Thursday, December 31, 2009

ဂျပန်နိုင်ငံထုတ်ကုန်ပစ္စည်းပေါလာသော်လည်း သုံးစွဲသူနည်းပါး


ဂျပန်နိုင်ငံဧ။် ထုန်ကုန်ပစ္စည်းပမာဏမှာ နိုဝင်ဘာလ အထိ ၉ လဆက်တိုက် တန်ဘိုးမြင့်တက်လာ သော်လည်း၊ စီးပွားရေးနာလန်ထမှု အားနည်းေ နသောကြောင့် ပြည်သူများက စီစစ်ဝယ်ယူသုံးစွဲ နေကြသည်ဟု (၂၈.၁၂.၂၀၀၉)နေ့တွင် ထုတ်ပြန်သော တရား ၀င်စာရင်းများအရ သိရှိရသည်။

၁၉၉၇ ခုနှစ်မှစ၍ အချိန်ကာလရှည်စီးပွားရေးကျဆင်းမှုရှိခဲ့သည့်တိုင်၊ ဂျပန်နိုင်ငံဧ။် ထုတ်ကုန် တန်ဘိုးသည် နိုဝင်ဘာလတွင် ၂.၆% တိုးတက်ခဲ့ပြီး၊ ၎င်းပမာဏမှာ မျှော်မှန်းခဲ့သည်ထက် အနည်းငယ်ပိုသာသောပမာဏဖြစ်သည်ဟု အစိုးရသတင်းများကဆိုသည် ။

မိုနက်(စ်)အာမခံစာချုပ်ကုမ္ပဏီမှ စီးပွားရေးအမှုဆောင်အကြီးအကဲဖြစ်သူ `နာအိုကိ မူရခမိ` က “ဂျပန်နိုင်ငံဧ။်ထုတ်ကုန်ပမာဏနှင့် အကျိုးအမြတ်အင်အားကောင်းလာရခြင်းမှာ ပို့ကုန် ကဏ္ဍကိုချဲ့ထွင်နိုင်ခဲ့ခြင်းကအဓိကဖြစ်သည်” ဟုပြောခဲ့သည် ။

သက်ကြီးရွယ်အိုများပြားပြီး မွေးဖွားနှုန်းကျဆင်းနေသောဂျပန်နိုင်ငံသည် အာရှဧ။်အကြီးဆုံး စီးပွားရေးနိုင်ငံတခုအဖြစ်ရပ်တည်နေခြင်းမှာ သုံးစွဲမှုမာဏနည်းပါးသော ပြည်တွင်းစားသုံးသူ ကိုအဓိကမထားပဲ ပြည်ပပို့ကုန်ကိုအဓိကထားသောကြောင့်ဖြစ်သည် ။

အခြားသောသတင်းတခုအရ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ဂျပန်၌လက်လီရောင်းချမှုသည် မနှစ်ကထက် ၁.၀%ကျဆင်းခဲ့ပြီး ၎င်းမှာ (၁၅)လတိုင်တိုင် တအိအိကျဆင်းနေမှုဖြစ်သည်ဟု ဆိုသည်။ နောက်ထပ်သတင်းတခုတွင်လည်း နိုဝင်ဘာလဧ။် ပျမ်းမျှလစာပေးမှုပမာဏကို ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်သော် ၂.၈%ကျဆင်းခဲ့ရာ ထိုသို့ဖြစ်နေခြင်းမှာ ၁၈ လကြာခဲ့ပြီဖြစ် သည်။

သို့ရာတွင် ကမ္ဘာ့စီးပွားရေးဆုတ်ကပ်မှ လွတ်မြောက်ရန် အခြားတိုင်းပြည်များက ကျားကုတ်ကျားခဲကြိုးပမ်းနေချိန်တွင် ဂျပန်နိုင်ငံဧ။်ထုတ်ကုန်ပမာဏနှင့်ပတ်သက်၍ ဒီဇင်ဘာလ၌ ၃.၄%တိုးမြှင့်နိုင်ပြီး ဇန္န့ဝါရီလတွင် နောက်ထပ် ၁.၃%တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ထုတ်လုပ်နိုင်သည့်ခန့်မှန်းချက်ကို ကိုးကား၍ အစိုးရသတင်းကဆိုသည်။

တရုတ်နိုင်ငံနှင့် အခြားသောအာရှတိုင်းပြည်များဧ။်ဝယ်လိုအားတောင်းဆိုမှုကြောင့် ကုမ္ပဏီများက မျှော်လင့်ထားသည်ထက် ပို၍နှုန်းထားမြင့်လုပ်ကိုင်လာရကြောင်း `မူရခမိ`က အဆိုပါထုတ်ပြန်ကြေငြာချက်တွင် ထည့်သွင်းဖေါ်ပြခဲ့သည် ။

