Wednesday, January 13, 2010

မြန်မာနိုင်ငံတွင် သက်ကြီး ရွယ်အိုဦးရေ နှစ်စဉ်မြင့်တက်

Eleven Media Groupမှ


မြန်မာနိုင်ငံတွင် သက်ကြီး ရွယ်အိုဦးရေ နှစ်စဉ်မြင့်တက်လာ မှုနှင့်အတူ သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလို အပ်လာကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ တွင်ကျန်းမာ ရေးအကျိုး သက်ရောက်မှုကို ပြသော ညွှန်းချက် များအနက် ဖွားသေစာရင်းများ ဖြစ်သော မွေးနှုန်းကြမ်း (Crude Birth Rate ) နှင့် သေနှုန်းကြမ်း (Crude Death Rate) များသည် နှစ်စဉ်ကျဆင်းလျက်ရှိသောကြောင့် လူဦးရေတိုးမြင့်လာသော အကျိုး တရားနောက်ဆက်လည်း ဖြစ်ပေါ်လာကြောင်းသိရသည်။ ထိုသို့ လူဦးရေတိုးမြင့်လာသောကြောင့် အသက် ၆၀ နှစ်အထက် လူဦးရေလည်း တိုးတက်လာကြောင်း သုံးသပ်မှုများလည်း ရှိလာသည်။
၁၉၇၃ခုနှစ်တွင် သက်ကြီး ရွယ်အိုပုဂ္ဂိုလ် ၆ရာခိုင်နှုန်းသာရှိခဲ့ ပြီး၁၉၈၃ခုနှစ်လူဦးရေသန်း ခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် သက်ကြီး ပုဂ္ဂိုလ်များအရေအတွက် သည် လူဦးရေစုစုပေါင်း၏ ၆ ဒသမ ၄ ရာခိုင်နှုန်း (၂ ဒသမ ၁ သန်း)မှ ၂၀၀၁ ခုနှစ်လူဦးရေ စုစုပေါင်း၏ ၇.၉၈ ရာခိုင်နှုန်း (၄ ဒသမ ၁ သန်း) အထိတိုးလာပြီး လက်ရှိစာရင်းများ အရ ၈ ဒသမ ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း သိရသည်။ ကလေးမွေးဖွားနှုန်း ကျဆင်းခြင်း၊ လူသက်တမ်း ရှည်လာခြင်းနှင့် ကူးစက်ရောဂါကြောင့် သေဆုံးမှု နည်းပါးသွားခြင်းတို့သည် မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို လူဦးရေ တိုးတက်လာခြင်း အကြောင်းအရင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုလူဦးရေ မြင့်တက် လာမှု သည်ဖွံဖြိုးပြီး နိုင်ငံများထက်ပို များကြောင်းသိရသည်။
''မြန်မာနိုင်ငံမှာ သက်ကြီး ရွယ်အို လူဦးရေကနှစ်စဉ် တိုးတက်လာပါတယ်။ ဒါကြောင့်သက်ကြီး ရွယ်အိုတွေကို စောင့်ရှောက်မှုပေးဖို့ကလည်း ပိုပြီးလိုအပ်လာတယ်။ ကျန်းမာရေး လိုအပ်ချက်သာမက သူတို့ရဲ့လူမှုရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ထည့်ပြီးစဉ်းစားသင့် ပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ အစိုးရအဖွဲ့အစည်းတွေ သာမဟုတ်ပဲ အခြားအဖွဲ့အစည်းတွေက လည်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
''မြန်မာနိုင်ငံမှာ သက်ကြီး ရွယ်အို လူဦးရေက နှစ်စဉ်တိုးတက် လာပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်မှုပေးဖို့ ကလည်း ပိုပြီး လိုအပ်လာတယ်။ ကျန်းမာရေး လိုအပ်ချက်သာမက သူတို့ရဲ့လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေကို ထည့်ပြီးစဉ်းစားသင့်ပါ တယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ အစိုးရအဖွဲ့အစည်းတွေသာ မဟုတ်ဘဲ အခြားအဖွဲ့အစည်းတွေကလည်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သက်ကြီးပုဂ္ဂိုလ်များလာတဲ့အတွက် ကဏ္ဍအသီးသီးမှာ ထည့်သွင်းစဉ်း စားပေးဖို့ လိုလာပါပြီ။ လူမှုပတ်ဝန်း ကျင်မှာလည်း သက်ကြီးရွယ်အိုကဏ္ဍ ကို ပိုမိုအလေးထား စောင့်ရှောက်ရန်လိုအပ်ပါတယ်''ဟု ဒေါက်တာ မြင့်ဟန်၊ စီမံချက်မန်နေဂျာ (သက် ကြီးရွယ်အို စောင့်ရှောက်မှုစီမံချက်) က ပြောကြားခဲ့သည်။
အလားတူပင် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင် ဘိုးဘွားရိပ်သာများအပြင် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်မှု လုပ်ငန်းများလည်း လိုအပ် ကြောင်းသိရသည်။
''အခုနောက်ပိုင်းမှာ မိသားစု ပုံစံက ပြောင်းလဲသွားတယ်။ အိမ် မှာရှိတဲ့ လူငယ်၊ လူရွယ်ပိုင်းတွေက အပြင်မှာ အလုပ်ထွက် လုပ်လာတဲ့ အတွက် အသက်ကြီးတဲ့သူတွေပဲ ကျန်ခဲ့ကြတယ်။ စောင့်ရှောက်မဲ့သူ မရှိတဲ့ သက်ကြီးတွေအတွက် Home Care ဆိုတဲ့ အိမ်တိုင်ရာရောက်သက် ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းတွေကလည်း အရေးပါလာတယ်။ ''နိုင်ငံတကာမှာကြည့်ရင် Nursing Home လို သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ နေရာတွေ ရှိ တယ်။ ဒီမှာတော့ မိသားစုစောင့် ရှောက်မှုကလွဲရင် ဘိုးဘွားရိပ်သာနဲ့ အိမ်တိုင်ရာရောက် စောင့်ရှောက်မှု နည်းလမ်းသာ ရှိပါသေးတယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။
''အရင်တုန်းက မြန်မာတစ်နိုင်ငံလုံးမှာ ဘိုးဘွားရိပ်သာပေါင်း ၄၀ ကျော်ပဲရှိရာကနေ ၂၀၀၉ ခုနှစ် အတွင်းမှာ ၆၆ ခု အထိ ရှိလာပါ တယ်။ ဒါပေမယ့် ရိပ်သာတွေမှာ နေထိုင်တဲ့ ဘိုးဘွားဦးရေက နည်းပါ တယ်။ ရိပ်သာအားလုံးပေါင်းမှ ဘိုးဘွားဦးရေက နှစ်ထောင်ကျော်ပဲ ရှိတယ်''ဟု နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ အမှုဆောင်အဖွဲ့ဝင် ဦးမောင် မောင်ကြီးက ဆိုပါသည်။
မြန်မာနိုင်ငံ၌ သက်ကြီးရွယ် လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် ၂၁ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး လူလေးဦးတွင် တစ်ဦးမှာ အသက် ၆၀ နှစ်အထက် ဖြစ်လာနိုင်ကြောင်း သိရသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More