Tuesday, December 29, 2009

အလုပ်လက်မဲ့နှုန်း ၅.၂% ထိမြင့်မား၊ မြန်မာ ၁၂၀၀ ကျော် အလုပ်ပြုတ်နေ



ယခုနှစ်ဆောင်းရာသီ(နိုဝင်ဘာလ)အတွင်း အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာပြီးခဲ့သည့် လထက် ၀.၁ % တိုးခဲ့ပြီး ၅.၂ % ရှိသွားသည်ဟု ၊ ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၅.၁၂.၂၀၀၉ နေ့ တွင်ပြောကြားခဲ့သည်။ အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် ဇူလိုင်လက ၊ အမြင့်ဆုံးစံချိန် ၅.၇% အထိ ပထမဦးဆုံးအကြိမ်အဆိုးရွားဆုံး ဖြစ်ခဲ့သည်။


တချိန်တည်းတွင်၊ နိုဝင်ဘာလအတွင်း၌ အလုပ်ရှာဖွေသူများနှင့် အလုပ်ရရှိနိုင်ခွင့် အချိုးအစားသည် ၊ပြီးခဲ့သည့်လထက် ၀.၀၁ မှတ် တိုးခဲ့ကာ ၀.၄၅ % သို့ရောက်ခဲ့သည် ၊ သုံးလဆက်တိုက် ထိုသို့ဖြစ်ခြင်းက ကောင်းသောတိုးတက်မှုလက္ခဏာဟု ကျန်းမာရေး၊ အလုပ်သမားနှင့် သာယာဝပြောရေးဝန်ကြီးဌာနမှ အဆိုပါနေ့တွင် ပြောကြားခဲ့သည်။

အလုပ်ရလိုသူ ဂျပန်လူမျိုး ၁၀၀ လျှင် ၄၅ ဦးအတွက်သာ အလုပ်ရနိုင်ကြောင်း အဆိုပါ စာရင်းဇယားကဆိုသည်။ “ စီးပွားရေးကကောင်းလာတယ်ဆိုပေမဲ့... အနေအထားကတော့ ..တက်လိုက် ကျလိုက် ဖြစ်နေတုန်းပဲ...အလုပ်လက်မဲ့ အခြေအနေ ကလဲ ပြင်းထန်နေဆဲပါ ” ဟု အလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အလုပ်လက်မဲ့လူဦးရေမှာ လွန်ခဲ့သောနှစ်ကထက် ၇၅၀,၀၀၀ ဦးတိုးလာပြီး ၊ ၃.၃၁ သန်းအထိ ဖြစ်ခဲ့သည်မှာ ၁၃ လဆက်တိုက် အရေအတွက်တိုးနေခြင်းဖြစ်သည်။ တောက်လျှောက် ၂၂ လ တာကာလပတ်အတွင်း၌ အလုပ်သမားပေါင်း ၁.၃၁ သန်းမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး လက်ရှိအလုပ်သမားပေါင်း ၆၂.၆ သန်းရှိကြောင်း သိရသည်။

ဘာသာပြန်သူ-မောင်အောင်ဌေး

မူရင်းသတင်းလဒ်

Jobless rate rises to 5.2% http://www.yomiuri.co.jp/dy/business/T091225002941.htm

အဆိုပါသတင်းနှင့်အတူ ဂျပန်ရောက်မြန်မာလူမျိုး ၁၂၀၀ ကျော်မှာ အလုပ်လက်မဲ့ဖြစ်ေ နကြောင်း သိရှိရသည်။ အများစုမှာ ဂျပန်ဘာသာစကားတတ်ကျွမ်းမှုမရှိခြင်း၊ အလုပ်လုပ်ခွင့်ဗီဇာမရှိကြ ခြင်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံ နားမလည်ခြင်းတို့ကြောင့်ဖြစ်ကြသည်။

