Saturday, June 5, 2010

ဘဏ္ဍာရေးဝန်ကြီးအား ဂျပန်ဝန်ကြီးချုပ်အသစ်အဖြစ်ရွေးချယ်တင်မြှောက်

ဂျပန်နိုင်ငံ၏ ၉၄ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် ဘဏ္ဍာရေးဝန်ကြီး Naoto Kan အား ဇွန်လ(၄)ရက်နေ့ကရွေးချယ်လိုက်သည်။ လွန်ခဲ့သောရက်များက ဒုတိယ၀န်ကြီးချုပ် တာဝန်ပါယူခဲ့သူ အသက် (၆၃)နှစ်ရှိKan သည် DPJ(Democratic Party of Japan)ပါတီ၏ 422DPJ Diet အဖွဲ့ဝင်များမှနေ၍ပါတီ၏ အကြီးအကဲအဖြစ်ရွေးချယ်ခဲ့ကြသည်။


Kan သည်မဲအရေအတွက် ၂၉၁ မဲရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ အသက် (၅၀)အရွယ် အောက်လွှတ်တော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီအမတ် Shinji Tarutoko မှာ ၁၂၉ မဲရရှိခဲ့သည်။ အထက်လွှတ်တော်နှင့်အောက်လွှတ်တော် ၂ရပ်စလုံးမှ Kan အားဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့ကြသည်။ ပါတီအတွင်း ရွေးကောက်ပွဲအတွက် အရေးပါသောနေရာမှာ အရှက်တကွဲအကျိုးနည်းစွာ ရာထူးမှဆင်းပေးခဲ့ရသည့် ပါတီ၏သြဇာ အကြီးမားဆုံးဖြစ်ခဲ့သူ Ozawa ၏အထွေထွေအတွင်းရေးမှူးနေရာဖြစ်သည်။

ဇွန်လ (၃)ရက်နေ့ကပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ ပါတီအတွင်း ထောက်ခံသူအများအပြားရှိနေသော Kan ကဥပဒေပြု လွှတ်တော်အမတ်များအပါအ၀င် နောက်လိုက်ပေါင်း ၁၅၀ခန့်ရှိနေသည့် Ozawaနှင့် မပတ်သက်ကြောင်း ပြမည်ဟုပြောကြားခဲ့သည်။ သို့သော်လည်း Kan အနေနှင့် လက်ရှိအစိုးရအဖွဲ့အတွင်း Ozawa၏ နိုင်ငံရေးသြဇာသက်ရောက်နေခြင်းကို ကျော်လွှားနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရဦးမည့် အချက်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး Katsuya Okada၊ ဆောက်လုပ်ရေးဝန်ကြီး Seiji Maehara ၊ ဒုတိယဘဏ္ဍာရေးဝန်ကြီးYoshiko Noda၊ တို့က Kan အားထောက်ခံခဲ့ကြသည်။

“ဟာတိုယာမ လွှဲပြောင်းပေးခဲ့တဲ့ ဂျပန်နိုင်ငံပြန်လည်တည်ဆောက်ရေးမီးရှူးတိုင်ကိုကျွန်တော် ဆက်လက်၍သယ်ဆောင်နိုင်လိမ့် မည်ဟုမျှော်လင့်ကြောင်း” Kan ကပြောခဲ့သည်။

Kan သည် ဒီမိုကရက်တစ် ဆိုရှယ်လစ်သမဂ္ဂ မှနေ၍ အောက်လွှတ်တော်အမတ်အဖြစ် ၁၉၈၀ခုနှစ်တွင်ပထမဦးဆုံးအကြိမ်အရွေးချယ်ခံခဲ့ရသည်။ သူ၏တောက်ပခဲ့သောအချိန်မှာ New Party Sakigake ပါတီဝင်အဖြစ် ကျန်းမာရေးနှင့်သာယာဝပြောရေးဝန်ကြီးတာဝန်ကို
ထမ်းဆောင်ခဲ့စဉ်ကဖြစ်သည်။ ထိုနောက် ဟာတိုယာမနှင့်အတူ DPJ ပါတီ ဖွဲ့စည်းစဉ်၌ပါဝင်ခဲ့သည်။ DPJ ပါတီ ၏အကြီးအကဲအဖြစ် ၁၉၉၈မှ ၁၉၉၉ အတွင်းနှင့် ၂၀၀၂မှ၂၀၀၄ခုနှစ်အတွင်းတာဝန်ယူခဲ့သည်။
မောင်အောင်ဌေး-AFP, Japantodayမှ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More