Monday, June 28, 2010

နအဖစစ်အစိုးရမှ လူသားမဆန်စွာ အမျိုးသမီးများအပေါ်ကျူးလွန်ထားသည့် ပြစ်မှုများကို တိုကျိုတွင်ရုံးတင်စစ်ဆေး




တိုကျို၊ ဇွန်(၂၇)
သတင်း-သန့်မျိုးထွေး
နအဖစစ်အစိုးရမှ စစ်တပ်အာဏာကိုအသုံးပြု၍ မြန်မာနှင့်တိုင်းရင်းသားအမျိုးသမီးများအပေါ် လူသားမဆန်စွာ ပြုမှုကျူးလွန်ထားမှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှတာဝန်ယူ၍ နိုင်ငံတကာပြည်သူ့ခုံရုံး(International Tribunal - Japan)ကိုဖွဲ့စည်း၍ ကြားနာစစ်ဆေးမှုကို တိုကျိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။
Crime Against Huminity Act၏ ပုဒ်မ(၇)အရ လူသားမဆန်စွာ အမျိုးသမီးများအပေါ် နှိပ်စက်ညှင်းပန်းသည်ဆိုသော ဆွဲဆိုချက်ဖြင့် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဓိကတရားခံအဖြစ် တရားဆွဲဆိုသည့် စုံစမ်းကြားနာမှုအတွက် ချီးဘားတက္ကသိုလ်မှ ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)အပါအ၀င် ဂျပန်တရားရုံးချုပ်တရားသူကြီးများ၊ ရှေ့နေများအသင်းဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များစသည့် စုစုပေါင်း(၅)ဦးပါဝင်သည့် ခုံရုံးတရားသူကြီးများဖြင့် တရားဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက်ရှေ့နေရှေ့ရပ်များကိုအသုံးပြုကာ အပြန်အလှန်ချေပ ရင်ဆိုင်ကြားနားခဲ့ကြသည်။
တရားရုံးကျင်းပ၍ စစ်ဆေးနိုင်ရန် ဦးဆောင်လှုပ်ဆော်ခဲ့သူ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)၏ ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ နအဖချက်ချင်းကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲမဖြစ်ဘူး၊ ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထားအချက်အလက်နဲ့မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းပြသည်။
တရားလိုလည်းဖြစ်၊ အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ရသည့် အမျိုးသမီး(၃)ဦးက တရားရုံးတော်ရှေ့တွင် ကိုယ်တိုင်ထွက်ဆိုအစစ်ဆေးခံခဲ့ကြပြီး တရားလိုများဖက်မှ မြန်မာ့အရေးကို အစဉ်တစိုက်ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး ရှိုဂိုဝါတာနာဘဲနှင့်ယုကိဒါ ဂျူရိအပါအ၀င် ရှေ့နေ(၈)ဦးမှ သက်သေများကို စစ်ဆေးမေးမြန်း၍ စွဲချက်ကို တက်ပြလျှောက်ထားခဲ့ကြသည်။
``ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမဆန်တဲ့ စစ်တပ်က လူသတ်မုဒိန်းကျင့်မှု၊ ဖမ်းဆီးမှု၊ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်မရတဲ့ တဖက်သတ် တရားစွဲဆိုမှုတွေကို လုပ်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာက နားလည်လက်ခံထားတဲ့ လူသားဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒီနေ့ရုံးတော်မှာ လာရောက်ထွက်ဆိုတဲ့ အမျိုးသမီးတွေရဲ့ထွက်ဆိုချက်ကို နားထောင်ကြည့်မယ်ဆိုရင် ဘယ်လောက်ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ်´´ဟု စသဖြင့် တရာလိုရှေ့နေများက လျှောက်လဲတင်ပြခဲ့ကြသည်။
တရားခံဖက်မှရှေ့နေများက စစ်တပ်အနေနှင့်မြန်မာအမျိုးသမီးများအပေါ်ကျူးလွန်မှုမှာ သိသာထင်ရှားပေါ်လွင်သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တိုက်ရိုက်အမိန့်ချပြောဆိုနိုင်ရန်မှာ သက်သေမလုံလောက်ကြောင်းစသဖြင့် လျှောက်လဲချက်တင်ပြပြောဆိုပြီး တရားသူကြီးများက စီရင်ချက်ချရန် မိနစ်နှစ်ဆယ်ခန့်အချိန်ယူစဉ်းစားချိန်တွင် ဂျပန်အမျိုးသမီးအောက်လွတ်တော်အမတ်တဦးနှင့် Social Democtratic Party၏ဥက္ကဋ္ဌ မစ္စမိဇူဟို ဖူကူရှီးမားတို့က အမျိုးသမီးများအခွင့်အရေးအတွက် ကျင်းပသော အဆိုပါတရားခွင်အတွက် ထောက်ခံအားပေးစကားနှင့်သ၀ဏ်လွှာကိုအသီးသီးပေးပို့ပြောဆိုပေးခဲ့ကြသည်။
တိုကျိုမြို့၊ အအိုးရာမတက္ကသိုလ်ဝင်းအတွင်း နေ့လယ်(၁)နာရီမှစတင်ကြားနာစစ်ဆေးသော တရားရုံးတွင် ထူးခြားချက်တခုအနေနှင့် တရားခွင်သို့ ဂျပန်လူမျိုးများစွာ လာရောက်လေ့လာ နားထောင်ခဲ့ကြခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၌ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများအပါအ၀င် လူဦးရေ ၁၀၀ ကျော်ခန့်တက်ရောက်နားထောင်ခဲ့ကြ၍ တရားခွင်ဘာသာပြန်အဖြစ် ဆရာဦးရွှေဘမှပင်ဆောင်ရွက်ပေးခဲ့သည်။
တရားရုံး၏အမိန့်အဖြစ် စီရင်ချက်အစား လူ့အခွင့်အရေးပြသနာဖြစ်သည့်အတွက် တရားရုံး၏သဘောထားနှင့် အချက်(၈)ချက်ပါသည့် အကြံပြုချက်ကိုသာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မမုဒိမ်းကျင့်မတရားပြုကျင့်မှု၊ အကြမ်းဖက်မှုများ၏ အဓိကတာဝန်ရှိသူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာဖြစ်ကြောင်း၊ နိုင်ငံတကာမှထုတ်ဝေသော လူ့အခွင့်အရေးကြေငြာချက်များနှင့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အမှန်တကယ်ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိကြောင်းနှင့် ဂျပန်နိုင်ငံအပါအ၀င် ကုလသမဂ္ဂ၊ နိုင်ငံတကာအနေနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်ရန် တာဝန်ဝတ္တရားအမှန်တကယ်ရှိပါကြောင်း တရားခွင်၏ တရားသူကြီးချုပ်အဖြစ်ဆောင်ရွက်သည့် ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။



