Wednesday, December 9, 2009

အုရှီကုအန်ဂျီအိုအဖွဲ့၏နှစ်ပတ်လည်ညီလာခံကျင်းပ၊ မြန်မာ ၁၁ ဦးသာတက်ရောက်

ဂျပန်နိုင်ငံတွင် ဒုက္ခသည်ခိုလှုံ ခွင့်လျှောက်ထားပြီး အသိအမှတ် ပြုရန်ငြင်းပယ်ခံရသဖြင့် လူဝင်မှု ကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း များတွင် ဖမ်းဆီးထိန်းသိမ်းခံနေရ သည့် မြန်မာလူမျိုးများအပါအဝင် နိုင်ငံအသီးသီးမှလူမျိုးများကို စေ တနာ့ဝန်ထမ်းစိတ်ဖြင့် ကူညီ ဆောင်ရွက်ပေးနေသည့် 'လဝက ပြဿနာများဝိုင်းဝန်းစဉ်းစားအဖြေ ရှာဆွေးနွေးဆောင်ရွက်ပေးနေ သည့်အဖွဲ့'ဟု မြန်မာလိုအမည်ရ သည့် Ushiku Nyukan Syuyojo no Mondai wo Kangaerukai အဖွဲ့၏ ၂ဝဝ၉ ခုနှစ်၊ နှစ်ပတ် လည်ညီလာခံအခမ်းအနားကို ဒီ ဇင်ဘာ ၅ ရက်(စနေနေ့)က အုရှီ ကုခရိုင်၊ ဆုကုဘာစာကြည့်တိုက် စင်တာခန်းမ ဒုတိယထပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
နေ့လယ် ၁ နာရီ ၁၅ မှ စတင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါနှစ် ပတ်လည်အခမ်းအနားတွင် 'လူ့ ဘောင်အဖွဲ့အစည်းထဲမှ လူသား တဦးဖြစ်သည့် ဒုက္ခသည်လျှောက် ထားတဲ့ ကျနော်တို့ကို ရှင်သန်နေ ထိုင်ခွင့်ပေးပါ'ဆိုသည့် ခေါင်း စည်းစာတမ်းဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနား၏အဖွင့်အမှာစကား ကိုပြောကြားခဲ့သည့် 'တာနာကာ ခိမိကို'က ''ဂျပန်နိုင်ငံတွင် အစိုးရ အဖွဲ့အစည်းတရပ်ပြောင်းလဲသွားခဲ့ သော်လည်း ဒုက္ခသည်လျှောက် ထားသူများအပေါ် ကျင့်သုံးနေ သည့်မူဝါဒမှာ ပြောင်းလဲမှုမရှိ သည့်အပြင် ပိုမိုတင်းကျပ်သည်ဟု ယူဆမိကြောင်း၊ နိုင်ငံလုံခြုံရေးနှင့် အကြမ်းဖက်မှုရန်မှကာကွယ်ရန်အ ကြောင်းပြချက်နှင့် နိုင်ငံခြားသား များကို ရာဇဝတ်သမားလို မကြည့် မြင်သင့်ကြောင်း၊ ယဉ်ကျေးတိုး တက်သည့်လူဘောင်အဖွဲ့အစည်း တွင် ဖိနှိပ်ချုပ်ချယ်မှုများ၊ ခွဲခြား ဆက်ဆံမှုများမပြုလုပ်သင့်ကြောင်း နှင့် ဒုက္ခသည်လျှောက်ထားသူ များကို လူသားဆန်သည့်စိတ်နှင့် လက်ခံကြိုဆိုသင့်ကြောင်း'' ပြော ဆိုသွားခဲ့သည်။

ဆက်လက်၍ 'မင်းကိုင်းခဆု ဒိုး'ခေါ် ထိန်းသိမ်းခံထားရသူ များကို အပတ်စဉ်ထောင်ဝင်စာ တွေ့ပေးနေသည့် ဂျပန်တက္ကသိုလ် ကျောင်းသူများမှ အကျဉ်းကျခံ နေရသည့် ဒုက္ခသည်များနှင့်တွေ့ ဆုံခဲ့ရစဉ် ¤င်းတို့၏ခံစားချက်များ နှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေ ရသည့် ဒုက္ခသည်လျှောက်ထား သူများ၏အဖြစ်အပျက်များကို ရှင်းလင်းပြောဆိုကြသည်။
ဒုက္ခသည်လျှောက်ထားသူများ၏ အမှုများကိုကူညီဆောင်ရွက်ပေး နေသည့် ရှေ့နေOgawa Sanနှင့် Tsugi Sanတို့မှလည်း တင်းကြပ် လွန်းသည့် ဂျပန်နိုင်ငံ၏ ဒုက္ခ သည်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လူသားမဆန်သည့် ဥပဒေအချက် အလက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အမေးအဖြေကဏ္ဍနှင့်ပြန်လည် စတင်ခဲ့သော အခမ်းအနား ဒုတိ ယပိုင်းအစီအစဉ်တွင် တက် ရောက်လာကြသည့် ဂျပန်လူမျိုး များမှ ¤င်းတို့သိလိုသောအ ကြောင်းအရာများကို ဆွေးနွေးမေး မြန်းခဲ့ရာ တူရကီ၊ ဘင်္ဂလားဒေ့်ရှ်၊ သီရီလင်္ကာနှင့် မြန်မာလူမျိုးတို့မှ ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ညနေ(၅)နာရီတွင်ရုပ်သိမ်းခဲ့သည်။
ယခုပြုလုပ်ခဲ့သည့် အုရှီကု အန်ဂျီအိုအဖွဲ့၏ နှစ်ပတ်လည် ညီလာခံသည် ယခုနှစ်နှင့်ဆိုလျင် ၁၂ ကြိမ်မြောက်ရှိသွားပြီဖြစ်ပြီး၊ နှစ်စဉ် ဒီဇင်ဘာလဆန်းပိုင်းတွင် ပုံမှန် ကျင်းပလေ့ရှိသည်။ ယခုနှစ် အခမ်းအနားသို့ မြန်မာလူမျိုး ၁၁ ဦးသာတက်ရောက်ခဲ့သည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More