Friday, June 17, 2011

ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သွေးလှူခြင်း၊ ငါးလွှတ်ခြင်းနှင့် အခြားကုသိုလ်ပြုအစီအစဉ်များ




လာမည့်ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ဒီမိုကရေစီမီးရှုးတိုင်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၊ ပြည်သူအပေါင်းချစ်မြတ်နိုးသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ သွေးလှူခြင်း၊ ငါးလွှတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့ခြင်းနှင့် အခြားကောင်းမှုကုသိုလ်ပြုပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဟု သိရှိရသည်။

                                             

(၁)ဇီဝိတဒါနငါးလွှတ်ခြင်းအစီအစဉ်
-ယမန်နှစ်ကပြုလုပ်ခဲ့သည့် ဆိုင်းတမခရိုင်၊ ခါဝါခုချီ(Kawaguchi)ဘူတာအနီးရှိ Arakawaမြစ်တွင် နံနက် ၁၁း၀၀ နာရီတိတိတွင်ပြုလုပ်ပါမည်။
စုရပ်အဖြစ်
(က)တာကာဒါနိုဘာဘာဘူတာတွင် နံနက် ၁၀း၀၀ နာရီတိတိ
(ခ) တိုက်ရိုက်လာလိုသူများအနေဖြင့် keiheintohokuလိုင်းစီး၍ Kawaguchi ဘူတာ အနောက်ဖက်ထွက်ပေါက်တွင် နံနက် ၁၀း၄၅ မိနစ်အရောက်

(ယမန်နှစ်ကပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံဖြစ်ပါသည်)

(၂)သွေးလှူခြင်းအစီအစဉ်
တိုကျိုလျှပ်စစ်မြို့တော်ဟု ခေါ်ဝေါ်နေကြသည့် Akihabaraရှိ သွေးလှူဘဏ်တွင် နေ့လယ် ၁း၀၀ နာရီတိတိပြု လှူတန်းကြမည်ဖြစ်ပါသည်။

သွေးလှူတန်းခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများတွင် အတူတကွပါဝင်ကုသိုလ်ပြုလိုသူများ (အဖွဲ့အစည်းဖြစ်စေ၊ တသီးပုဂ္ဂလိကဖြစ်စေ) မည်သူမဆို လွတ်လပ်စွာလာရောက်ကုသိုလ်ပြုနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
(ယမန်နှစ်ကပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံဖြစ်ပါသည်)



ဆက်သွယ်ရန်-
မတင်တင်ဝင်း ၀၉၀ ၈၇၂၀ ၉၀၁၇၊
မချယ်ရီသန်း ၀၈၀ ၁၂၁၉ ၈၅၃၀၊
ကိုမောင်သန့် ၀၈၀ ၃၆၉၉ ၆၀၄၅၊
ကိုမောင်မောင်အေး ၀၉၀ ၆၀၁၇ ၇၆၇၅၊
ကိုစိုးဝင်းရှိန် ၀၉၀ ၄၁၂၈ ၄၇၂၅၊
ကိုမိုးညို ၀၈၀ ၅၆၄၂ ၄၂၁၆၊
ကိုတိုးကြည်ဆွေ ၀၉၀ ၆၁၉၈ ၁၉၆၂၊
မနန်းအိမွန်ချစ် ၀၈၀ ၃၇၁၅၅၇၅၂၊
ကိုဟန်ဝင်းထွန်း ၀၈၀ ၆၇၉၁ ၈၄၀၂၊
ကိုရန်မျိုးကျော် ၀၈၀ ၄၁၆၅ ၁၁၃၇၊
ကိုဝင်းအောင် ၀၈၀ ၆၅၀၇ ၃၈၀၇၊
မလီလီမေ ၀၉၀ ၃၀၀၃ ၉၇၈၈
ကိုမင်းညိုဝမ်း ၀၈၀ ၄၀၆၄ ၆၈၀၆
ကိုအောင်ဌေး ၀၉၀ ၁၄၆၆ ၅၅၅၃ ထို့ထံ ဆက်သွယ်နိုင်ပါသည်။