4 comments:

This comment has been removed by the author.

Edit Patriot said... အိုကီနာဝါ လူနေရပ်ကွက် အပေါ်ကနေ အမေရိကန် စစ်လေယဉ်ပျံတွေ နေ့ စဉ် တစ်နှစ်ပတ်လုံး တစ်ချိန်လုံး ဆင်းတက် ပျံသန်းနေ တဲ့ အသံကြောင့် လူတွေ ဒုက္ခ ဘယ်လောက် ရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးလို မျိုး က အဓိက အနေနဲ့  လုပ်ရမှာက ၁၉၉၅ ခုနှစ်က အသက် (၁၂) အရွယ် ဂျပန်မိန်းကလေး တစ်ဦးကို အမေရိကန် မရင်း တပ်သား (၃)ဦးက ရိုက်နှက် နှိပ်စက်ညှင်းပန်းပြီး ဝိုင်းမုဒိမ်းကျင့်ခဲ့တဲ့ အဖြစ်မျိုးတွေ ထပ်မံ မပေါ်ပေါက်ရအောင်၊ အိုကီနာဝါမှာရှိတဲ့ ဂျပန်ပြည်သူ ပြည်သား တွေရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ကိုဘဲ အထမြောက်အောင် ဆောင်ရွက် ဖို့ ဘဲ။ ကိုယ်နိုင်ငံကိုတောင် ပြီးပြည့်စုံအောင် မလုပ်နိုင်ဘဲ နဲ့  မြန်မာပြည် သိက္ခာချဖို့  မစဉ်းစားနဲ့ ။

http://en.wikipedia.org/wiki/1995_Okinawan_rape_incident
http://www.jcp.or.jp/tokusyu/okinawa/Okinawa.pdf
http://www.genuinesecurity.org/partners/report/Okinawa.pdf