အဆိုပါလူများထဲတွင် မြန်မာပြည်မှရောက်ခါစသူများသာမက နှစ်ကြီးသမားများပါ,ပါဝင်နေ လျက်ရှိပြီး တစ်ချို့မှာ ဂျပန်နိုင်ငံ၌ အခြေချနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်နိုင်ခွင့်ဗီဇာများရရှိထားကြ သော်လည်း အလုပ်အကိုင်ရှားပါးနေမှုကြောင့် အလုပ်မရှိသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မြန်မာလူမျိုးအများဆုံး နေထိုင် နေကြသည့် တိုကျိုတွင် အလုပ် လက်မဲ့ဖြစ်နေသူ ၈ဝဝ နီးပါး ရှိသည်။ ''ကျနော်ဂျပန်ရောက်တာ ၆ လပြည့်တော့မယ်။ အလုပ်မရှိလို့ ငွေပြန်မှာပြီးရပ်တည်နေရတယ်။ ကြာတော့ စိတ်ပျက်ပြီး ဒီလာမိ တာမှားပြီလားလို့တောင်ထင်မိ တယ်...''ဟု အိမ်သို့ငွေပြန်မှာနေရ သူတစ်ဦးက ယခုလိုညဉ်းတွား ပြောဆိုသည်။
သို့သော် မြန်မာပြည်ပြန်ပါက ဂျပန်သို့လာသည့်စာရိတ်များဆုံးရှုံး မည့်အပြင် ပြည်တွင်း၌လည်း ဂျပန်ထက်ပိုဆိုးသည့် အလုပ်ရှား ပါးမှုနှင့် အခြားသောစားဝတ်နေ ရေးခက်ခဲသည့်ပြဿနာများ ရင် ဆိုင်နိုင်ရဖွယ်ရှိသဖြင့် အလုပ်ရရှိ သည့်အထိ ကြိုးစားချို့ချန်၍ နေ သွားရဦးမည်ဖြစ်ကြောင်းလည်း ဆိုသည်။
အခြေချနေထိုင်ခွင့်ဗီဇာလည်း ရရှိထားပြီး ဂျပန်စကားနှင့် ဂျပန် အထာကိုကျွမ်းကျင်နေသည့် နှစ် ကြီးသမားတစ်ဦးကတော့ ''အလုပ်အကိုင်ရှာဖွေရေးဋ္ဌာန(Hello Work)ကိုသွားပြီး အလုပ်ရရှိဖို့ အတွက်ကြိုးစားပါသေးတယ်။ သူ တို့တောင်းတဲ့စာရွက်စာတမ်းတွေရော၊ အမှန်တကယ်အလုပ်လုပ် ကိုင်နိုင်ခွင့်ဗီဇာကိုပါ ထုတ်ပြနိုင်ခဲ့ ပေမယ့် ကိုယ့်လိုမျီုး တစ်ခြားနိုင်ငံ သားတွေက ရှေ့မှာတန်းစီနေတာ မို့ 'စောင့်ပါဦး...၊ အလုပ်ပေါ်ရင် ဖုန်းဆက်အကြောင်းပြန်ပါမယ်'ဆိုပြီး ယဉ်ယဉ်လေးနဲ့ နှင်လွှတ်ကိုပဲခံရ တယ်ဗျာ...''ဟုရှင်းပြသည်။
အလုပ်ရှားပါးမှုအပေါ်အခွင့်ကောင်းယူ၍ ပွဲခယူကာ အလုပ်ွင်းပေးနေသူများကလည်း ဂျပန်ဆိုင်ခေါင်းများနှင့်ပေါင်းကာ တစ်လကျော်သာအလုပ်ခန့်ပြီး 'လုပ်ငန်းကျွမ်းကျင်မှုမရှိ'၊ 'ဂျပန်စ ကားနားမလည်'စသည့်အကြောင်းပြချက်များနှင့်အလုပ်ဖြုတ်ပစ်ပြီး နောက်တစ်ဦးကို ပွဲခယူ၍ ယခင်လူအတိုင်း'ရိုက်စား'လုပ်နေကြသည့် မြန်မာပွဲစားတချို့၏ မရိုး ဖြောင့်သောအသံများလည်း ကြား နေရသေးသည်။
နယ်ဖက်ရှိစက်ရုံများတွင် လုပ်ကိုင်နေကြသည့် မြန်မာများမှာလည်း ကုန်ထုတ်လုပ်မှုကျဆင်း လာနေမှုဂယက်ကြောင့် အလုပ်ချိန်လျော့ချခံနေရခြင်းများ၊ လုပ်ခလျော့ချခြင်း၊ နားရက်များစွာပေး ခြင်းနှင့် တစ်ချို့ကုမ္ပဏီများဒေဝါလီခံသွားမှုကြောင့် လုပ်အားခမရရှိပဲ အလုပ်ပြုတ်သွားကြသူများ လည်းရှိကြောင်းသိရှိရသည်။
“3-D”ဟု ဂျပန်ရောက် နိုင်ငံခြားသားများအသိများကြားသည့် Dirty (ညစ်ပတ်ပေကြံသော အလုပ်များ)၊ Dangerous(အန္တာရယ်များသောအလုပ်များ)နှင့် Difficult(ခက်ခဲပင်ပန်းသော အလုပ်များ)ကို ယခင်က ဂျပန်လူမျိုးများမလုပ်ကြခဲ့ကြသော်လည်း အလုပ်အကိုင်ရှားပါးလာမှုကြောင့် တချို့သောဂျပန်လူငယ်များပင် နိုင်ငံခြားသားများသာလုပ်ကိုင်နေသည့် အောက်ခြေသိမ်းအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်လာနေသည်ကိုလည်း တွေ့ရှိရသည်။

တရားရေးဌာနမှ ထုတ်ပြန်ထားသော ၂၀၀၈ ခုနှစ် စာရင်းများအရ ဂျပန်နိုင်ငံတွင် မြန်မာလူမျိုး ၆၇၃၅ ဦးရှိပြီး အများစုမှာ ဒုက္ခသည်လျှောက်ထားသူများနှင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများဖြစ်သည်။

စုံစမ်းသိရှိရသောစစ်တမ်းများ အရ ဂျပန်စကားကျွမ်းကျင်မှုမရှိသောကြောင့် အလုပ်လက်မဲ့ဖြစ် နေသူနှင့် တရားဝင်အလုပ်လုပ်ခွင့် ဗီဇာမရှိသောကြောင့် အလုပ်မရရှိ သူဦးရေမှာ ပိုမိုများပြားနေလျက်ရှိ ကြောင်း သိရှိရသည်။ဂျပန်တရားရေးဌာနမှ ထုတ်ပြန်ထားသော ၂၀၀၈ ခုနှစ်အတွင်း ဂျပန်ရောက်မြန်မာလူမျုးများစာရင်းနှင့် နေထိုင်ကြေသည့် ဗီဇာအမျိုးအစားများ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More