Saturday, May 1, 2010

မြိတ်ခရိုင်အသင်း၏ နှစ်ပါတ်လည်မိတ်ဆုံစားပွဲ ပြည်တွင်းအဆိုကျော်များတက်ရောက်ဆင်နွှဲ


သတင်းဓာတ်ပုံ။ ။ စိုးသီဟ ၊သန့်မျိုးထွေး(moethaukkye)
သတင်း-သန့်မျိုးထွေး

ဂျပန်နိုင်ငံရောက်မြိတ်မြို့နယ်သားများစုပေါင်းဖွဲ့စည်းထားသည့် "မြိတ်ခရိုင်အသင်း"၏ နှစ်ပါတ်လည်မိတ်ဆုံစားပွဲကိုယနေ့နေ့လည် (၁)နာရီက တိုကျိုမြို့၊အီကဲဘူကုရိုးရှိဗဟိုမီးသတ်အဆောက်အဦး၏ (၆)ထပ်ခန်းမတွင် ကျင်းပရာ အသင်းသူအသင်းသားများနှင့်ဧည်သည်များအပြင်လိုက်ဖ်ရှိုးပွဲအတွက် ဖျော်ဖြေရန်ရောက်ရှိနေသည့် ပြည်တွင်းအဆိုကျော်များပါ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

ဂျပန်ရောက်မြိတ်မြို့သူမြို့သားအချင်းချင်းပြန်လည်တွေ့ဆုံ၍အချင်းချင်းရိုင်းပင်းကူညီကြရန်၊မိမိတို့မြို့ရွာကိုပြန်လည်ကူညီနိုင်ရန်နှင့်မြိုတ်မြို့၏ပရိဟိတလှုမှုရေးလုပ်ငန်းများကိုကြိုးစားဖြည့်ဆည်းဆောက်ရွက်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အသင်းအတွင်းရေးမှူးဦးတင်မောင်ညီမှ ရှင်းလင်းပြောပြသည်။

"မြို့မြို့မှာရှိတဲ့ ပရဟိတဂေဟာတွေက အဖေခေါ်စရာမရှိတဲ့ ကလေးတွေကို ကျနော်တို့က မွေးစားအဖေ၊ မွေးစာအမေတွေအဖြစ် ခံယူနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်၊ လူဆိုတာကလည်း တဦးတယောက်တည်း ရပ်တည်လို့မရပါဘူး၊ အပေါင်းအသင်းမိတ်ဆွေရှိမှ ပါတ်ဝန်းကျင်ဆိုတာမျိုးရှိမှ ရပ်တည်လို့ရပါတယ်၊ အဲ့ဒိအပေါင်းအသင်းဆိုတာကလည်း ရင်ထဲက ခံယူချက်ခြင်းတူမှ ပေါင်းသင်းလို့ရတာပါ၊ ဟန်ဆောင်တယ်ဆိုရင် အကြာကြီးရပ်တည်လို့မရပါဘူး၊ ခံယူချက်ခြင်းတူမှ ရေရှည်လက်တွဲသွားလို့ရတာပါ၊ ဒီဗော်လံတီယာလုပ်ငန်းဆိုတာ ကိုယ့်အိတ်ထဲက စိုက်ထုတ်နိုင်မှ လုပ်လို့ရတာပါ၊ အဲ့လိုခံယူချက်ခြင်းတူတဲ့ ညီလေးတွေ၊ ညီမလေးတွေအများကြီးလည်းရပါပြီး။ ကျေးဇူးလည်းတင်ပါတယ်။ ၀မ်းလည်သာပါတယ်ဗျာ။"ဟု အသင်းရေရှည်ရပ်တည်ရေးအတွက် လူမှုရေးခံယူချက်အကြောင်းကို ဦးတင်မောင်ညီမှပြောဆိုသွားသည်။

ယခုပွဲသို့ ဂျပန်တွင်ကျင်းပမည့်လိုက်ဒ်ရှိုးဖျော်ဖြေပွဲအတွက် ရောက်ရှိနေသည့် ၀ါရင့်ဂီတအဆိုကျော် ခိုင်ထူး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ ဂျင်းနီနှင့်မြိုတ်မြို့သူတဦးဖြစ်သည့် သရုပ်ဆောင်နှင့်အဆိုတော်ဇူးဇူးမောင်အပြင် ကီးဘုတ်ပလေယာဥက္ကာဦးသာနှင့် Metal Zone Bandမှ လိဒ်ဂစ်တာသမားဇော်လတ်တို့က တက်ရောက်ဆင်နွှဲအားပေးခဲ့ကြပြီး တက်ရောက်လာသူအားလုံးကို မြိတ်ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယင်းနောက်တွင်ခိုင်ထူးမှစတင်၍ဂျပန်ရောက်မြန်မာများအတွက်၎င်း၏နံမည်ကျော်"အိမ်အလွမ်း"သီချင်းဖြင့် စတင်သီဆိုပေးပြီးနောက် ဖြူဖြူကျော်သိန်းမှ"အချစ်တဲ့လား"သီချင်းနှင့်လည်ကောင်း သီဆိုပေးခဲ့သလို ရှင်ဖုန်းတို့မှလည်း အလှည့်ကျဖျော်ဖြေပေးခဲ့ပြီး အဆုံးပိတ်တွင် ဘယ်လိုမှမရိုးနိုင်သည့် "မန်းတောင်ရိပ်ခို"သီချင်းကို အားလုံးစုပေါင်းဝိုင်းဝန်းသီဆို၍ ဂျင်းနီနှင့်ဇူးဇူးမောင်တို့က အကဖြင့်ကပြဖျော်ဖြေပေးခဲ့ကြသည်။

မြိတ်ခရိုင်အသင်းတွင် ဂျပန်နိုင်ငံ၌ အမျိုးမျိုးသောနယ်ပယ်အသီးသီးတွင် ပညာသင်ယူအလုပ်လုပ်ကိုင်နေသည့် မြိုတ်မြို့သူမြို့သား စုစုပေါင်း(၃၀)ဦးဖြင့် ဖွဲ့စည်းထားပြီး စတင်တည်ထောင်ပြီးသည့် တနှစ်တာကာလအတွင်း လူမှုရေးလုပ်ငန်းများလုပ်ကိုင်ရန် ရံပုံငွေရှာဖွေခြင်းအဖြစ် လိုက်ဒ်ရှိုးပွဲတင်သွင်းကျင်းပခြင်း၊ အပျော်ခရီးထွက်ခြင်းစသည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ယခုတဖန် မြိုတ်မြို့တွင် ပရိယတ္တိစာသင်တိုက်ကြီးတခု ပေါ်ပေါက်ရေးအတွက် လိုက်ဒ်ရှိုးပွဲတခုကို မနက်ဖြန် မေလ(၂)ရက်နေ့တွင် တိုကျိုမြို့၌ကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။

1 comments:

သဗွတ်အူရွာသားများအသင်း ရက်လည်မိတ်ဆုံသောက်ပွဲမှလည်း ပြည်ပရောက် မြန်မာအဖွဲ.အစည်းပေါင်းတစ်သိန်းခြောက်သောင်းအားဖိတ်ကြားလိုက်ပါသည်။ အသင်းကိုကျုပ်တို.ရွာသား ၃ယောက်ဖြင်.လုပ်ထားသည်။ ဖျော်ဖြေရန် ရွာဆော် မောင်အော် ကိုခေါ်ထားသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More