P.S.
ဒီ comments ကို အာဇာနည်ဘလော့ နဲ့  အခြား ဘလော့တွေ မှာလဲ ထည့်ထားပါတယ်။ မတွေ့ ရင်တော့ block လုပ်ထားလို့ ဘဲ။

Crimes by U.S. soldiers

In September 1995, a school girl was abducted and raped by three U.S. soldiers. The Okinawa prefectural police demanded that the suspects be handed over to Japan, but the U.S. Forces refused to do so. This incident roused the anger of the prefecture’s people and rallies were held in October with 92,000 people participating from across the prefecture. They strongly demanded the eradication of crimes by U.S. soldiers, the revision of the Status of Forces Agreement (SOFA), and the realignment and reduction of the bases.

The crime did not happen by accident. That is why the suppressed anger of the prefecture’s people exploded. Just after Okinawa was returned to Japan, a woman was raped and killed (in Ginowan City in 1972); a young man who was allowed to enter the training site to mow the grass was run after and was shot in the arm deliberately by U.S. soldiers with an illuminating bomb and was severely wounded (on Iejima Island in 1974). In the year when the rape of the school girl occurred, a woman was beaten to death by a U.S. soldier who broke into her room in an apartment building in Ginowan City. Even after that, crimes and accidents involving U.S. soldiers have often taken place, as represented by the killing of a mother and her two children in a car accident and the hit-and-run case of a high school girl.

The number of criminal offenses by U.S. soldiers that have occurred since the reversion of Okinawa in 1972 is about 5,000. Of them, atrocious crimes such as a murder, robbery and rape account for more than 10 percent. This figure represents only the number of cases the Okinawa prefectural police dealt with. There
are quite a few cases that are not reflected in the statistics, such as the ones where offenders were not identified or the injured have decided not to confront the perpetrators.

According to a survey published in the October 7-8, 1995 issue of the Dayton Daily News, a U.S. newspaper, the U.S. bases in Japan came to the top in the world in terms of the number of sexual crimes by U.S. Navy servicemen and the Marines. Seventy percent of the U.S. Navy and the Marine Corps stationed in Japan is concentrated in Okinawa, thereby many crimes occur there. The Okinawan people are forced to live under the danger of possible crimes by U.S. soldiers even on their way to and from schools and at home. In some school, teachers instruct students to avoid roads near the bases even if they are shortcuts.

Noise pollution by U.S. bases

According to Okinawa Prefecture, about 470,000 prefectural people, or 37 percent of Okinawa’s population, are disturbed by the noise of military activities at U.S. bases. Generally speaking, noise pollution can be eased to a certain degree by soundproofing houses. However, in residential areas only several hundred
meters away from runways, noise pollution is so bad that soundproofing does not work. In areas near U.S. air fields, day begins with the military jets’ engines screaming. School classes are
disturbed by such noises. At Yara Primary School which is located 800 meters from the runways of the Kadena Air Base, noises (uninterrupted for more than 5 seconds)
were recorded on average ten times in an hourlong lesson in January 1996. Residents around U.S. bases cannot get quiet night’s sleep. Research in an area near the U.S. Futenma Air Station in June 1995
shows that noises were generated 2,244 times during month, and of these, 595 times (26 percent) were between 7:00 p.m. and 7:00 a.m. the following day.

In March 1999, Okinawa Prefecture’s research commission made up mainly of medical doctors, published the final report on its four-year research on the impact of aircraft noises on the health of residents. The sampling was the most extensive ever taken in this kind of scientific research. The medical as well as scientific research established such noise effects as increasing behavioral aberration among infants, low-weight births, and impaired hearing. It is safe to conclude that these problems are closely related to the fact that U.S. bases are located in densely populated areas in Okinawa.

Source: http://www.jcp.or.jp/tokusyu/okinawa/Okinawa.pdf

ဒုတိယကမ္ဘာစစ် အတွင်းတုံးက မြန်မာပြည်သူပြည်သား တွေ အပေါ် ညှင်းပမ်း နှိပ်စက်ခဲ့ တာတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ ကိစ္စရပ်များအား လည်း ပြန်လည် ဖော်ထုတ် သင့်ပါသည်ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး နှင့် ပါဝင်ပတ်သက်သူ ဂျပန်လူမျိုးများအား အကြံပြုလိုသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More