Wednesday, June 22, 2011

(၆၆)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သွေးလှူ၊ ငါးလွှတ်ခဲ့သည့် မှတ်တမ်းနှင့် ငွေစာရင်းရှင်းတမ်း



ဗွီဒီယိုမှတ်တမ်း-ဇေယျာအောင်

ဇွန်လ(၁၉)ရက်နေ့တွင် (၆၆)နှစ်ပြည့်မြောက်ခဲ့သည့် မြန်မာတမျိုးသားလုံး၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရက်မြတ်မင်္ဂလာတွင် မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုသည့်အနေဖြင့် ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် သွေးလှူခြင်းတို့ကို ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ကြပါသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စာသင်ကျောင်း(၃)ကျောင်း(သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)တွင် ပညာနို့ရည်ချိုသောက်သုံးနေကြသည့် မြန်မာတိုင်းရင်းသား ကလေးငယ် ၈၀၀ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နံနက်စာအာဟာရဒါနပြုလုပ်ခြင်းနှင့် ပညာဒါနအဖြစ် ကျောင်းသုံးစာအုပ်ဝေငှခြင်းတို့ကိုလည်း မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုခဲ့ကြရာ ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP)မှ တာဝန်များမှ တာဝန်ယူဆောင်ရွက်ပေးခဲ့သဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။

ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ကျောင်းတွင် ဇွန်လ ၁၉ ရက်(တနင်္ဂနွေ)နေ့၊ ကပြုလုပ်ခဲ့သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် သံသရာဆင်းရဲခြင်းဒုက္ခအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်း ရည်မှန်း၍ ဆန်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်း ဂျပန်နိုင်ငံအခြေစိုက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(HRDP-Japan)မှ တာဝန်ခံများ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများအပါအ၀င် ဂျပန်ရောက်မြန်မာတချို့မှ ပါဝင်ကုသိုလ်ပြု ဆက်ကပ်လှူတန်းခွင့်ရခဲ့ကြပါသည်။

လာမည့် ဇွန်လ(၂၆)ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်(၆၆)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများကို ပံ့ပိုးနေသော အညတရသူရဲကောင်းများဆုချီးမြှင့်ရေးကော်မတီဝင်များထံသို့ အလှူငွေ ယန်း(၇)သောင်းတိတိကို ပေးအပ်မည်ပါသည်။
(ယခုလိုပြုလုပ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေချင်သည့် ဆန္ဒနှင့်တိုက်တွန်းပြောဆိုနေမှုများကို မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများအပါအ၀င် ဂျပန်ရောက်မြန်မာတချို့မှ လေးစားလိုက်နာသည့်အနေဖြင့် တစ်ပိုင်တစ်နိုင်ဖြည့်ဆည်းခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “ကိုယ်တိုင်းပြည်ရေးအတွက် နာမည်ကျော်ကြားဖို့၊ နာမည်ကြီးဖို့၊ ထင်ပေါ်ကျော်ကြားဖို့မဟုတ်ပဲ လုပ်သင့်လုပ်ထိုက်တာတွေကို စွန့်လွှတ်အနစ်နာခံပြီး လုပ်ဆောင်နေကြတဲ့ ကျမတို့နိုင်ငံထဲက နိုင်ငံရေးအကျဉ်းသားတွေကို မမေ့ဖို့အရေးကြီးပါတယ်။ အခုလိုမျိုး ကူညီထောက်ပံ့တာကို ကျမအနေနဲ့ အမျိုးကြီးဝမ်းသာသလို ဂုဏ်လည်းယူပါတယ်”(ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ပေးပို့သော Video Message အမှာစကားမှ)

ယခုကဲ့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရက်မြတ်မင်္ဂလာရောက်တိုင်း မိုးသောက်ကြယ်စာကြည့်တိုက်နှင့် မိုးသောက်ကြယ်ဂျာနယ်အဖွဲ့သားများမှ မိမိတို့ဥာဏ်မှီိသလောက် လုပ်သင့်လုပ်ထိုက်သည်ဟုယူဆသော ကောင်းမှုကုသိုလ်ပြုခြင်းများကို အရိုးသားဆုံးနှင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးကို သန့်ရှင်းစွာထား၍ ကောင်းမှုကုသိုလ်ပြုခဲ့ကြရာ အတူတကွပါဝင်ကုသိုလ်ပြုကြသူများ၊ သဒ္ဓါတရားထက်သန်စွာ အလှူငွေထည့်ဝင်ကြသူများနှင့် အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ပေးခဲ့သူများ(သတင်း၊ ဓါတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးပေးခဲ့သူများ)ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

နတ် လူ သာဓု ခေါ်စေသော်….။

ငွေကြေးလှူတန်းခဲ့သူများ၏အမည်နှင့် သုံးစွဲခဲ့မှုများ

ယန်း ၁ သောင်းထည့်ဝင်လှူတန်းခဲ့ကြသူများ-(၅ ဦး) စုစုပေါင်း ၅ သောင်း

(၁) ကိုဟန်ဝင်းထွန်း
(၂) ကိုဝင်းအောင်
(၃) ကိုမောင်သန့်
(၄) ကိုစိုးဝင်းရှိန်
(၅) မမာလာနွယ်

