Tuesday, September 23, 2008

မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ လုပ်ဆောင်မှုသတင်းမှတ်တမ်း

လက်ရှိမြန်မာပြည်အခြေအနေနှင့် ဂျပန်ရောက်ဒုက္ခသည်လျှောက်ထားသူတို့
တွေ့ကြုံခံစားနေရသည့်အကြောင်းများကို ရှင်းလင်းပြောကြား



ဒုက္ခသည်လျှောက်ထားသူများကိုကူညီပံ့ပိုးပေးနေသည့် ဂျပန်အန်ပီအို(non profit organizations)အဖွဲ့တခု ဖြစ်သော Hojin Erubuအဖွဲ့မှ မိုးသောက်ကြယ်စာကြည့်အဖွဲ့သားများကိုဖိတ်ကြား၍ လက်ရှိမြန်မာပြည် အခြေအနေနှင့် ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားကြသည့်မြန်မာလူမျိုးများ တွေ့ကြုံခံစားနေရသည့် အခက်အခဲများကို ရှင်းလင်းပြောကြားသည့်ပွဲကို စက်တင်ဘာ ၂၁ ရက် (တနင်္ဂနွေ)နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပြောကြားပွဲတွင် လက်ရှိမြန်မာပြည်အခြေအနေအကြောင်းကို ကိုတင်မောင်ညီမှရှင်းလင်း ပြော ဆိုပြီး၊ ဒုက္ခသည်လျှောက်ထားများကို ဂျပန်လဝကမှ ဖမ်းဆီးထိန်းသိမ်းနေမှုများနှင့် စိတ်ပိုင်းဆိုင်ရာညှင်း ပန်းနှိပ်စက်နေမှုများအကြောင်းကို ကိုအောင်သန်းမှ ရှင်းလင်းပြောဆိုခဲ့သည်။
မိုးသောက်ကြယ်စာကြည့်တိုက် ဖြစ်ပေါ်လာပုံနှင့် တည်ထောင်ရ ခြင်းရည်ရွယ်ချက်ကိုတော့ မတင်တင်းဝင်းမှ ရှင်းလင်းပြောဆိုပေးခဲ့သည်။



Hojin Erubuအဖွဲ့မှလည်း နာဂစ်လေဘေးဒုက္ခသည်များကို ဂျပန်အန်ဂျီအို၊ အန်ပီအိုများမှ ကူညီပေးမှုများ ထိရောက်မှုရှိ-မရှိကိုပြန်လည်မေးမြန်းခဲ့ပြီး ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးများ၏အခက်အခဲများ ကိုလည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု ကတိစကားပြန်လည်ပြောကြားခဲ့သည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More