Tuesday, June 7, 2011

မယ်တော်ကျောင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ သံဃာ့ဒါန စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို မကြာမီကျင်းပပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားက ၀ိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်းသိရှိရသည်။ ၀ါတွင်းကာလအကြိုအဖြစ် ဇွန်လ (၁၉)ရက်နေ (တနင်္ဂနွေနေ့)တွင်ကျင်းပမည့် အဆိုပါစုပေါင်းဆွမ်းဆန်စိမ်းလောင်းပွဲသည် ပထမဆုံးအကြိမ် ၀ိုင်းဝန်း ကျင်းပခြင်းဖြစ်ပြီး သံဃာအပါး ၃၀၀ ကျော်အား ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်ပစ္စည်းမျာ ၀ိုင်းဝန်း လှူဒါန်းကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် သီတင်းသုံးနေသည့် ထိုင်းသံဃာတော်များ၊ မြန်မာသံဃာတော်များသာမက မြန်မာဖက်ခြမ်းမှ သံဃာတော်များကိုလည်း သံဃာ့သမဂ္ဂီဖြစ်ရန် ပင့်ဖိတ် လောင်းလှူကြမည်ဟုလည်း သိရှိရသည်။
           
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မဲဆောက်မြို့ မယ်တော်ကျေးရွာ မယ်တော်ဆေးခန်းအနီးရှိ ၀ပ်ထိုင်းဝပ်ထနာလန် (မယ်တော်ကျောင်း)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သံဃာတော်အရှင်မြတ်များ အမှူးထား၍ ဈေးသူဈေးသားများ၊ စက်ရုံအလုပ်သမားများနှင့် သာရေးနာရေးလူမှုရေး ဘာသာရေး အလုပ်သမားရေး ဆောင်ရွက်နေသူများ အများအပြား ၀ိုင်းဝန်းကျင်းပကြမည်ဖြစ်သည်။ 

နေ့လယ် ၂နာရီတွင် ကျင်းပမည့် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်သံဗျောသံများဖြင့် သာသနာအလံတလူလူ လွှင့်ကာ စည်စည်ကားကားကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများလည်း ၀ိုင်းဝန်း လှူဒါန်း ကုသိုလ်ပါဝင်ရန် နှိုးဆော်ထားသည်။

အယ်ဒီတာမှတ်ချက်-
ဇွန် ၁၉ ရက်နေ့သည် မြန်မာပြည်သူ/သားအပေါင်း လေးစားချစ်မြတ်နိုးသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့်မြောက် မွေးနေ့ရက်မြတ်မင်္ဂလာအခါသမယဖြစ်ပြီး အဆိုပါနေ့တွင်ပြုလုပ်မည့် ဆွမ်ဆန်းစိမ်းလောင်း လှူပွဲသို့ ဂျပန်ရောက်မြန်မာများမှလည်း ပါဝင်ကုသိုလ်ပြုနိုင်ရန် စီစဉ်နေကြကြောင်းသိရသည်။ 

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More