Wednesday, June 1, 2011

အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်မည်

နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စအား ပိုမိုအာရုံစိုက်လာစေရန်နှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေး လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် လာမည့်တနင်္ဂနွေနေ့(ဇွန်လ ၅ ရက်)တွင် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားတရပ်ကို ဆုချီးမြှင့်ရေးကော်မတီကဦးစီး၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာဘူတာအနီးရှိ Seiketsu Consumer Center (4 F) တွင် အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဟု သိရှိရပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့လာသော Viedo Message ကိုလည်း  ဖွင့်လှစ်ပြသမည်ဟုလည်းသိရှိရပါသည်။


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More