Saturday, January 2, 2010

လူရွှင်တော်မေတ္တာဦးဆောင်သောအငြိမ့်အဖွဲ့ ဂျပန်သို့လာရောက်ဖျော်ဖြေတင်ဆက်မည်

သန့်မျိုးထွေး


နာမည်ကျော်လူရွင်တော်ကိုမေတ္တာဦးဆောင်သော ''တိုကျိုဆာကူရာရဲ့ ပျော်စရာအငြိမ့်''(TOKYO SAKURA)အမည်ရှိ အငြိမ့်သဘင်တခုကို လာ မည့် ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင် တို ကျို၌လာရောက်ဖျော်ဖြေမည်ဟု သိရသည်။

လူရွင်တော်များအဖြစ်ကိုမေတ္တာ အပါအဝင် မိုးဒီ၊ မောစ်နှင့် ခင်လှိုင် တို့ပါဝင်မှာဖြစ်ပြီး ရှေ့ထွက်မင်း သမီးအဖြစ် ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင်မှ ကပြအသုံး တော်ခံ၍ ခေါင်းဆောင်မင်းသမီး အဖြစ် လင်းဇာနည်ဇော်တို့က ကပြဖျော်ဖြေမည်ဖြစ်သည်။

အငြိမ့်သဘင်ပွဲအပြင် မောစ့်၊ ကိုမေတ္တာ၊ ခင်လှိုင်နှင့်မင်းသမီး များက တေးသီချင်းသီဆိုဖျော်ဖြေ မှုနှင့် တခန်းရပ်ပြဇတ်များကို လည်း ကပြပါဝင်အသုံးတော်ခံ သွားမည်ဖြစ်ကြောင်း၊ ထိမိသည့် ပျက်လုံးများနှင့် ဂျပန်ရှိမြန်မာပ ရိတ်သတ်များကို အသုံးတော်ခံ သွားမည်ဟု ပွဲစဉ်သူများ၏ပြောပြ ချက်အရသိရသည်။

ဂျပန်တွင်ပြုလုပ်လေ့ရှိသည့် ထိုပွဲမှရရှိသည့်အမြတ်ငွေကိုလည်း အနုပညာရှင်များထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေသည့် မြန်မာ ပြည်တွင်းမှ လူမှုရေးအသင်းအဖွဲ့ တချို့သို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း စီစဉ်သူများ၏ပြောပြ ချက်အရသိရသည်။

အငြိမ့်သဘင်ဖျော်ဖြေတင်တင်မှုအပြင် အဆိုပါလူရွင်တော် လေးဦးအဓိက ပါဝင်သသရုပ်ဆောင်၍ ''ဂျပန်ရောက်ရွှေလေးယောက်''ဟု ယာယီအမည်ပေးထားသည့်ဟာသ ဒီဗီဒီဇတ်လမ်းတခုကို ကိုမေတ္တာကဒါရိုက်တာအဖြစ်စီစဉ်ညွန်ကြား၍ တိုကျို၌ရှိနေစဉ်အချိန်အတွင်း ရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် ဂျပန်လူမျိုး အနုပညာသင်တန်းဆင်းဒါရိုက်တာများကလည်း ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူများ၏ရှင်းပြချက်သိရှိရသည်။
''တိုကျိုဆာကူရာရဲ့ ပျော်စရာအငြိမ့်''ကို မြန်မာအများစုသိရှိသည့် အိခဲဘုခုရို၊ တိုရှီမား-ကု၊ ဟော့ကိုင်းဒိုးဟောတွင် ယခုလ(ဇန်န၀ါရီလ) ၂၄ ရက်၊ တနင်္ဂနွေနေ့ ညနေ ၄ နာရီမှ ည ၈ နာရီအထိ ဖျော်ဖြေတင်ဆက်မှာဖြစ်ကြောင်းနှင့် လက်မှတ်တစ်စောင်လျှင် ယန်း ၅၀၀၀ ဖြင့် မြန်မာစတိုးဆိုင်များတွင် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More