Tuesday, September 28, 2010

ဂျပန်သို့အခြေချခွင့်ရသည့် ထိုင်းနယ်စပ်မှမြန်မာဒုက္ခသည်မိသားစု ၃ စုသာရောက်ရှိ

ဂျပန်အစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့(IOM)တို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တတိယနိုင်ငံ(ဂျပန်)တွင် အခြေချနေထိုင်ခွင့်ရသော ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းမှ မိသားစု ၅ စု(လူဦးရေစုစုပေါင်း ၂၇ ဦး)အနက် ၃ စုသာ ဂျပန်နိုင်ငံသို့ ပထမဦးဆုံးအသုတ်အနေဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသို့ လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ(ဓါတ်ပုံ-မျိုးမြင့်ဆွေ)

မူလအစီအစဉ်အရ မိသားစု ၅ စုစလုံး လာရောက်ဖို့စီစဉ်ထားသော်လည်း၊ မိသားစု ၂ စုမှာ နေထိုင်မကောင်းဖြစ်နေသောကြောင့် တပါတည်းလိုက်ပါလာနိုင်ခြင်းမရှိပဲ ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကြိုဆိုရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုမျိုးမြင့်ဆွေ၏ ပြောပြချက်အရသိရှိရသည်။

 ဂျပန်နိုင်ငံသို့ လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ(ဓါတ်ပုံ-မျိုးမြင့်ဆွေ)

ဂျပန်သို့လာရောက်အခြေချမည့်သူများမှာ မယ်လဒုက္ခသည်စခန်းမှ ကရင်မိသားစုများဖြစ်ပြီး၊ အဆိုပါမိသားစုများကို ဂျပန်အစိုးရပိုင်းမှ တာဝန်ရှိသူများကလည်း ကြိုဆိုကြမည်ဖြစ်သည်။

 ဂျပန်နိုင်ငံသို့လာရောက်အခြေချနေထိုင်ခွင့်ရှိသောကရင်မိသားစုများနှင့်ကိုမျိုးမြင့်ဆွေ(အင်္ကျီပန်းရောင်နှင့်အိတ်ကိုင်ထားသူ)

ပထမဦးဆုံးအသုတ်အနေဖြင့် ရောက်ရှိလာမည့် မိသားစု ၃ စုသည် JAL လေကြောင်းလိုင်းဖြင့် ၇း၁၀ တွင် ဆိုက်ရောက်၍ ကြိုဆိုရေးအဖွဲ့ တာဝန်ခံများစီစဉ်ထားသည့်နေရာတွင် နေထိုင်ကြမည်ဖြစ်သည်။

အခြေချနေထိုင်ခွင့်ရသည့် ကရင်ဒုက္ခသည်မိသားစုများ၏ စားဝတ်နေရေးအတွက် ဂျပန်အစိုးရမှ (၆) လ သာ တာဝန်ယူမည်ဖြစ်ပြီး သတ်မှတ်ကာလာကျော်သွားပါက မိမိအစီအစဉ်ဖြင့်ဂျပန်တွင်ရပ်တည်သွားကြရမည်ဖြစ်သည်ဟု သိရှိရသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More