Tuesday, December 1, 2009

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) ၂၀၀၉-၂၀၁၀ အတွက် အလုပ်အမှုဆောင်သစ်များ ရွေးချယ်

မြန်မာ့ဒီမိုကရေစီအရေးနှင့် မိမိ တို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ များကို ဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများ စုစည်း၍ ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)(AUN-Japan)၏ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်(တနင်္ဂနွေနေ့)က တိုကျိုမြို့၊ တိုရှီမားခုမြို့နယ်ရှိ Eco Toshima Plaza ၈ တွင် ညနေ ၆းဝဝ နာရီမှ ၉းဝဝ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြသည်။


(၁)နှစ်လျင် တစ်ကြိမ် အလုပ် အမှုဆောင်သစ်များကို အသင်း သားများ၏ဆန္ဒမဲများဖြင့် ရွေး ချယ်တင်မြှောက်ခြင်းဖြစ်ပြီး ၂ဝဝ၉-၂ဝ၁ဝ AUN-Japan လုပ် ငန်းစဉ်များကို ဦးဆောင်အ ကောင်အထည်ဖော်ရန်အတွက် ဥက္ကဌ အဖြစ် စိုင်းစီဝမ် (SND-Japan) အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် လဖိုင်ဇော်လှ (KNO-Japan) ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် ဦးခုတ်စွမ်းဂင် (CNC-Japan) အား လည်းကောင်း၊ အထွေထွေ အတွင်းရေးမှုး အဖြစ် ဦးမင်းဝင်းတေဇ ( PMNS-Japan )၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ကျော်သန်းလှိုင် ALD(Exile)Japan ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂)အဖြစ် ဦးသိန်းရယ် (KNS-Japan) ရွေးချယ်ခဲ့ကြပါသည်။
ရေးရာမှုးနှင့်တွဲဘက်ရေးရာမှူး များအပါအဝင် အလုပ်အမှု ဆောင် သစ် စုစုပေါင်း(၃၂)ဦးကို အချိုးကျရွေးချယ် တာဝန်ပေးခဲ့ ပါသည်။
ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)ကို ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွဲ့ စည်းခြင်းဖြစ်သည်။
စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ယနေ့ အထိ အသင်းသား ၁,ဝဝဝ ကျော် ရှိပြီး ယခုနှစ်တွင် အဖွဲ့ဝင်အသစ် အဖြစ် 'ပအိုဝ့်တိုင်းရင်းသားများ လွှတ်မြောက်ရေးအဖွဲ့(PNLS)၊ ကယားအမျိုးသားများအဖွဲ့(KNS)တို့ကို တိုးချဲ့လက်ခံခဲ့ပါသည်။(နန်းအိမွန်ချစ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More