Wednesday, February 10, 2010

ဦးခွန်ထွန်းဦးနှင့် တိုင်းရင်သားခေါင်းဆောင်များ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို) ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်။

http://pnsjapan.blogspot.com/မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဖေဖေါ်ဝါရီလ(၉)ရက်နေ့  မတရားဖမ်းဆီးခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း (AUN-Japan)၊ သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ ချုပ် (SND-Japan၊ သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SSND-Japan) တို့ မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ယနေ့ သည် နအဖ စစ်အုပ်စုမှ ဦးခွန်ထွန်းဦးအပါအ၀င်ရှမ်းခေါင်းဆောင်များတို့ ကို မတရားဖမ်းဆီး ထောင်ချခဲ့ သည်မှာ (၅)နှစ်ပြည့်မြောက်ပြီးဖြစ်သည်။AUN နှင့် SND ဥက္ကဋ္ဌ ဖြစ်သူ စိုင်းစီဝမ်းမှ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဦးခွန်ထွန်းဦး၏ လက်ရှိအခြေအနေမျာကို ရှင်းပြရာမှာ ရာသီဥတု ဆိုးဝါးပြီး ဆေးဝါး အလုံအလောက် မရှိခြင်းတို့ ကြောင့် ပူတာအိုထောင်မှာ ကျမ္မာရေး အလွန်ဆိုးဝါးစွာ ခံစားနေရကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ ဦးခွန်ထွန်းဦး၏ ကျမ္မာရေးနှင့် ဆပ်လျင်း၍ “နှလုံးအောင့် ဆီးကျိတ်ယောင်” တဲ့ ဆိုးကျိုးကြောင့် တစ်နာရီခြားတစ်ခါ ဆီးထသွားရလို့ လည်း မိမိရပ်တည်ချက်မှာ ပြတ်သားကြောင်း မှားယွင်းခဲ့ခြင်းမရှိ လိပ်ပြာသန့် သန့် နှင့် ၀မ်းနည်းနှောင်တရမှုမရှိကြောင်းနှင့် သူ့ အတွက် စီတ်မပူဖို့နှင့်အပြင်လောက ကျန်ရှိပုဂ္ဂိုလ်များ ဆက်လက်ကြိုးစားလှုပ်ရှား ဆောင်ရွက်ကြဖို့ ပြန်လည်အားပေးသွားကြောင်းကို ထောင်ဝင်စာသွားရောက်တွေ့ဆုံးသည့် မိသားစုဝင်မှတဆင့် တွေ့ ရှိရပါသည်။

ခန္တီးထောင်မှာ ၁၀၆ နှစ်ကျခံနေရသော SSA အပစ်ရပ်ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန်လည်း ကျမ္မာရေး အလွန်ဆိုး ၀ါးစွာ ခံစားနေရသလို စိုင်းလှအောင် လည်း ကျောက်ဖြူထောင်မှာ ကျမ္မာရေး အခြေအနေ ဆိုးဝါး နေကြောင်းကို ကြားသိခဲ့ရပါသည်။


တက်ရောက်လာကြသည့် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများတို့ က ဦးခွန်ထွန်းဦး၏ ပေးဆပ် အနှစ်နာခံမူတို့ ကို ဂုဏ်ပြုချီးကျူးစကားပြောသွားကြပါသည်။အခမ်းအနားကို ညနေ၄ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

သတင်းမှတ်တမ်း ။ PNS-Japan
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More