Wednesday, September 15, 2010

နအဖ၀ါဒဖြန့်ကားတွင် မပါဝင်သည့်အနုပညာရှင်များ ဂျပန်တွင်လာရောက်ဖျော်ဖြေမည်



မြန်မာပြည်သမိုင်းဖြစ်ရပ်မှန်များကိုလိမ်လည်၍ ရိုက်ကူးထားသော `အာရုံဦးမှာ ဖူးသည့်ကြာ`နအဖ၀ါဒဖြန့်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားခြင်းမရှိသည့် အနုပညာရှင်များ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက်ဖျော်ဖြေကြမည်ဖြစ်သည်။

ဖျော်ဖြေပွဲကို ယခုလ ၂၀ ရက်(စက်တင်ဘာ ၂၀ ရက်၊ တနင်္လာနေ့၌)ကျင်းပမည်ဖြစ်ပြီး မြိတ်မြို့ မိဘမဲ့ခလေးများရံပုံငွေပွဲအတွက် စီစဉ်ခြင်းဖြစ်သည်ဟုသိရသည်။ လာရောက်ဖျော်ဖြေကြမည့်အနုပညာရှင်များမှာ အကယ်ဒမီမေသန်းနု၊ ချောရတနာ၊ ကင်းကောင်၊ ကုသိုလ်၊ ဒိန်းဒေါင်၊ Rဇာနည်၊ ဇော်ပိုင်၊ အောင်နိုင်၊ Wai လျံ။ N ကိုင်ရာနှင့် ကီးဘုတ် ဇေယျာမင်းတို့ဖြစ်ကြပြီး အငြိမ့်အစီအစဉ်နှင့် တေးဂီတအစီအစဉ်ဟူ၍ ၂ ပိုင်းခွဲပြီး တင်ဆက်ကြမည်ဖြစ်သည်။

မူလအစီအစဉ်တွင် အငြိမ့်ဖျော်ဖြေမှုအပိုင်း၌ အကယ်ဒမီမေသန်းနုနှင့်အတူ ဆုပန်ထွာ၊ မေလိုဒီတို့မှ ကပြဖျော်ဖြေကြမှာဖြစ်ပြီး လူရွှင်တော်များအဖြစ် အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီလွင်မိုး၊ အရိုင်းတို့နှင့် တင်ဆက်ရန်စီစဉ်ထားခြင်းဖြစ်သော်လည်း နအဖ၏၀ါဒဖြန့်ဇာတ်ကားတွင် ရုပ်ဆောင်ခဲ့သော အနုပညာရှင်များပါဝင်ခဲ့ပါက ကန့်ကွက်ဆန္ဒပြခံရဖွယ်ရှိသည့်အတွက် ပွဲစီစဉ်သူများမှ အချိန်မှီလူစားထိုးလဲလိုက်သည်ဟုလည်းသိရသည်။

အာရုံဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်ဇာတ်ကားသည် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးတွင် နှစ်ပေါင်း ၂ဝ ကျော်အမှုထမ်းခဲ့သော ဒု-ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာတင်သန်းဦးမှ နအဖလက်ကိုင်တုတ် ကြံဖွတ်အသင်းနှစ်ပတ်လည်ဂုဏ်ပြုဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မြန်မာ့သမိုင်းဖြစ်ရပ်မှန်များကို ပြောင်ပြောင်တင်းတင်းညာ၍ ရိုက်ကူးထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များ ပြည်ပသို့ ဖျော်ဖြေရေးပွဲများသွားရောက်ပြုလုပ်ပါက သမိုင်းမှန်လိုလားသူ မြန်မာပြည်သူ/သားများမှ ရောက်လေရာနေရာတွင် ဆန့်ကျင်ကန့်ကွက်ပြမှုများ ပြုလုပ်နေလျက်ရှိသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ပြည်ပတွင် ပွဲစီစဉ်သူတစ်ချို့မှာ မြန်မာပြည်ဒီမိုကရေစီရေးအတွက် ရှေ့ဆောင်လမ်းပြလုပ်နေပါသည်ဆိုသော် တော်လှန်ရေးရဲဘော်ဟောင်းများမှ တက်တက်ကြွကြွဦးဆောင်၍ ပြုလုပ်နေခြင်းဖြစ်သည်။

