Monday, June 21, 2010

ဒေါ်အောင်ဆန်းစုကြည် (၆၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်နှင့် မန်မာနိုင်ငံအမျိုးသမီးများနေ့အခမ်းအနားကျင်းပပြုလုပ်

ပြီးခဲ့သည့် ဇွန်လ (၁၉) ရက် သောကြာနေ့တွင်ကျရောက်ခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ်နှင့်အတူ မြန်မာနိုင်ငံအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့ ဇွန်လ၂၀ ရက်နေ့ ညနေ (၆)နာရီ မှ (၉)နာရီအထိ ဂျပန်နိုင်ငံ၊IKEBUKURO KUMIN CENTER(၄)ထပ်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)မှဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်ရောက် မြန်မာဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။


အခမ်းအနားကို မိမိတို့ကိုးကွယ်ရာဘာသာအလိုက်ဆုတောင်းမေတ္တာပို့သကာ ဖွင့်လှစ်ခဲ့ပြီး ကျင်းပရခြင်းအကြောင်းကို မြန်မာအမျိုးသမီးသမဂ္ဂ (ဂျပန်ဌာနခွဲ)မှ ဒေါ်ချိုချိုအေး မှ အဖွင့်အမှာစကားပြောကြား ခဲ့ ပါသည်။ ထို့နောက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည်မွေးနေ့ အတွက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ )မှထုတ်ပြန်ထားသည့် ပြည်သူလူထုသို့ပန်ကြားချက် ကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)မှ မစမ်းစမ်းမြင့် က ဖတ်ကြားတင်သွင်းခဲ့ ပါသည်။ အမျိုးသမီးရေးရာလှုပ်ရှားသူများအမတ်အဖွဲ့ ၏ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ သဝဏ်လွှာ ကို မြန်မာအမျိုးသမီးသမဂ္ဂ ဂျပန်ဌာနခွဲ မှမဆွေမွန်အောင်မှဖတ်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအထ္ထုပ္ပတ္တိအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေဂျပန်ဌာနခွဲ)မှအမျိုးသမီးရေးရာမှူး ဒေါ်ခင်ခင်စိုး မှ ဖတ်ကြားတင်သွင်းခဲ့ ပါသည်။


ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏မှတ်တမ်းများကို ဓါတ်ပုံဆလိုက်ရှိုးနှင့် ဗွီဒီယိုမက်ဆေ့ခ်ျ ပြသခြင်း၊ အဖွဲ့အစည်းအသီးသီး မှ ကိုယ်စားလှယ်များက မွေးနေ့နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုမွေးနေ့ကဗျာရွတ်ဆိုခြင်း နှင့် မွေးနေ့ သီ ချင်းသီဆိုခြင်းများပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားကို ”ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ အချုပ်အနှောင်ဘဝမှ အမြန်ဆုံးကင်းလွတ်ပါစေ”ဟုကြွေးကြော် ဆုတောင်းကာ အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

ရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More