Wednesday, February 3, 2010

ဆရာမောင်စွမ်းရည်ရေးသားသည့် `လူထုနှင့်နိုင်ငံရေး`အမည်ရှိစာအုပ်ကို အလင်းအိမ်မဂ္ဂဇင်းမှ တာဝန်ယူဖြန့်ချိမည်

ပြည်ပရောက် မြန်မာစာပေပညာရှင်တစ်ဦးဖြစ်သော ဆရာမောင်စွမ်းရည်မှ ၂၀၀၉ ခုနှစ်အတွင်း ရေးသားခဲ့သည့် ဆောင်းပါးများကို စုစည်း၍ ဂျပန်နိုင်ငံရှိ အလင်းအိမ်မဂ္ဂဇင်းမှ `လူထုနှင့်နိုင်ငံရေး`အမည်ဖြင့် မကြာမှီရက်ပိုင်းအတွင်း ဖြန့်ချိတော့မည်ဟုသိရသည်။
”ဆရာစွမ်းက ၂၀၀၉ ခုနှစ်တုန်းက ဘာသာရေးနှင့်နိုင်ငံရေး၊ အလုပ်သမားနှင့်နိုင်ငံရေး၊ ကျောင်းသားနှင့်နိုင်ငံရေး၊ အစရှိတဲ့ခေါင်းစဉ်တွေနဲ့ ဆောင်းပါးတွေရေးသားခဲ့တယ်လေ။ စုစုပေါင်း ၁၀ ပုဒ်လောက်ရှိပါတယ်။ အများစုကတော့ ခေတ်ပြိုင်မှာရေးခဲ့တာများပါတယ်။ အခု အဲဒါတွေကိုစုပေါင်းပြီး ”လူထုနဲ့နိုင်ငံရေး”ဆိုတဲ့အမည်နဲ့ ကျနော်တို့က တာဝန်ယူပြီးဖြန့်ချိမှာပါ…”ဟု အလင်းအိမ်းမဂ္ဂဇင်းတာဝန်ခံ ကိုရဲငြိမ်းမှ ယခုလိုရှင်းပြသည်။
အဆိုပါစာအုပ်ကို ပြည်ထောင်စုနေ့အမီ ထုတ်ဝေနိုင်အောင် စီစဉ်နေသည်ဟုလည်း သိရှိရပြီး လက်ရှိမြန်မာနိုင်ငံရဲ့လိုအပ်ချက်နှင့် မြန်မာပြည်တွင်းမှီတင်းနေထိုင်ကြတဲ့ ရဟန်းရှင်လူ မှစပြီး ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အလွာအသီးသီးမှ
အိမ်ရှင်မများအထိ လက်ဝယ်ထားရမဲ့ စာအုပ်ကောင်းတအုပ်ဖြစ်ကြောင်းလည်း အလင်းအိမ်မဂ္ဂဇင်းမှ မိုးသောက်ကြယ်သို့ပေးပို့လာသည့် အီးမေးလ်အရသိရှိရသည်။

ပြည်ပတွင် ထုတ်ဝေခဲ့သည့် ဆရာမောင်စွမ်းရည်စာအုပ်များ


ဘာလဲဟဲ့ မောင်စွမ်းရည်(၂၀၀၇ ခုနှစ်တွင် သစ္စာစာပေအင်အားစုမှ ဖြန့်ချိထုတ်ဝေခဲ့သည်)မှိုင်းမှသည် မိုးထိအောင်(၂၀၀၉ ခုနှစ်တွင် ဓူဝံစာပေမှ ဖြန့်ချိထုတ်ဝေခဲ့သည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More