Friday, May 28, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲအနိုင်ရ နှစ်(၂၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား (ဓာတ်ပုံမှတ်တမ်း)ဂျပန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာ သံရုံး)ရှေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ နေလည် ၃း၀၀ နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကိုယ်စား ရွေဂုံတိုင်ကြေငြာစာတမ်းကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန်အတွက် တိုက်တွန်း တောင်းဆိုသည့် စာကို မြန်မာသံရုံး စစ်သံမှူးမှတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွေထံ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားသို့  ဂျပန်ရောက် မြန်မာနိုင်ငံသား စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ညနေ ၄း၁၅ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။
ဓာတ်ပုံ။ ။ မင်းညိုဝမ်း (moethaukkye)

1 comments:

လူမူရေးကို ဟန်ပြနဲ့ ကောက်ရိုးမီးပုံစံ လုပ်ပြနေတာက ပိုရှက်ဖို့  ကောင်းတယ် ဆိုတာ ဆန်းစစ်သင့်ပြီ။ ပါတီ ဆက်လက် မှတ်ပုံမတင်တာ ကိုယ့်ကိုကိုယ် လမ်းဘေး ပြန်ပို့ တယ် ဆိုတာ မှန်ကြောင်း လူတွေသိကုန်ပြီ။ ရွေးကောက်ပွဲ မဝင်ဘို့  ကန့် ကွက်မဲမရှိ ဆုံးဖြတ်ခဲ့ တယ် လို့  ပြည်သူကိုလိမ်ခဲ့တာကို ဆန်းစစ်သင့်ပြီ။ ရုံးချုပ်နဲ့ ရင်ထဲမှာ အလံမဖြုတ် ပေမဲ့ ရုံးချုပ်မှာ အခမ်းအနားတောင် မလုပ်နိုင်ဘူး ဆိုတာ ဆန်းစစ်သင့်ပြီ

အမေရိကန်က ထောက်ပံ့မူ အမျိုးမျိုး ပေးခဲ့ပေမဲ့ NLD ဘာလို့  မအောင်မြင် ရသလဲ ဆိုတာ ဆန်းစစ်သင့်ပြီ။ အားမနာတမ်းပြောရရင် -: ဘဘ ဦးတင်ဦး စိတ်ပျက်နေပုံရသည်။ ဦးဝင်းတင် လေထွားတုံးရှိသည်။ လူတွေထောင်ထဲ ပို့ ချင် နေသည်။ အားမနာတမ်း ပြောရရင် -: အိုကြီးချက်မတွေရဲ့  ဦးတည်ရာမဲ့ အကျိုးမဲ့လမ်းစဉ်များကို စိတ်ပျက် လှပါပြီ။

Twitter Delicious Facebook Digg Stumbleupon Favorites More