Sunday, May 3, 2009

တနှစ်ပြည့်မြောက်နာဂစ်နှင့် ရင်ထဲကစကား


မင်္ဂလာပါခင်ဗျာ။

နာဂစ်မည်သောပန်းတပွင့်...

မတိုက်ခင်ည...
အကင်ဆိုင်မှာထိုင်နေရင်း နဲ့ တီဗွီမှာ အောက်ခြေစာတန်းတွေထိုးနေတုန်းပေါ့။ သူငယ်ချင်းတသိုက်သောက်ရင်းစားရင်းနဲ့ ဓ ဟေ့ကောင် နာဂစ်တဲ့ဟ ဒီညဖြတ်မယ်ပြောတယ် ဓ

ဓ နာဂစ်တော့မသိဘူး ကာကစ်ကတော့ ဘောလုံးကန်တယ်။ဓ သောက်ရင်းစားရင်းနဲ့ အိမ်ပြန်လာပြီ မူးမူးနဲ့ အိပ်လိုက်တာ ဝုန်းဒိုင်းကြဲတော့မှပဲနိုးတော့တယ်။ အားပါးပါး နည်းနည်းနောနော မိုးလား.. ဒီလိုနဲ့ကြည့်နေရင်းအရှေ့တိုက်တွေ ပေါ်က စလောင်းတွေ တခုပြီးတခု မြေခခဲ့ရတာပေါ့။ သိပ်မကြာခင်မှာပဲ သဘောပေါက်လိုက်တာက ဒီလိုအဖြစ်မျိုး မကြုံဖူးဘူးဆိုတာသေချာပြီ ရတုန်းရခိုက်မှတ်တမ်းလေးတင်မယ် ဆိုပြီး ဗွီဒီယိုကင်မရာလေး နဲ့မှတ်တမ်းတင်လိုက်မိပါတော့တယ်။ မိုးလည်းလင်းရော အပျက်အစီးအဆုံးအရှုံ့းတွေကို လိုက်ကြည့်မိပါတယ်။ ကမ်းနားလမ်းတလျှောက်ကားကိုကြိုးစားမောင်းရင်း နဲ့ မှတ်တမ်းတင် ခဲ့မိပါသေးတယ်။ နောက်တော့သတင်းတွေက အဆက်မပြတ်ဝင်လာပါတော့တယ်။ ဧရာဝတီတိုင်း ရဲ့ဆုံးရှုံးမှုတွေပေါ့။

