Saturday, December 12, 2009

မတရားစီရင်ချက်ချခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် တောင်းဆိုဆန္ဒပြ



ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများဦးဆောင်၍ ဒီဇင်ဘာ ၁၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဂျပန်အစိုးရမှ ပြတ်ပြတ်သားသားဆောင်ရွက်ရန်အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အုပ်စုမှ နေအိမ်အတွင်း အမေရိကန်နိုင်ငံသားတဦးဝင်ရောက်မှုဖြင့် သြဂုတ်လ ၁၁ ရက်နေ့က နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ချမှတ်ခဲ့သည်။ ထိုစဉ်ကတည်းက ဂျပန်ရောက် မြန်မာ့ဒီမိုသမားများက သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး၊ ဒုတိယလ(၁၁)ရက်နေ့တွင် ဂျပန်နိုင်ငံရှိ ကုလအဆောက်အဦရှေ့သို့ တောင်းဆိုချီတက်ဆန္ဒပြခြင်း၊ တတိယလတွင် ဂျပန်လွှတ်တော်ရှေ့ ၌ တောင်းဆိုဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ လစဉ်(၁၁)ရက်နေ့တိုင်း တောင်းဆိုဆန္ဒပြပွဲများပြုလုပ်သွားမည်ဟုလည်း သိရှိရပါသည်။
(နန်းအိမွန်ချစ်)


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More