Wednesday, June 16, 2010

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုပွဲများပြုလုပ်မည်

ဇွန်လ ၁၉ ရက်(စနေနေ့)တွင်ကျရောက်မည့် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့မင်္ဂလာနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ယခင်နှစ်များအတိုင်း ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် သွေးလှူခြင်း၊ ဇိဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ထိုင်းနယ်စပ်ရှိ သွေးသစ်စာသင်ကျောင်းသို့ ငွေလှူတန်းခြင်းများပြုလုပ်ကြမည်ဖြစ်သည်။

အဆိုပါ ဇွန်လ ၁၉ ရက်(စနေနေ့)နံနက်ပိုင်းတွင် မိုးသောက်ကြယ် စာ ကြည့်တိုက်မှဦးစီး၍ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်မြောက်ဖို့နှင့် အသက်ရာကျော် ရှည်စေဖို့အတွက် ဇီဝိတဒါနငါးလွှတ်ခြင်းနှင့်၊ သွေးလှူတန်းခြင်း အစီ အစဉ်များကို အောက်ပါအတိုင်းကျင်းပမည်ဟုသိရပြီး အတူတကွပူး ပေါင်းကုသိုလ်ပြုလုပ်လိုသူများကိုလည်းဖိတ်ခေါ်အပ်ပါသည်။

ငါးလွှတ်ခြင်းကိုနံနက် ၁၁းဝဝ နာရီအချိန်တွင် Kawaguchiရှိ Arakawaမြစ်တွင်ပြုလုပ်မှာဖြစ်ပြီး၊ သွေးလှူတန်းခြင်းကိုတော့ နေ့လည် ၁၂း၃ဝ နာရီတွင် Akihabara မြို့ရှိ သွေးလှူဘဏ်တွင် လှူတန်း ကြမည်ဖြစ်သည်။


ထို့အပြင် မိုးသောက်ကြယ်စာကြည့်တိုက်မှ ပြုစုပျိုးထောင်ထားသော ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နောက်ဘွားကျေးရွာတွင်တည်ထောင်ထားသည့် သွေးသစ်စာသင်ကျောင်းရှိ ကလေးငယ်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေကြေးထောက်ပံ့လှုတန်းမည်ဖြစ်သည်။

အတူတကွပူးပေါင်းကုသိုလ်ပြုလုပ်လိုသူများ ဝ၉ဝ ၈၇၂ဝ ၉ဝ၁၇၊ ဝ၉ဝ ၂၄၈၆ ၂၈၉၇၊ ဝ၉ဝ ၉ဝ၁၇ ၂၁၆၆၊ ဝ၉ဝ ၆၁၅၂ ၂ဝ၂၉၊ ဝ၈ဝ ၁၂၁၉ ၈၅၃ဝသို့ ဆက်သွယ်နိုင်ပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More