အားလုံးသိပြီးသားဆိုတော့ အကျယ်တဝင့်မပြောတော့ပါဘူး။ နောက်တော့ နေပြည်တော်မှာနေတဲ့ ယောက်ဖရောက်လာပါတယ်။ သူဆီကသတင်းတွေက ပိုပြီး အံ့ဩဖို့ကောင်းနေပြန်ပါတယ်။ မုန်တိုင်းမတိုက်ခင် အမေရိကန်ဆိုက်ကလုံး( တိုင်ဖုန် စင်တာက ရန်ကုန်ကိုဖုန်းဆက်တယ်။ ဓ မင်းတို့ဆီကိုမုန်တိုင်းဖြတ်မယ် အင်အားပြင်းမယ် ဘာတွေပြင်ဆင်ပြီးပြီလဲ အကူအညီလိုရင်ပြောပါဓ ဆိုပြီး။ ဒါပေမယ့် သိတော်မူကြတဲ့အတိုင်းပဲ ပေါ့ အထက်ကိုတင်ပြလိုက်ပါ့မယ်ဆိုပြီး......။ တိုက်ပြီး မနက်မှာနေပြည်တော်က နေပြီး ပုသိမ်တိုင်းမှုးဆီကိုဖုန်းဆက်တယ် အခြေအနေဘယ်လိုလဲပေါ့။ သို့သော်လည်း ပုသိမ်ကိုမထိတဲ့မုန်တိုင်းကြောင့်ပုသိမ်ကတိုင်းမှုးကလ ည်း အေးဆေးပါဆိုပြီးဖြေလိုက်တယ်။ မုန်တိုင်းတိုက်ပြီးပြီးချင်း မှာပဲ ဝန်ကြီးချုပ်ရယ်၊ ဗိုလ်ချုပ်ကြီးရွှေမန်းရယ်၊ အတွင်းရေးမှုး(၁) ရယ် အခန်းတခုထဲမှာထိုင်ပြီး ခေါင်းချင်းရိုက်နေကြပါပြီ။ ဘာလုပ်ရမှန်းမသိပေါ့။ အဲဒီအချိန်မှာပဲ ဒုချုပ်ဆီကဖုန်းဝင်လာတယ် ဘာလုပ်နေကြလဲ ဂေါက်ရိုက်ရအောင်လာကြကွာ ဆိုပြီးခေါ်တာပါ။ ဂေါက်ကွင်းရောက်တော့ မိုးကအရမ်းရွာနေတာကြောင့် ဘယ်လိုမှမရိုက်နိုင်လို့ ပြန်လာခဲ့ကြပါတယ်။ အဲဒီအချိန်အထိနံပါတ် ၁ နဲ့ ၂ ကမုန်တိုင်းတိုက်တာကိုမသိသေးပါဘူးတဲ့။ ( အားကိုးထိုက်တဲ့ခေါင်းဆောင်များပါ့လား။ ) သိလည်းသိသွားရော ဝန်ကြီးချုပ်ကိုတာဝန်ပေးလိုက်ပါတယ်။ လိုအပ်တာကိုကြိုက်သလိုသုံးနိုင်တယ်ဆိုပြီး။ အဲဒီမှာ စပြီးမှားပါတယ်။ တကယ်တာဝန်ပေးရမှာက ဗိုလ်တင်အောင်မြင့်ဦးပါ။ သူ့မှာ စစ်တပ်တတပ်လုံး ကယာဉ်တွေ( ဘာယာဉ်ဖြစ်ဖြစ် ) သုံးနိုင်တဲ့အခွင့်အာဏာရှိပါတယ်။အဲ သူ့ကိုမပေးဘဲ ဝန်ကြီးချုပ်ကိုတာဝန်ပေးတော့ တခုခုဆိုရင် သူ့ဆီကိုတခါ လှမ်းတောင်းနေရပါတယ်။ နောက်တော့ နေ့လည် ၂ နာရီကျော် ၃နာရီလောက်မှာမှ ကားတန်းက နေပြည်တော်ကထွက်လာပါတယ်။ ( သတင်းမှာတော့ မနက်ကတည်းကထွက်တယ်လို့ ရေးခဲ့ပါတယ်) တကယ်တော့မဟုတ်ပါဘူး။ စကားစပ်မိလို့လျှောက်ရေးတာ ဘာတွေရေးမိမှန်း မသိတော့ဘူး။ ထားပါတော့။ ကျွန်တော်တို့နေနေရတဲ့ ခေါင်းဆောင်ဆိုတာဒါမျိုးတွေပါဗျာ။ တကမ္ဘာလုံးကတန်ဖိုးထားလေးစားရတဲ့ ကုလ အတွင်းရေးမှုးချုပ်ကို ဗီဇာ ချက်ချင်းမပေးတာ။ ကိုယ့်တိုင်းသူပြည်သားတွေကို အကာအကွယ်မပေးတာ။ ကမ္ဘာကိုကိုင်လှုပ်တဲ့သတင်းတွေပေါ့ဗျာ။

ဘန်ကီမွန်းခမျာဖုန်းတော့ဆက်ရှာသား ဒီကကိုင်မှမကိုင်တာ အဲဒီတော့ ထိုင်းဝန်ကြီးချုပ်ကိုစာနဲ့ လွှတ်ရတဲ့အထိပဲ။ ( ဟိုက အင်္ဂလိပ်လိုပြောတာကိုပြန်မပြောတတ်လို့မကိုင်တာလဲ ဖြစ်နိုင်တာပဲ) နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေးကူညီရေးဆိုတာတွေ ကသတင်းတွေမှာ နေရာယူလာကြပါပြီ။

ရီတော့ရီရတယ်နော် ကိုယ့်တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို နိုင်ငံခြားသတင်း ချယ်နယ်တွေကြည့်မှသိရတဲ့ဘဝ။ ထားပါလေ။ နောက်ပိုင်းကူညီရေးမှာတော့ မတောက်တခေါက်လေးပါဝင်ခဲ့ပါတယ်။ ကျွန်တော်သွားတဲ့ ရွာတွေမှာတော့ နိုင်ငံခြားအကူအညီ ဆိုတာကြားတောင်မကြားဖူးကြပါဘူး။ ( ကျွန်တော်သွားတာ တိုက်ပြီး ၃ ပတ်ခန့်ရှိမှပါ။) ကိုယ်စွမ်းသလောက်တော့ ကူညီခဲ့ပါတယ်။ တတ်နိုင်သလောက် အလှုခံ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဇဂနာတို့ အလောင်းကောက်လို့ထောင်ကျသွားတဲ့ ပုဂ္ဂိုလ်တို့လိုမျိုး နဲ့ယှဉ်ရင်တော့ နံ့သာဆီနဲ့ အီးပေါ့ဗျာ။

