Wednesday, June 29, 2011

ကျနော့်တို့ခေါင်းဆောင်ကတော့ ဒီလိုပြောနေပါတယ်...။ အမှန်တကယ်လည်း လုပ်ဖို့လိုအပ်နေပါတယ်

ကျနော်တို့ဂျပန်မှာဗျာ…

(၁) မြန်မာပြည်ဒီမိုကရေစီရရှိရေး၊ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး၊ ဘာရေး ညာရေး အစရှိသဖြင့် နာမည်လှလှ ခေါင်းစဉ်လှလှတွေတပ်၊ အဖွဲ့အစည်းတွေဖွဲ့ပြီးလုပ်ဆောင်နေကြတာ အဖွဲ့ပေါင်း ၄၀ ကျော်တောင်ရှိပါတယ်။ ဒီထက်တောင် ပိုမယ်ထင်ပါတယ်။

(၂) အားလုံးသောအဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်သဖွယ်ထားရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေချင်တဲ့အတိုင်း၊ သို့တည်းမဟုတ် လမ်းညွန်တဲ့အတိုင်း သို့တည်းမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒအတိုင်းလုပ်ဆောင်ကြပါမယ်ဆိုပြီး လူရှေ့သူရှေ့မှာတော့ လိပ်ခေါင်းထွက်လောက်အောင် “အာ” ကြ “အော်”ကြပါတယ်။ အခုအချိန်ထိလည်း “အာ”ဆဲ “အော်”ဆဲပါ။

(၃) သို့ပေမယ့် လက်တွေ့မှာတော့ ကိုယ့်ခေါင်းဆောင်ပြောတဲ့အတိုင်း၊ တိုက်တွန်းနေတဲ့အတိုင်း လုပ်သလား…မလုပ်ဘူးလားဆိုတာကို အောက်ပါလင့်ကိုကြည့်ရင် လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားကြီးမြင်ရမှာပါ။

ဒါကြောင့် ဒီအခွေကိုကြည့်ပြီး
(က)ဟီရိ ဆိုတဲ့ အရှက်တရားလေးရကြပြီး ပြုပြင်ကြစေလိုပါတယ်။
(ခ) လူမြင်ကွင်းမှာ၊ လူရှေ့တွေမှာ ဟိတ်တလုံး ဟန်တလုံးနဲ့ လူအထင်ကြီးအောင် “အာ”ခဲ့ “အော်”ခဲ့ကြသလို အဲဒီ့“အာ”ခဲ့၊ “အော်”ခဲ့တဲ့ကိုယ့်စကားအတိုင်း ကိုယ့်ခေါင်းဆောင်ပြောဆိုနေတဲ့၊ တိုက်တွန်းနေတဲ့ကိစ္စလေးကိုလည်း ဖြည့်ဆည်းပေးသင့်ပါတယ်။
(အနည်းဆုံး တစ်ဖွဲ့ကို တစ်ဦးနှုန်းနဲ့တာဝန်ယူကြမယ်ဆိုရင် ၃ သာဓုကို ၃ စကွဲယားတပ်ပြီး ၃ ကြိမ် ၃ ခါ ခေါ်ဆိုပေးပါမယ်။)
(ဂ) အဲ မဖြည့်ဆည်းဘူးကွာ…ငါတို့က ငါတို့လုပ်ချင်တာပဲလုပ်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ တခုပါပဲ။ ကိုယ့်အဖွဲ့အစည်းနာမည်တွေကို မြန်မာပြည်ဒီမိုကရေစီအရေးဆိုတဲ့အစား ငါမိုကရေစီလို့ပြောင်းလိုက်ပါ…။
ကျနော်တို့ ဘာဆိုဘာမှ မပြောတော့ပါဘူး….

အားလုံးကိုလေးစားလျက်-
စိုးဝင်းရှိန်(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာ)



မှတ်ချက်-
ငါတို့က ကိုယ့်အစီအစဉ်နဲ့ထောက်ပံ့နေတာကွ။ မင်းမမြင်ဘူးလား...လို့ ပြောမယ်ဆိုရင်။ ဟုတ်ကဲ့-ကျနော်တို့ ယခုအချိန်ထိ မမြင်မိသေးပါဘူး။ ထင်သာမြင်သာရှိအောင် အားလုံးလည်း သံသယရှင်းအောင် စာရင်းဇယားများနဲ့ ထုတ်ပြန်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။ ထပ်မံပြီး ၃ သာဓုကို ၃ စကွဲယားတပ်ပြီး ၃ ကြိမ် ၃ ခါ ခေါ်ဆိုပေးပါမယ်

2 comments:

ကုလားတွေလဲပါတာပဲနော်။မင်းတို့ဗမာတွေကတောတစ်ကဲ့ကိုစောက်ရှက်မရှိဘူး။ကုလားကိုတောင်အစည်းဝေးကိုတက်ခွင့်ပေးတယ်။ဒါကြောင့်မင်းတို့ဗမာမတွေကိုကုလားတွေလိုးနေတာ။

ဟား
အညတရသူရဲကောင်းဆုပေးပွဲမှာကုလားတွေကို
ခေါ်တယ်။စောက်ရှက်မရှိတဲ့ဗမာတွေ။ဒါကြောင့်မင်းတို့ဗမာမတွေကိုကုလားတွေယူနေတာ။ရန်ကုန်မှဆိုကုလားတွေနဲ့ယူထားတဲ့ဗမာမတွေအများကြီး။ကုလားကိုယောက်ဖတော်ရှင်တဲ့ကောင်တွေ။ကုလားနဲ့ပေါင်းရန်တောဗုဒ္ဒဘာသာကုလားဘာသာဖြစ်သွားမယ်။မင်းတို့တွေသတိထားပါ။ကုလားနဲ့ပေါင်းတောဝက်သားမစားရဘူးနော်:P

Twitter Delicious Facebook Digg Stumbleupon Favorites More