ဂျပန်ရောက် မြန်မာနှစ်ကြီးသမားတစ်ဦးက ”ကျနော်တို့ဂျပန်မှာတော့ အရင်တုန်းက အခွန်ရုံး(မြန်မာသံရုံး)က စတိတ်ရှိုးပွဲတွေ၊ အငြိမ့်ပွဲတွေလုပ်ခဲ့ကြတယ်။ သို့ပေမယ့် ဒီမှာရှိတဲ့မြန်မာတွေက တညီတညွတ်တည်း ၀ိုင်းဆန္ဒပြကြတော့ အရှက်တွေကွဲပြီး ဘာပွဲမှမလုပ်တော့ဘူး။ နောက်တော့ သူတို့နဲ့(အခွန်ရုံး)နီးစပ်တဲ့လူတွေက မသိမသာသဘောမျိုးနဲ့ အကဲစမ်းပြီးပွဲသွင်းခဲ့သေးတယ်။ ဒါလည်း ဒီကလူတွေက လုံးဝကိုလက်မခံဘူး။ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ကြ၊ ဆန္ဒပြခဲ့ကြတာ။ အဆိုတော်ဇော်ဝင်းထွဋ်ဆိုရင် နာဂစ်ရံပုံငွေလို့ခေါင်းစဉ်တပ်ပြီး ဂျပန်မှာလာဖျော်တာတောင် ဒီကလူတွေကလုံးဝကိုလက်မခံဘူးလေ။ ဘာကြောင့်လည်းဆိုတော့ ဇော်ဝင်းထွဋ်ဆိုတာ နအဖကိုဖော်လံဖားလုပ်နေတဲ့သူမို့လို့တဲ့။ ဒါကြောင့် ဂျပန်မှာ မြန်မာအနုပညာရှင်တွေ၊ အဆိုတော်တွေလာဖျော်ဖြေတော့မယ်ဆိုရင် ဘယ်သူတွေစီစဉ်တာလဲ၊ နအဖအသိုင်းအ၀ိုင်းနဲ့ကင်းရှင်းရဲ့လား။ လာဖျော်ဖြေမယ့်သူတွေထဲမှာရော နအဖကို ဖော်လံဖားတဲ့သူတွေပါလား… ဒါတွေအားလုံးကို ဒီမှာရှိတဲ့လူတွေက စနည်းနာပြီးမှ သွားအားပေးကြတာများပါတယ်။ တခြားနိုင်ငံတွေမှာလို ပွဲဖြစ်ပြီးရော၊ ငွေရရင်ပြီးရောဆိုပြီး မလုပ်ရဲကြဘူးဗျ”ဟုယခုလိုပြောပြသည်။

ယခုလာရောက်ဖျော်ဖြေမည့် အနုပညာရှင်များကို ဂျပန်နိုင်ငံရောက် မြိတ်မြို့သူ/သားများမှ မြိတ်မြို့ မိဘမဲ့ခလေးများရံပုံငွေပွဲအတွက် စီစဉ်ခြင်းဖြစ်ပြီး၊ ကန့်ကွက်ဆန္ဒပြမှုများ၊ လူမုန်းစရာများမဖြစ်အောင် နအဖ၀ါဒဖြန့်ဇာတ်ကားတွင်မပါဝင်ခဲ့သော အနုပညာရှင်များကိုသာ ရွေးချယ်၍ခေါ်ယူထားခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
မောင်ရှင်(ဘားမားမီဒီယာ)

4 comments:

ဟုတ်မှလည်း ရေးပဦး ဆရာတို့။
မြင့်သိန်းအဖြစ်သရုပ်ဆောင်တဲ့ လူရွှင်တော် ကုသိုလ်ဟာ
အရုဏ်ဦးပေါ်လစီကားမှာ ပါ ပါတယ်ခင်ဗျာ။
ပြန်ကြည့်ကြပါဦး။
လိုအပ်ရင် အီးမေးပို့လိုက်မယ်လေ။

အမှန်ပြင်လိုသူ-
အိုးဝေအောင်

ပွဲသွင်းတဲ့ဆရာတွေရယ်-ဆုပန်ထွာ-မယ်လိုဒီ-တို့လည်း
အာရုဏ်ဦးကားမှာပါသလို-မေသန်းနုလည်းသံလွင်ရေဘယ်
မခန်းဝါဒဖြန့်မှာပါခဲ့တာပါပဲ-မလုပ်ပါနဲ့ဆရာတို့ရယ်-ပါပါလေးတို့အငြိမ့်ကိုဘဲအင်းစိန်ထောင်သွားပြီးငှါးကြပါ
လည်းဗျာ-အရေးကြီးတာကအတင်းခိုင်းလို့စိတ်မပါပဲလုပ်
ပေးခဲ့ရတာကိုလူသိရှင်ကြားပြောရဲဖို့ပါပဲ-တကယ်ပြောရဲရင်
လူတွေကတကယ်ခွင့်လွတ်မှာပါ

ပွဲသွင်းတဲ့ဆရာတွေရယ်-ဆုပန်ထွာ-မယ်လိုဒီ-တို့လည်း
အာရုဏ်ဦးကားမှာပါသလို-မေသန်းနုလည်းသံလွင်ရေဘယ်
မခန်းဝါဒဖြန့်မှာပါခဲ့တာပါပဲ-မလုပ်ပါနဲ့ဆရာတို့ရယ်-ပါပါလေးတို့အငြိမ့်ကိုဘဲအင်းစိန်ထောင်သွားပြီးငှါးကြပါ
လည်းဗျာ-အရေးကြီးတာကအတင်းခိုင်းလို့စိတ်မပါပဲလုပ်
ပေးခဲ့ရတာကိုလူသိရှင်ကြားပြောရဲဖို့ပါပဲ-တကယ်ပြောရဲရင်
လူတွေကတကယ်ခွင့်လွတ်မှာပါ

ဟုတ်ပါတယ်ဗျာ..
ကုသိုလ် အာရုံဦးမှာဖူးသည့်ကြာ မှာပါဝင်သရုပ်ဆောင်တယ်။ ခေါင်းစဉ်ကြောင့်ရေး ထောက်ပြတာပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More