Monday, May 11, 2009

ရွှေဂုံတိုင်ကြေငြာစာတမ်းအား ဂျပန်ရှိမြန်မာတို့ထောက်ခံ


တိုကျို၊ မေ(၁ဝ)
၂ဝ၁ဝ ရွှေးကောက်ပွဲနှင့်ပါတ်သတ်၍ အန်အယ်လ်ဒီအဖွဲ့ချုပ်(ဗဟို)မှ နိုင်ငံရေးအကျဉ်းသားများလွတ်ပေး

ရန်၊ ၂ဝဝ၈ ခုနှစ်အခြေခံဥပဒေကိုပြင်ဆင်ရန်နှင့် ရွှေးကောက်ပွဲတွင်အလွှာအသီးသီးပါဝင်ပြီး နိုင်ငံတကာကစောင့်ကြည့်ခွင့်ပေးရန် စသည့်ချွင်းချက်(၃)ခုပါရှိသည့် ရွှေဂုံတိုင်ကြေငြာချက်စာတမ်းကို ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အင်းစုများမှ ထောက်ခံကြိုဆိုကြောင်း ပြသသည့်အခမ်းအနားတရပ်ကို ယနေ့နံနက်မနက်ပိုင်းတွင် တိုကျိုမြို့၊ အီကဲဘူးကူးရိုးရှိ ခန်းကိုးပလာဇာခန်းမ ၇ ထပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
''ရွှေဂုံတိုင်ကြေငြာစာတမ်းက လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းတွေ၊ ထွက်ပေါက်အနေနဲ့ရော နောက် အနာဂါတ်မြန်မာနိုင်ငံကို ကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် အပြုသဘောဆောင်တဲ့ကြေငြာစာတမ်းတခု ဖြစ်သလို ဒီပါတီရဲ့အခြေခံမှုဝါဒတွေ၊ သဘောထားတွေကို ထင်ဟပ်တယ်၊ နောက်ပြည်သူ့ဆန္ဒကိုဖော်ဆောင်ပေးတဲ့အတွက် ထောက်ခံတာပါ''ဟု အန်အယ်လ်ဒီ(ဂျပန်)၏ ဒု-ဥက္ကဋ္ဌဦးလှဟန်မှ ထောက်ခံရခြင်းအကြောင်းကိုပြောပြသည်။
(၁၉၉ဝ)ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ''ဂန္ဓီကြေငြာစာတမ်း''ကိုထုတ်ပြန်ခဲ့ဖူးပြီး တောင်းဆိုချက်အပြင် ထူးခြားစွာဖြင့် နိုင်ငံရေးလမ်းညွန်ချက်များပါ ပါဝင်သည့် ယခုထုတ်ပြန်သည့်''ရွှေဂုံတိုင်ကြေငြာစာတမ်း''ဖြင့် ကြေငြာစာတမ်း(၂)ခုကို အန်အယ်လ်ဒီအဖွဲ့ချုပ်အနေနှင့် သမိုင်းဝင်ထင်ထင်ရှားရှားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
''ရွှေးကောက်ပွဲဘဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့လိုချင်တဲ့ Multi-Democratic System ကိုသွားတဲ့အခါ Democratic Principleကင်းမဲ့တဲ့ Conditionအောက်မှာဘယ်လိုမှလွတ်လပ်တဲ့အလုပ်မဖြစ်နိုင်ဘူး၊ အလားတူပါဘဲ Constitutionအမှားအယွင်းရဲ့နောက်မှာ ရွှေးကောက်ပွဲနဲ့Democratic Principleကို မဖောက်ဆောင်နိုင်ပါဘူး''ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ကျောင်းသားတပ်မတော်ဥက္ကဋ္ဌရဲဘော်သံခဲမှတက်ရောက်ပြောကြားသည်။ ဂျပန်ရှိမြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂ၏ဥက္ကဋ္ဌဖြစ်သူဦးတင်ဝင်းမှလည်း ''ဒီသမိုင်းဝင်ကြေငြာစာတမ်းတခုဟာ ကျနော်တို့ တကယ်ဘဲ ထောက်ခံဖို့သင့်သလားဆိုတာ ပြန်စဉ်းစားရအောင်၊ ဒီနေရာမှာကျနော်ထင်ပါတယ်၊ ဒီကြေငြာချက်ဟာ ပြည်သူလူထုနှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခံယူချက်၊ သဘောထားဖြစ်ချင်တဲ့ဆန္ဒကိုရောက်အောင် ပို့ပေးနိုင်သလားဆိုတာစဉ်းစားရမယ်၊ အဲ့လိုသွားတဲ့နေရာမှာ လက်တွေ့မပါတဲ့ ဆန္ဒသက်သက်လားဆိုတာဆိုတာ စဉ်းစားရမယ်''၄င်း၏အမြင်ကိုရှင်းလင်ပြောပြသည်။


အဆိုပါထောက်ခံကြိုဆိုသည့်အခမ်းအနားကို ဂျပန်နိုင်ငံအခြေစိုက် NLD(LA-JB) မှ ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ဒီမိုကရေစီအင်အားစု အစုံအလင်တက်ရောက်ထောက်ခံခဲ့ကြသည်။ ဂျပန်အစိုးရအပါအဝင်နိုင်ငံတကာရှိ အစိုးရများမှ နအဖစစ်အစိုးရအား လိုက်လျောပူးပေါင်းပါဝင်လာစေရေး ဖိအားပေးနိုင်ရန်အတွက် အလုပ်သဘောပါသည့် ကြေငြာစာတမ်းအခုကို ဂျပန်ရှိတိုင်းရင်းသားအဖွဲ့အစည်းများမှခေါင်းဆောင်များနှင့်အတူ ယခုကြေငြာစာတမ်းထောက်ခံပွဲအပြီး၌ ပူတွဲထုတ်ပြန်ခဲ့ကြကြောင်းလည်း သိရှိရသည်။
Reported by: Thant Myo Htway(Moe Thauk Kye)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More