Friday, February 26, 2010

ဂျပန်တွင် မြန်မာနိုင်ငံသား ၇,၇၈၉ ဦးရှိကြောင်း တရားရေးဌာနမှစာရင်းထုတ်ပြန်


မိမိတို့ရရှိထားသည့် နေထိုင်ခွင့် ဗီဇာအမျိုးအစားအလိုက် နိုင် ငံခြားမှတ်ပုံတင်ပြီး ဂျပန်နိုင်ငံနေရာအနှံ့တွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား ၇,၇၈၉ ဦး ရှိကြောင်း ဂျပန်တရားရေးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရသိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်စာရင်းများအရ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား ၂,၂၁၇,၄၂၆ ရှိပြီး၊ အဆိုပါအရေအတွက်မှာ ယမန်နှစ်စာရင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၆၆,၄၅၃ ဦး များပြားလာခဲ့ကြောင်း သိရှိရသည်။(မြန်မာလူမျိုးမှာလည်း ယမန်နှစ်ထက် ၁,ဝ၅၄ ဦး တိုးပွားလာခဲ့သည်။
အာရှနိုင်ငံသားမှာ ၁,၆၇ဝ,၁၅ဝ ဦးရှိ ၍ ဥရောပနိုင်ငံများမှ ၆၁,၈၇၅ ဦး၊ အာဖရိကနိုင်ငံများမှ ၁၂,ဝ၃၉ ဦး၊ မြောက်အမေရိကားတိုက် နိုင်ငံများမှ ၆၇,၇၂၉ ဦး၊ တောင် အမေရိကားတိုက်နိုင်ငံများမှ ၃၈၉,၃၉၉ ဦး၊ သြစတြေးလျ တိုက်နိုင်ငံများမှ ၁၄,၇ဝ၉ ဦးနှင့် နိုင်ငံမဲ့အဖြစ် ဂျပန်နိုင်ငံတွင်နေ ထိုင်နေသူ ၁,၅၂၅ ဦးတို့ဖြစ် သည်။
မြန်မာလူမျိုး ၇,၇၈၉ ဦးထဲတွင် အမျိုးသား ၄,၄၄၁ ဦး၊ နှင့် အမျိုးသမီး ၃,၃၄၈ ဦးဖြစ်သည်။ မွေးကင်းစမှ အသက် ၈ဝ ကျော်အရွယ်အထိ ယောကျာင်္း-မိန်းမ ဦးရေကို အသက်အရွယ် အလိုက်ဖော်ပြထားပြီး နေထိုင်ခွင့်ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြုလုပ်ပြီး ရောက်ရှိနေထိုင်သူစာရင်းအလိုက် ခွဲခြားသတ်မှတ်ဖော်ပြထားသေးသည်။
ထူးခြားချက်မှာ ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးများကို တိုင်းပြည်အခြေအနေတည်ငြိမ်မှုမရှိသဖြင့် အထူးနေထိုင်ခွင့်(Designated Activities Visa)ဂျပန်ရောက် မြန်မာများအခေါ် `တော့ခုတေးခဆုဒိုးဗီဇာ`ရရှိထားသူ ၁၃၀၇ ဦးရှိကြောင်း သိရပြီး အဆိုပါအရေအတွက်မှာ ယမန်နှစ်ထက် ထက်ဝက်ကျော်များလာခြင်းပင်ဖြစ်သည်။
အသေးစိပ်ကို ထပ်မံဖော်ပြပါမည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More