Friday, June 10, 2011

ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ နိုင်ငံခြားသား ၂၈ ဦးထိရှိသွားပြီ

မတ်လ ၁၁ ရက်နေ့ ဂျပန်နိုင်ငံအရှေ့မြောက်ဖက်ဒေသကိုဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော ရက်ချက်တာစတေး ၉.၀ ရှိ အင်အားပြင်းငလျင်နှင့် ဆူနာမီဘေးဒဏ်ကြောင့် သေဆုံးသွားခဲ့သည့် နိုင်ငံခြားသားဦးရေမှာ ၂၈ ထိ ရှိသွားပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဇွန်လ ၆ ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါကြေငြာချက်တွင် သေဆုံးသွားခဲ့သူ နိုင်ငံခြားသားများမှာ တရုတ်၊ ကနေဒါ၊ တောင်နှင့်မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နှင့် အမေရိကန်နိုင်ငံသားတို့ဖြစ်သည်ဟု သိရှိရသည်။
ဧပြီလ ၁ ရက်နေ့အထိထုတ်ပြန်ခဲ့သော ဂျပန်လူမှုဖူလုံရေးဌာနစာရင်း များ အရ ဂျပန်လူမျိုး ၁ သောင်း ၂ ထောင်ကျော်သေဆုံးခဲ့သည့်ဟု ဆိုထားသောလည်း ဇွန်လ ၆ ရက်နေ့စာရင်းများအရ သေဆုံးသူစုစုပေါင်း(နိုင်ငံခြားသားများအပါအ၀င်) ၁၅၃၇၃ ဦးရှိပြီး ပျောက်ဆုံးသူမှာ ၈၁၉၈ ဦးရှိကြောင်းသိရ သည်။ ၃ သိန်း ၇ သောင်းကျော်မှာ ယခုအချိန်အထိ အိုးအိမ်အလုပ်လက်မဲ့ဘဝနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ၁၉၉၅ ခုနှစ် အိုဆာကာမြို့ရှိ ခိုဘေးတွင် လှုပ်ခဲ့သော Great Hanshin မြေငလျင်ဒဏ်ကြောင့် ဂျပန်လူမျိုး  ၆,၄၃၄ ဦးနှင့် နိုင်ငံခြားသား ၁၅ဝ ခန့်သေဆုံးခဲ့ရသည်။
ကိုးကား-Japan today

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More