Wednesday, June 9, 2010

1 comments:

ဂျပန်နိုင်ငံမှ မြန်မာ့ ဒီမိုကရေစီ အရေး ဆောင်ရွက်သူ များသို့ 

သင်တို့ ၏ စိတ်ထဲတွင် ရှိနေသည့် “အမိမြန်မာပြည် ကောင်းစားရေး အတွက်” ဆိုသည့် တူညီသော အချက်များက သင်တို့ အား အဓိက ခေါ်ဆောင် လာခြင်းဖြစ်သည်။ သင်တို့  သည် ဒီမိုကရေစီ ထွန်းကားသော နိုင်ငံကြီး တစ်ခုတွင် နေထိုင်ခွင့် ရရှိနေသဖြင့် ဒီမိုကရေစီ၏ အသီး အပွင့်များကို ခံစားနေရသည်။ ဒီမိုကရေစီစနစ် နှင့် ပတ်သက်သော အတွေ့ အကြုံများ ရှိကြသည်။ စုပေါင်း လုပ်ဆောင်တတ်သော အလေ့အထများ ရှိကြသည်။ ဂျပန်အစိုးရ ၏ စည်းမျဉ်း ဥပဒေများ အတွင်းမှ နေထိုင်နိုင်သော အရည်အချင်းများ ရှိကြသည်။

ဒါပေမဲ့ အမှန်ကို ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဂျပန်နိုင်ငံတွင် သင်တို့ အတွက် နေရာမရှိပါ။ နေရာပေးစရာ အကြောင်းလဲ မရှိပါ။

မြန်မာနိုင်ငံတွင် ပြည်သူလူထု မှ ရွေးကောက်ပွဲတွင် ရွေးချယ်ပြီး တက် လာမည့် အစိုးရ နှင့် ဂျပန်အစိုးရ ဆက်ဆံရေးက လက်ရှိ စစ်အစိုး၏ ဆက်ဆံရေး နှင့် ထက်တော့ ပိုမို ကောင်းမွန် လာမည် မှာ သေချာသည်။

ထိုကဲ့သို့ သော အခြေအနေ ရောက်လာလျှင် ဂျပန်အစိုးရ နှင့် သင်တို့ အား ပံ့ပိုးနေသော လွှတ်တော် အမတ်များမှ သင်တို့ အား တစ်ချိန်လုံး ထောက်ပံ့ ကျွေးမွေး နေထိုင်ခွင့် ပေးထားနိုင် မည်လား စဉ်းစား သင့်သည်။

မြန်မာ့ ဒီမိုကရေစီ အရေးအား နှစ်ပေါင်းများစွာ ကထဲက တစ်စိုက်မတ်မတ် အကူအညီ ပေးခဲ့သော၊ သင်တို့  အလွန် အားကိုးခဲ့သော မစ္စတာ ဟာတိုရာမ သည်ပင် ဝန်ကြီးချုပ် ဖြစ်နေစဉ် ကာလမှာ မြန်မာ့ ဒီမိုကရေစီ အရေးအား အမှန်တစ်ကယ် ထိထိရောက်ရောက် ဘာဆောင်ရွက် ပေးနိုင်ခဲ့ပါသလဲ ဆိုတာ စဉ်းစားသင့်သည်။

သင်တို့ ၏ တန်ဖိုးရှိသော အရည်အချင်း နှင့် အတွေ့ အကြုံများအား အမိမြန်မာပြည် ကသာ ထိုက်ထိုက် တန်တန် နေရာပေး အသုံးချခွင့် ပြုပါလိမ့်မည်။ သင်တို့  ရရှိ ခံစား နေရသည့် ဒီမိုကရေစီ၏ အသီး အပွင့်များကို အမိ မြန်မာပြည် အား မျှဝေ စေလိုသည်။

သင်တို့ ၏ တန်ဖိုးရှိသော အချိန်များအား တစ်ချိန်လုံး အစည်းအဝေးတွေလုပ်၊ အထိမ်း အမှတ် ပွဲလမ်းတွေ လုပ်၊ ဆန္ဒပြပွဲတွေ လုပ်နေယုံနဲ့  မပြီးသေးပါ။ သင်တို့ ၏ ဘဝ တိုးတက်ရေး အတွက် လည်းကောင်း၊ မြန်မာ့ ဒီမို ကရေစီ အရေးများ ဆောင်ရွက်ရာတွင် အထောက် အကူ ပြုနိုင်စေရန် အတွက် လည်းကောင်း၊ တိုင်းပြည် တည်ဆောက်ရာ တွင် တစ်တပ်တစ်အား ပါဝင်နိုင်ရန် ရှေရှည် ရည်မှန်း ချက်များ ထားလျက် တစ်ဦးချင်းစီ၏ အရည် အသွေး ပိုမိုတောက်ပြောင် တိုးတက်လာစေရန် လိုအပ်သော အသိပညာများအား ဆက်လက် လေ့လာ သင့်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More