Tuesday, December 29, 2009

လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကို လာဘ်ယူမှုဖြင့် ဖမ်းဆီး



လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးကို ယန်းငွေ ၆ သန်း လာဘ်ယူမှုဖြင့် သောကြာနေ့က ဖမ်းဆီးလိုက်ကြောင်း ရဲကပြောသည်။ အရက်ဆိုင်တစ်ဆိုင်ရှိ နိုင်ငံခြားစားပွဲထိုး အမျိုးသမီးများ အလုပ်လုပ်ကိုင်နေခြင်းကို နေထိုင်ခွင့်ပေးရန် ဆိုင်ရှင်အမျိုးသမီးမှ လာဘ်ပေးထားခြင်းဖြစ်၏။
နာရီတာလေဆိပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ မာဘာရှီ အိုဂူရာ အသက် ၅၄ နှစ်သည် ရှင်ရိုအီတို အီတို အသက် ၄၆ နှစ်ထံမှ ၂၀၀၇ ခုနှစ်အတွင်း လူဝင်မှုဆိုင်ရာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ လာဘ်ငွေယူခဲ့သည်
ဖီလစ်ပိုင် အမျိုးသမီးအများအပြား ဂျပန်နိုင်ငံအတွင်းသို့ တရားမ၀င် ရောက်ရှိလာပြီး အီတို၏ အရက်ဆိုင်တွင် အလုပ်လုပ်နေခဲ့သည်။ အီတိုနှင့် အိုဂူရာ နှစ်ဦးစလုံးသည် လာဘ်ပေးလာဘ်ယူမှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရဲက ပြောခဲ့သည်။ အိုဂူရာသည် လာဘ်ယူမှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရဲကပြောခဲ့သည်။ အိုဂူရာသည် လာဘ်ယူမှု ကျူးလွန်ခဲ့စဉ်ကတရားရေးဝန်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေး ဌာန၏ ယိုကိုဟားမား ခရိုင်ရုံးတွင် အကြီးတန်း အရာရှိတစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်နေရစဉ်ဖြစ်၏။ ယိုကိုဟားမား လူဝင်မှုကြီးကြပ်ရေးရုံးသည် လူဝင်မှုတရားဝင်အထောက်အထားများ စစ်ဆေးဆောင်ရွက်ရန် လျော့ရဲရဲဖြစ်လျက်ရှိကြောင်း သတင်းကြားရ၍ အိုဂူရာထံချဉ်းကပ်ခဲ့ခြင်း ဖြစ်၏။ အီတိုက အိုဂူရာကို ၀ိုင်အရက်နှင့် ညစာကျွေးမွေးပြုစုခြင်း၊ ဂေါက်ကွင်းများသို့ ခေါ်ဆောင်သွားခြင်း စသည်နောက်တစ်လလျှင် ယန်းငွေ ၂၀၀,၀၀၀ ပေးသည်။ အိုဂူရာသည် အီတိုထံမှ ယန်းငွေ ၅.၈ သန်း ရယူပြီးဖြစ်၏။
တရားရေးဝန်ကြီးဌာနမှ ပြောဆိုချက်အရ ၂၀၀၄ ခုနှစ်အတွင်း လူဦးရေ ၁၂၅,၀၀၀ ခန့် ဖျော်ဖြေရေးလုပ်ငန်းဖြင့် ဂျပန်သို့ဝင်ရောက်လာခဲ့ကြသည်။ သို့သော် ၂၀၀၅ ခုနှစ်တွင် ဦးရေ ၁၀၀,၀၀၀ သို့ကျဆင်းသွားခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် ၃၅,၀၀၀ အထိ ကျဆင်းသွားခဲ့သည်။
တရားရေးဝန်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး မာဘာယီရိုတာအူချီက “ကျနော်တို့ဝန်ထမ်းတစ်ယောက် လာဘ်ယူလို့ အဖမ်းခံရတယ်ဆိုတာ စိတ်ပျက်စရာပဲ။ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အလားတူမဖြစ်ပေါ်လာအောင် တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမှာပါ..” ဟု ပြောဆိုသည်။
ဘာသာပြန်သူ-၀မ်းအိုဝမ်း

မူရင်းသတင်း

Immigration officer held over bribery
Kyodo News

An immigration officer was arrested Friday on suspicion of receiving about ¥6 million in bribes from a man who runs pubs in exchange for favors involving residence permits for foreign women working as bar hostesses, police said.
Masashi Ogura, 54, a senior immigration officer at the Narita Airport District Immigration Office, allegedly received the bribe from Shingo Ito, 46, in 2007 regarding applications for certificates of resident eligibility, the police said.
Dozens of Filipino women who came as dancers have made the illegal entry through the scheme, and were working in Ito's pubs.
Both Ito, who was also arrested Friday, and Ogura have owned up to the charges, according to the police.
Ogura served as a senior immigration officer at the Yokohama District Immigration Office, part of the Justice Ministry's Immigration Bureau, at the time of the bribes.
According to police, Ito had approached Ogura after hearing rumors that the Yokohama immigration office was lax in checking the certificates. Ito allegedly wined and dined Ogura as well as taking him to golf courses and handing over ¥200,000 a month. Ogura received ¥5.8 million for the favors he gave Ito.
According to the Justice Ministry, some 135,000 people entered Japan in 2004 as entertainers, but in 2005 the figure dropped to about 100,000 and in 2008 the number sunk to about 35,000.
Masahiro Tauchi, director-general of the Justice Ministry's Immigration Bureau, expressed regret over Ogura's arrest.
"It is extremely disappointing that a worker has been arrested. We will thoroughly carry out an internal investigation and deal with the matter strictly," he said.

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More