မုန်တိုင်းအပြီးအကူအညီပေးတဲ့ကိစ္စတွေမှာ ကျွမ်းကျင် ပညာရှင်လိုတယ်ဆိုတာသိပေမယ့် သေချာဂဂဏဏ မသိခဲ့ပါဘူး။ တခေါက်ကွမ်းခြံကုန်းဟိုဖက် ကိုသွားတော့ ကျွန်တော်တို့ ကွမ်းယာရယ်ဆေးပေါ့လိပ်ရယ် အများကြီးဝယ်ခဲ့ပါတယ်။ ရွာတွေရောက်တော့ ရွာသားတွေကို ဆေးလိပ်ကွမ်းယာတွေဝေရင်းနဲ့ ပီတိဖြစ်ခဲ့ရပါသေးတယ်။ တရွာလည်းရောက်ရော အမျိုးသားတယောက်က ကျွန်တော့်မှာမပါတဲ့ ဆေးလိပ်တံဆိပ်တခုကို မေးပါတယ်။ ပင်ပန်းလည်းပင်ပန်း အလကားလာပေးတဲ့လူကိုချေးများတယ်ဆိုပြီး စိတ်က ထောင်းခနဲဖြစ်ပြီး မပါဘူးဗျာ ခင်ဗျားဒါမလိုချင်လည်းမတတ်နိုင်ဘူးဆိုပြီးဘုတော လွှတ်လိုက်ပါတယ်။

အဲဒီအကြောင်းကိုရန်ကုန်ပြန်ရောက်တော့ အဖေ့ကိုပြောပြမိတယ်။ ကိုယ်ကတော့ဘာရယ်မဟုတ်ပါဘူး အတွေ့အကြုံတခုအနေနဲ့ပြောပြတာပါ။ အဲဒီမှာပဲ အဖေက ဘာပြောလည်းဆိုတော့ ဓ အဲဒါပြောတာပေါ့ကွာ ပညာရှင်လိုတယ်ဆိုတာ။ သူ့မှာ အရာရာဆုံးရှုံးသွားလို့ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ သူလိုချင်တာလေး တခုကိုတောင်းမိတာ အပြစ်လားကွာ။ မင်းသေချာပြန်စဉ်းစားကြည့်စမ်း။ အဲလိုအချိန်မှာမင်းပြန်ပြောရမှာက မပါသေးဘူး အစ်ကိုကြီးရယ်နောက်တခေါက်လာရင်ယူလာမယ် ဘာညာဆိုပြီး ပြောရမှာလေကွာ။ ဓ တဲ့။

အဲဒီအချိန်မှာ ကျွန်တော် တော်တော်လေးနောင်တရသွားတယ်ဗျာ။ ဟုတ်ပါတယ် ကျွန်တော်မှားသွားတယ်။ ကျွန်တော်တို့ဆီမှာဖြစ်ရတဲ့ ပြဿနာရဲ့အဓိက အကြောင်းအရင်းက ယုံကြည်ရတဲ့အစိုးရတရပ်မရှိတာပါပဲ။ တကယ်လို့သာကျွန်တော်တို့ အနေနဲ့ ယုံကြည်ရတဲ့အစိုးရတခုရဲ့ခေါင်းဆောင်မှုအောက်မှာသာဆိုရ င် ပြည်သူတွေ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့အလှုတွေဟာပိုပြီးထိရောက်မှာမလွဲပါဘူး။ ဥပမာ အောင်ဆန်းကွင်းလိုနေရာမျိုးမှာ အလှုပစ္စည်းလက်ခံစခန်းဖွင့်ထားမယ် အဲဒီပစ္စည်းတွေကို စနစ်တကျ လှုပေးမယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲ။ သေချာပြန်စဉ်းစားကြည့်ရင် ပြည်သူနာပါတယ်။ အမှတ်တရပြောတာရေးတာတော်တော်လေးရှည်သွားပြီ ခဏနားပါဦးမယ် ။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More