မတရားသဖြင့် နေအိမ်အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နအဖစစ်အုပ်စု၏ ဥပဒေမဲ့ အကန့်အသတ်မရှိထိန်းသိမ်းချုပ်နှောင်ထားမှုနှင့် နအဖ၏ တဖက်သက်လုပ်ဆောင် နေမှုများကို ရှုတ်ချကန့်ကွက်သည့်အနေဖြင့် အစာမစားပဲအစာငတ်ခံဆန္ဒပြနေသည်မှာ ၃ ပတ်ကျော်နေပြီဆို သည့်သတင်းမှာ တကမ္ဘာလုံးအသိပင်ဖြစ်သည်။
ထိုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးနှင့် အသက်အန္တာရယ်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် မြန်မာပြည်ဒီမိုကရေစီစနစ်ပေါ်ထွန်း လာစေရေးအတွက် ကုလသမဂ္ဂမှ တိကျပြတ်သားစွာ ကိုယ်တွယ်ပေးရေးအတွက်ရည်ရွယ်ပြီး ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှဦးဆောင်၍ အစာငတ်ခံဆန္ဒပြခြင်းကို တိုကျိုရှိ ကုလသမဂ္ဂရုံးရှေ့တွင် ယနေ့(စက်တင်ဘာ ၈ ရက် တနင်္လာနေ့)ညနေ ၆ နာရီမှ စတင်ပြုလုပ်နေလျက်ရှိပါသည်။

(ယနေ့ဖြန်ချိသော ထုတ်ပြန်ကြေငြာချက်ဖြစ်ပါသည်)
ပထမအသုတ်အနေဖြင့် အဖွဲ့အစည်းအသီးသီးမှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ (ပေါင်း ၅ ဦး)မှ ၇၂ နာရီ တိတိ အစာငတ်ဆန္ဒပြနေလျက်ပြီး၊ ထူးခြားမှုတစုံတရာမရရှိပါက နောက်တသုတ်အနေဖြင့် ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြသွားမည်ဟု သိရှိရသည်။
ကမ္ဘာ့နိုင်ငံအသီးသီးသို့ရောက်ရှိနေကြသော မျိုးချစ်မြန်မာများအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကုလသမဂ္ဂရုံးရှေ့တွင် အစာငတ်ခံဆန္ဒပြခြင်း၊ မြန်မာ့ပြည်အရေးအတွက် လုံခြုံရေးကောင်စီမှ ထိရောက်စွာကိုင် တွယ်လာသည့်အထိ ဖိအားပေးတောင်းဆိုခြင်းများပြုလုပ်ပေးကြပါရန်လည်း ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ မေတ္တာရပ်ခံထားပါသည်။

လက်ရှိအစာငတ်ခံဆန္ဒပြနေကြသူများမှာ(ဝဲမှာယာ)-
ကိုအောင်လင်းထွန်း(LDB)
ကိုကျော်မင်းထွန်း(DPNS)
မမို;တင့်တင့်ခိုင်(HRDP)
ကိုတင်အောင်(DFB)
ကိုညီညီငယ်(NLD-LA JB)
မှတ်တမ်းဓါတ်ပုံ-
မင်းညိုဝမ်း(မိုးသောက်ကြယ်)
ဦးသန်းဝင်း(BDA Group)

0 comments:
Post a Comment