မေတ္တာရပ်ခံချက်-
အတူတကွကုသိုလ်ပြုလိုသူများ ဒေါ်အောင်ဆန်းစုကြည်ပုံပါအင်္ကျီများ ၀တ်ဆင်လာပေးကြ စေလိုပါသည်။


နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့ခြင်းအစီအစဉ်တရပ်အနေဖြင့် အညတရသူရဲကောင်းများဆုခြင်းမြှင့်ရေးဆပ်ကော်မတီသို့ မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ယန်းငွေ ၇ သောင်းတိတိကို ဇွန်လ ၂၆ ရက်(တနင်္ဂနွေနေ့)တွင် ပေးအပ်မည်ဖြစ်ပါသည်။

နေရာ- minami otsuka hall , Dai (3) Room

အချိန်- ညနေ ၆း၃၀ နာရီ

ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးစာသင်ကျောင်း(၃)ကျောင်း(သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)တို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အာဟာရဒါနပြုလုပ်မည့်အစီအစဉ်များ-
အလှူအစီအစဉ်
ပြုလုပ်မည့်အစီအစဉ်    - ပညာသင်ကလေးငယ်များအား အစားအစာကျွေးမွေးလှူဒါန်းခြင်း
အလှူပြုလုပ်မည့်နေရာ    - ဆာမူထောကျောင်း(ကပ်ပိဘန်းရပ်ကွပ်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ)(၁၉ - ၆ - ၂၀၁၁)
            - သွေးသစ်ကျောင်း (၁၇ - ၆ - ၂၀၁၁)
            - နမ်တွပ်ကျောင်း (နမ်တွပ်ရပ်ကွပ်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ) (၁၇ - ၆ - ၂၀၁၁)
ပြုလုပ်မည့်အလှူ        - ကလေးငယ်များအား အစားအစာကျွေးမွေးလှူဒါန်းခြင်း
ကျင်းပပြုလုပ်မည့်ရက်     - ၁၇/၁၉ - ၆ - ၂၀၁၁
အလှူပြုလုပ်မည့်အချိန်    - နေ့လည် ၁၃း၀၀

မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ၏ အာဟာရဒါနပြုလုပ်မည့်အစီအစဉ်များကို ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုစည်သူမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်း တွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ နေ့လယ် ၂း၀၀ နာရီမှစတင်ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်စူး၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူတန်းကြဦးမည်ဖြစ်သည်။ (အဆိုပါကောင်းမှုကုသိုလ်ပြုလုပ်သည့်အစီအစဉ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(HRDP-Japan)မှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး မိုးသောက်ကြယ်မှ သံဃာအပါး ၅၀ အတွက် ပါဝင်ကုသိုလ်ပြုခဲ့သည်ဟု သိရှိရသည်။
ဆွမ်ဆန်းစိမ်းလောင်းလှူခြင်းနှင့်ပတ်သက်၍ ပါဝင်ကုသိုလ်ပြုလုပ်လိုလျှင်ဖြစ်စေ၊ မေးမြန်းလိုလျှင်ဖြစ်စေ HRDP-Japan တာဝန်ခံများဖြစ်သော
ကိုသားကြီး ၀၈၀ ၄၁၄၇ ၄၀၉၅၊
ကိုအောင်ကြီး ၀၈၀ ၁၂၆၁ ၅၁၇၉၊
ကိုညီညီပေါက် ၀၉၀ ၁၆၅၁ ၇၆၄၀ ထို့ထံ ဆက်သွယ်နိုင်ပါသည်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း သွေးလှူခြင်းနှင့် ငါးလွှတ်ခြင်းကောင်းမှုကုသိုလ်ပြုပွဲများကို လုပ်ဆောင်ခဲ့သည်မှာ ၁၁ ကြိမ် မြောက်ရှိသွားပြီဟုသိရှိရပါပြီး ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားကလေးများအတွက် အကျွေး အမွေးအစီအစဉ်ကို မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ယခုအကြိမ်နှင့်ဆို ၄ ကြိမ်ရှိသွားပြီဖြစ်သည်။

မောင်ရှင်(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More