Sunday, September 26, 2010

တော်သလင်းလပြည့်ကျော် ၃ ရက်နေ့တွင် ဂျပန်အန်အယ်လ်ဒီမှ ၁၁ ကြိမ်မြောက် သီတင်းကျွတ်ပွဲကျင်းပ



ယနေ့သည် မြန်မာပြက္ခဒိန်ရက်စွဲများအရ တော်သလင်းလပြည့်ကျော် ၃ ရက်ဖြစ်ပါသည်။ 

ယနေ့သည့် အမိမြန်မာပြည်ထဲတွင် ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းခဲ့ကြသော သံဃာတော်အရှင်သူမြတ်များကို နအဖစစ်မိစ္ဆာ စစ်ဘီလူးများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော နေ့တစ်နေ့လည်းဖြစ်ပါသည်။

ယနေ့သည် သံဃာတော်များသွေးမြေကျခဲ့ရသည့်  ၃ နှစ်ပြည့်အခါသမယဖြစ်ပြီး နိုင်ငံတကာတွင် ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့်အခမ်းအနားများကို ကျင်းပနေကြပါသည်။

ဂျပန်နိုင်ငံရှိ NLD(LA-Japan Branch)ကတော့ ၁၁ ကြိမ်မြောက် သီတင်းကျွတ်ပွဲတော်ကို ဖျော်ဖြေရေးအစီအစဉ်များ ပီပီပြင်ပြင်၊ ဈေးဆိုင်ခန်းများစုံစုံလင်လင်ဖြင့် Hibiyaပန်းခြံတွင် နံနက် ၁၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားခဲ့ပါကြောင်း။

ရေးသားသူ-စိုးဝင်းရှိန်
(အခုလို ရေးသားရခြင်းသည် NLD(LA Japan Branch)ကို တိုက်ခိုက်လို၍ ရေးသားခြင်းမဟုတ်ပါ။ မလုပ်သင့် မရက်အပ်သည့်နေ့ရက်များတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပွဲတော်များကျင်းပခြင်းကို တားမြစ်ခြင်းဖြစ်ပါသည်။ NLD(LA Japan Branch) သာမက တခြားအဖွဲ့အစည်းများလည်း မလုပ်သင့် မရက်အပ်သည့်နေ့ရက်များတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပွဲများကျင်းပမည်ဆိုပါကလည်း အမုန်းခံ၍ အသိပေးရေးသာမည်ဖြစ်ပါသည်)
ဓါတ်ပုံများကိုhttp://www.pnsjapan.org/မှယူးယူဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More