Monday, May 17, 2010

BRSAအသင်း၏ (၃)နှစ်ပြည့် ညီလာခံအောင်မြင်စွာကျင်းပ၊ လူမှုရေးလုပ်ငန်းများသာမက နိုင်ငံရေးလုပ်ဆောင်မှုများပါ တိုးချဲ့လုပ်ဆောင်သွားမည်ဟုဆို

ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသည့် မြန်မာလူမျိုးများကို ကူညီဖေးမဖို့အတွက် ဂျပန်-မြန်မာလူမျိုးများနှင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံသားဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်) Burma's Refugee Serving Association(Japan) ၏ ၃ နှစ်ပြည့် နှစ်ပတ်လည်ညီလာခံနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို တိုကျိုမြို့၊ မိနာမီ အိုးစုခခန်းမတွင် မေလ ၁၆ ရက်နေ့က အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြသည်။ ညနေ ၅းဝဝ နာရီမှ ည ၉းဝဝ နာရီအထိပြုလုပ်ခဲ့သည့် အသင်း၏ နှစ်ပတ်လည်ညီလာခံသို့ အသင်းသူ/သား တစ်ရာနီးပါးတက်ရောက်ခဲ့ကြပြီး ၂ဝ၁ဝ -၂ဝ၁၁ ခုနှစ်အတွက် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှ အသင်းအနေဖြင့် ဒုက္ခသည်လျှောက်ထားပြီး အခက်အခဲများစွာဖြင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို ငွေကြေးအားဖြင့်သော်လည်းကောင်း၊ စိတ်ဓါတ်ရေးရာအားဖြင့်သော်လည်းကောင်း ထောက်ပံ့ဖေးမအားပေးနေရုံသာမက မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်များတွင်လည်း တခြားသောနိုင်ငံရေးအသင်းအဖွဲ့များနှင့် အတူလက်တွဲ၍ တိုးချဲ့လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

1 comments:

တော်လှန်ရေးသမား နိုင်ငံရေးသမား အတုအယောင် လူမူရေး သမားဆိုသူတွေ နောင်တမရသေးဘူး။ ပြည်သူလူထုကို ချနင်း အပေါ်တက်လို့  ရအောင်လုပ်တုံးဘဲ။ လူမူရေး လုပ်ပါ။ ကြိုက်တယ်။ သူများ ရေဘူး ၁ဝဝ လှူရင် ၁ဝဝဝ လှူနိုင်အောင် လုပ်ပြ။ တစ်ယောက်နဲ့  တစ်ယောက် မထိခိုက်နဲ့ .။ အပြစ်မပြောနဲ့ ။ တစ်ချိန်လုံး ပြည်သူလူထု ထမင်းအိုးကွဲအောင် စီးပွားရေး ပိတ်ဆို့ မူ တွေ လုပ်ခဲ့ပြီးမှ ပေးလာမဲ့ လူမူရေး အကူအညီတွေ မျှော်ကိုးပြီး စကားကြီး စကားကျယ်တွေ ပြောနေကျတယ်။ ပြည်သူလူထု က ငတုံးတွေ မဟုတ်ဘူး။ ရင်ထဲက သိတယ်။ ပြည်သူကို အူမတောင့်ပြီး သီလစောင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိမှ နိုင်ငံရေး စကားပြောကျ။

Twitter Delicious Facebook Digg Stumbleupon Favorites More