Sunday, May 3, 2009

ဂျပန်နံမည်ကျော်အဆိုတော် များမှ နာဂစ်ရံပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်


သီဆိုမည့်တေးသီချင်းများကို ကိုယ်တိုင်ရေးစပ်ပြီး စန္ဒယား ကိုကိုယ်တိုင်တီးခတ်၍ ဖျော်ဖြေ လေ့ရှိသည့် ဂျပန်နံမည်ကျော်အ ဆိုတော် Tomoe Sawaမှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်သင့်မြန်မာပြည်သူ များအတွက် သီဆိုခမယူဘဲ တိုကျို မြို့၊ Shibuyaရပ်ရှိ Tower Records Vedio and Booksရောင်းချသည့်စင်တာတွင် မေလ ၂ ရက်(စနေနေ)့က သီဆိုဖျော်ဖြေသွားခဲ့သည်။

''Kokoro, Iiuta Iroiro, When I was most Beautiful''စီးရီးများဖြင့် နံမည်ကျော် တဦးဖြစ်လာခဲ့သည့် ကိုးရီးယား ကပြားလူမျိုးTomoe Sawaမှ ဂျပန်သီချင်းအပြင် ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း (၉)ပုဒ်ကို အားပါးတရဖျော်ဖြေ သွားပြီး သီးချင်းတပုဒ်နှင့်တပုဒ် အကြားတွင် သူမလေ့လာထား သည့် မြန်မာပြည်အရေး၊ နအဖ စစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ခြင်း ကြောင့် မြန်မာပြည်သူများ အတိ ဒုက္ခရောက်ရခြင်းအကြောင်းများ ကိုပါ ဟောပြောသွားခဲ့သည်။

''ပရိတ်သတ်ထဲက မြန်မာ ပြည်ကိုရောက်ဖူတဲ့သူများရှိပါသ လား။ ကျမတော့မရောက်ဖူး သေးပါဘူး။ ဒါပေမဲ့စိတ်ဝင်စား စရာကောင်းတဲ့မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူ ပါတယ်လို့ပြောပါရစေရှင်၊ ပြီး တော့ ဒီConcertပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့်...''ဟု ချိုသာစွာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပြီး ဂျပန်အနုပညာရှင် Ito Seiro Sanနှင့်တွဲဖက်၍ ဒေါ်အောင် ဆန်းစုကြည်အတွက်ရေးစပ်ထား သည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆို မှုကိုပါ ပြုလုပ်သွားခဲ့သည်။

ဂျပန်ပရိတ်သတ်(၂ဝဝ)ကျော် မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့် လာရောက်အားပေးခဲ့ကြပြီး သူမ၏နာဂစ်ရံပုံငွေစီဒီအခွေကို တချပ်လျင် ယန်း ၁၈ဝဝ ဖြင့်ရောင်းချ၍ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူ ဒါန်းသွားမည်ဟုသိရှိရပြီး 'မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)တဆင့် စီစဉ်ပေးသွားမည်ဟုသိရှိရသည်။

Reported by: Thant Myo Htway (Moethaukkye)
Vedio document by: Mg Mg Gyi(BDA Group)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More