Sunday, May 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး(၇)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ

View all
Get your own

မေ(၃၀)ရက်နေ့တွင် ကျရောက်သည့် ဒီပဲယင်း(၇)နှစ်ပြည့် နိုင်ငံတော်လုပ်ကြံမှု အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ ရှီနာဂါဝရပ်ကွက်ရှိ နအဖအခွန်ရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်)NLD-LA-JB၏ ဦးဆောင်မှုဖြင့် မွန်းလွှဲပိုင်း(၃)နာရီမှ (၅)နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့သော ၂၀၀၃ ခုနှစ်၊ မေ ၃၀ တွင် အထက်ဗမာပြည်စည်းရုံးရေးခရီးစဉ်အသွား စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ၊ ရဟန်းသံဃာတော်များနှင့် ကျောင်းသားပြည်သူများကို နအဖ ၏ လက်ကိုင်တုတ်များ ဖြစ်သော ကြံဖွတ်နှင့် စွမ်းအားရှင်တို့မှ ၀ါးရင်းတုတ်များ၊ ၀ါးချွန်များကိုင်ဆောင်ပြီး အကြမ်းဖက်လုပ်ကြံမှုကြောင့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပေါ်လာရအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ယနေ့အခမ်းအနား၌ ဒီပဲယင်းတွင်ကျဆုံးသွားသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် နှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန်နှင့် ဒီပဲယင်းတွင် ကျုးလွန်ခဲ့သည့် လူသတ်တရားခံများကိုလည်း ဖော်ထုတ်ပေးရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း အခမ်းအနားမှုးကပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ဒီပဲယင်း(၇)နှစ်ပြည့်အထိမ်းအမှတ်နှင့်ပတ်သက် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဘာသာပေါင်းစုံမှ ဆရာတော်များ ဆုတောင်းမေတ္တာပို့သပေးပြီး အဖွဲ့အစည်းအသီးသီးမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ပန်းခြင်းများချကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ ဒီပဲယင်း(၇)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားသို့ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ (၅၀၀) ခန့်တက်ရောက်ခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More