင်းက ဘော်လုံးသွားကန်တာ ခြေနာသွားလို့ မလာနိုင်တာတဲ့။ သူက ဘောလုံးသမားလည်း မဟုတ်ပါဘူး။
ဒီလို ကိစ္စမျိုးတွေ တွေးကြည့်ရင် အများအပြားထွက်လာမှာပါ။ ကိုယ်ကိုယ်တိုင်လည်း ဖြစ်ဖူး ကြုံဖူးနိုင်တာပါပဲ။ အသေးအဖွဲတွေလည်း ရှိနိုင်သလို အရေးပါတာတွေလည်း ရှိနိုင်တာပါပဲ။ ကိုယ်တယောက်တည်းနဲ့သာ ဆိုင်တဲ့ ကိစ္စမျိုးမှာ ဒီလိုဖြစ်လို့ မထောင်းတာသာပေမယ့် အများနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာကျတော့ ရိုက်ခတ်မှုက ကြီးလာတတ်ပါတယ်။ လူများများနဲ့ ပိုဆိုင်လေ ရိုက်ခတ်မှုက ပိုကြီးလေပါပဲ။
တကယ်တော့ လူဟာ ကိုယ်ဘယ်နေရာ ရောက်နေသလဲ ဆိုတာရယ်၊ ဘာလုပ်ရမှာလဲ ဆိုတာရယ်ကို တိတိကျကျ သိဖို့ သိပ်အရေးကြီးတယ် မဟုတ်ပါလား။

Twitter Delicious Facebook Digg Stumbleupon Favorites More