Saturday, June 11, 2011

ဂျပန်ရှိNDBမှ မိုးသောက်ကြယ်နှင့်ရှင်းချင်ကြောင်း ဖိတ်စာပေးပို့

NDB ဟုအတိုကောက်ခေါ်ဆိုနေသည့် မြန်မာ့ဒီမိုကရေစီကွန်ယက်/Network for Democracy in Burma(NDB)မှ မိုးသောက်ကြယ်နှင့် ရှင်းချင်ကြောင်း ဖိတ်ကြားသည့် ဖိတ်စာကို လက်ခံရရှိခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၇ ရက်နေ့စွဲဖြင့် ပေးပို့လာသောဖိတ်စာထဲတွင် မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်နှင့် ရှင်းလင်းရမည့်ကိစ္စများဆိုသည့်အချက် ပါရှိသည့်အတွက် တာဝန်ခံများမှ သွားရောက်ရှင်းလင်းကြမည်ဖြစ်သည်။

မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ကိုစိုးဝင်းရှိန်မှ “ ကျနော်တို့ဆီကို NDB meeting invitation4.pdf ဆိုပြီး ပီဒီအက်ဖိုင်ကြီးနဲ့မေးလ်ဝင်လာလို့ ဖွင့်ကြည့်လိုက်တော့ သူတို့ရဲ့ ပုံမှန်အစည်းအဝေးလုပ်မယ့်နေ့မှာ ဆွေးနွေးမည့်အကြောင်းအရာများထဲမှာ အချက်(၃)ဖြစ်တဲ့ မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်နှင့် ရှင်းလင်းရမည့်ကိစ္စများ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ထားတာတွေ့တယ်။ ဘာတွေကို ရှင်းစေချင်သလဲဆိုတာ အတိအကျမသိသေးပေမယ့် ဖိတ်တော့လည်း သွားရှင်းရမှာပေါ့ဗျာ”ဟု ဆိုသည်။


NDB အစည်းအဝေးကို လာမည့် တနင်္ဂနွေနေ့(ဇွန်လ ၁၂ ရက်)၊ နံနက် ၉း၃၀ မှ နေ့လယ် ၁၂း၀၀ နာရီအထိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ရုံးခန်းရှိရာ တာကာဒါနိုဘာဘာတွင် ပြုပ်လုပ်မည်ဟု ပေးပို့လာသောဖိတ်စာအရသိရှိရပြီး မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံများမှ အစည်းအဝေးအင်္ဂါရပ်နှင့်အညီ သွားရောက်ရှင်းလင်းကြမည်ဟုဆိုသည်။

“စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ထွန်းလာစေရေးအတွက် သတင်းနဲ့စာနယ်ဇင်းလုပ်နေတဲ့ ကျနော်တို့ကို ရှင်းချင်ပါဆိုပြီး အခုလိုမျိုး ဖိတ်စာနဲ့ဖိတ်တာ့  ထူးတော့ထူးဆန်းတယ်ဗျ။ ဒါ့ကြောင့် တာဝန်ခံတွေသွားကြမှာပါ။ မသွားရင် ကိုယ့်ဘက်ကရိုင်းရာကျသွားမယ်လေ”ဟု တာဝန်ခံတစ်ဦးက ယခုလိုပြောဆိုသည်။
အဆိုပါအစည်းအဝေးပြီးဆုံးသွားခဲ့ပါက မည့်သည့်အကြောင်းအရာများ ရှင်းလင်းခဲ့သည်ကို ထပ်မံဖြန့်ဝေပေးပါမည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More