ဂျပန်နိုင်ငံဧ။်အာရှတိုင်းပြည်များသို့ ကုန်ပစ္စည်းတင်ပို့မှုပမာဏမှာ၊ နိုဝင်ဘာလတွင် ၄.၇%သို့ ရောက်ရှိခြင်းသည် ၁၄ လအတွင်းပထမဦးဆုံးအကြိမ်ဖြစ်သည်။ “ပို့ကုန်လုပ်ငန်းသည် ဂျပန်နိုင်ငံဧ။် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည်”ဟု ဒိုင်းဝသုတေသန သိပ္ပံမှ စီးပွားရေးပညာရှင် “ ဟိရိုရှိ ၀ါတနာဘေး ” ကဆိုသည် ။

“ထုတ်ကုန်အနေအထားကိုကြည့်ရတာနှေးသလိုလိုနဲ့ထင်ရပေမဲ့ ပို့ကုန်အတွက်ကာမိရုံလေးပါ
ဒါကဘာကိုပြသလဲဆိုတော့ ကမ္ဘာ၀ှမ်းလုံးသုံးစွဲနိုင်မှု အနေအထားလျှော့နည်းလာတယ်ဆို တာကိုပြတာပဲ”ဟု၎င်းကဆိုသည်။

ဂျပန်နိုင်ငံတွင်နှစ်ကာလကြာရှည် စီးပွားရေးဆုတ်ယုတ်ကျဆင်းနေမှုသည်၊ ယ္ခုနှစ်ဒုတိယ လေးလပတ်မှစ၍ ပြန်လည်တိုးတက်လာမှုရှိခဲ့သော်လည်း ငွေကြေးတန်ဘိုးကျဆင်းမှုနှင့် ပြည်တွင်းဝယ်လိုအားလျော့နည်းခြင်းတို့ကို ထည့်သွင်းစဉ်းစားရမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အစောပိုင်းနှစ်များနှင့်နှိုင်းယှဉ်ပါက နိုဝင်ဘာလဧ။်ထုတ်ကုန်ပမာဏသည် ကမ္ဘာ့ စီးပွားရေးဆုတ်ကပ်စတင်သည့်အချိန်ကထက် ၃.၉%ကျဆင်းနေသေးကြောင်းတွေ့ရသည်။

“ဂျပန်မှာထုတ်ကုန်ပမာဏမြင့်တက်ဘို့အခွင့်အရေးအတိုင်းအတာဆိုတာ ကုမ္ပဏီတွေအနေနဲ့ သူတို့ရရှိတဲ့အမြတ်အစွန်းကို အတုံးလိုက်အတစ်လိုက်ယူသွားပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ စက်ရုံအသစ်တွေဆောက်လုပ်နေတဲ့အပေါ်မှာမူတည်ပါတယ်”လို့ ရီဆိုနာ သုတေသန သိပ္ပံမှ စီးပွားရေးပညာရှင် “ ဟိဒဲယူကိ အရခိ ”ကပြောခဲ့သည် ။

“ယနေ့လိုအချိန်မျိုးမှာ ထုတ်ကုန်ပမာဏမြင့်တက်ဘို့ဆိုတာ အာရှနိုင်ငံတွေထဲက အလုပ်သမားဈေးပေါပေါနဲ့ရတဲ့တိုင်းပြည်မျိုးမှာ ရင်းနှီးမြှုပ်နှံမှုပြုမှသာဖြစ်မယ်”လို့ ထပ်လောင်းပြောကြားသွားခဲ့သည် ။

အစိုးရဧ။်ကြေငြာချက်တွင် အိမ်အသုံးအဆောင်ပစ္စည်းများ၊ စွမ်းအင်ချွေတာသောကားများ ၀ယ်ယူရန် မက်လုံးပေးမှုများအပါအ၀င် ကုန်ပစ္စည်းဝယ်ရန် တိုက်တွန်းလှုံ့ဆော်မှုများ ပါရှိကြောင်းသိရသည် ။

ဘာသာပြန်သူ-မောင်အောင်ဌေး

မူရင်းသတင်း -
Japan's factory output up but consumers wary
By Miwa Suzuki (AFP) –

http://www.google.com/hostednews/afp/article/ALeqM5i0_bWSPpXVpW7wJaVajHL4OoPuBQ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More