ယန်း ၈,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-(၂ ဦး) စုစုပေါင်း ၁ သောင်း ၆ ထောင်

(၁) မနန်းအိမွန်ချစ်
(၂) မတင်တင်ဝင်း

ယန်း ၅,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-( ၉ ဦး) စုစုပေါင်း ၄ သောင်း ၅ ထောင်

(၁) ကိုဝင်းဇော်
(၂) ကိုမိုးညို
(၃) ကိုထွန်းထွန်း
(၄) ကိုမင်းညိုဝမ်း
(၅) ကိုအောင်သန်း+မမေနှင်းဝေ
(၆) ဦးကျော်မြင့်(နှစ်ငါးဆယ်ပြည့်မွေးနေ့အမှတ်တရ)
(၇) ကိုတိုးကြည်ဆွေ+မကျင်ငိုက်မန်
(၈) မလီလီမေ
(၉) ကိုထွန်းဝေ

ယန်း ၃,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-( ၇ ဦး) စုစုပေါင်း ၂ သောင်း ၁ ထောင်

(၁) ကိုမျိုးဌေး
(၂) ကိုဖေသိန်း
(၃) မခင်စောလွင်
(၄) ကိုရဲခေါင်ဦး+မပုလဲ
(၅) ကိုထွန်းထွန်းနိုင်+မချယ်ရီသန်း
(၆) မလေးလေး(တိုကျို)
(၇) ကိုတင်အောင်စိုး

ယန်း ၂,၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-(၉ ဦး) စုစုပေါင်း ၁ သောင်း ၈ ထောင်

(၁) မအေးအေးခိုင်
(၂) ကိုသိန်သန်းဌေး
(၃) မခင်ငြိမ်းဆွေ
(၄) မအိဖြူထွေး
(၅) ကိုနေမျိုးအောင်
(၆) ကိုအောင်ဌေး
(၇) မဌေးဌေးဝင်း
(၈) ကိုဖိုးသား(ဂွန်းမ)
(၉) ဘုန်းသီဟရှိန်

ယန်း ၁၀၀၀ ထည့်ဝင်လှူတန်းခဲ့ကြသူများ-( ၁၇ ဦး) စုစုပေါင်း ၁ သောင်း ၇ ထောင်
(၁) ကိုညီညီလွင်
(၂) ကိုရဲမျိုးသွင်
(၃) ကိုတင်အောင်
(၄) မမေသူလင်း
(၅) ကိုရန်မျိုးကျော်
(၆) ကိုမောင်မောင်အေး
(၇) ကိုအောင်လော့ဒ်
(၈) ဘောက်ဆန်မိုင်
(၉) ဒေါ်နန်ဒွဲ
(၁၀) ကိုသန်းအေး
(၁၁) စေတနာရှင်တစ်ဦး
(၁၂) ကိုကျော်ခိုင်
(၁၃) ကိုလမင်း
(၁၄) မယ်သီတာ
(၁၅) မတင်တင်မြင့်
(၁၆) ကိုဝင်းဇော်(ဂွန်းမ)
(၁၇)မညိုညိုအောင်

ကောက်ခံရရှိငွေစုစုပေါင်း ၁၆၇,၀၀၀( တစ်ဆယ့်ခြောက်သောင်းခုနှစ်ထောင်ယန်းတိတိ)

ကုန်ကျငွေ(ထွက်ငွေ)စာရင်း

စာသင်ကျောင်း(၃)ကျောင်း(သွေးသစ်ကျောင်း၊ ဆာမူထောကျောင်းနှင့် နမ်တွတ်ကျောင်း)ရှိ ကလေးများအတွက် မနက်စာ+ဖတ်စာအုပ် ယန်း ၇၅,၀၀၀(ခုနှစ်သောင်းငါးထောင်ယန်း)
ဆွမ်ဆန်စိမ်းလောင်းလှူပွဲတွင်ကုသိုလ်ပြုခြင်း ယန်း ၁၇,၅၀၀(တစ်သောင်းခုနှစ်ထောင်ငါးရာ)
ငါးလွှတ်ရန်အတွက်ငါးဝယ်ခ ယန်း ၄,၅၀၀(လေးထောင့်ငါးရာယန်း)
အညတရသူရဲကောင်းဆုချီးမြှင့်ရေးသို့ ယန်း ၇၀,၀၀၀(ခုနှစ်သောင်းယန်းတိတိ)

စုစုပေါင်း ယန်း ၁၆၇,၀၀၀( တစ်ဆယ့်ခြောက်သောင်းခုနှစ်ထောင်ယန်းတိတိ)

မှတ်ချက်-ငွေစာရင်းကိစ္စနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များရှိပါက-

မတင်တင်ဝင်း(မိုးသောက်ကြယ်စာကြည့်တိုက်တာဝန်ခံ)
၀၉၀ ၈၇၂၀ ၉၀၁၇ သို့ တိုက်ရိုက်မေးမြန်းစစ်ဆေးစုံစမ်းနိုင်ပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More