ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်၌ အကျဉ်းကျခံနေရသူ သျှမ်းတိုင်းရင်းသားခေါင်းဆောင် SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး လွတ်မြောက်စေရန်အတွက် ဂျပန်ရောက် ရှမ်းတိုင်းရင်းသားများဒီမိုကရေ စီအဖွဲ့ (SND-Japan)မှ ဆုတောင်းပွဲအခမ်းအနားတရပ်ကို ကျင်းပပြု လုပ်ခဲ့ကြပါသည်။
ဇန်န၀ါရီလ(၁၀)ရက် တနင်္ဂနွေ့နေ့ နံနက်(၁၀)နာရီမှ နေ့လယ် ၁၂ နာရီအထိပြုလုပ်ခဲ့သော လွတ်မြောက်ရေးဆုတောင်းပွဲ အခမ်းအနားကို IKEBUEURO KENKO PLAZA တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်ပါ ဆုတောင်းမေတ္တာပို့ခဲ့ကြပါသည်။
အခမ်းအနားတွင် ဦးခွန်ထွန်းဦး၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ကျန်းမာရေးအခြေအနေမှာ တစ်နေ့တစ်ခြားပိုမိုဆိုးရွားပြီး မိသားစုနှင့်လည်းတွေ့ဆုံရန် အခွင့်အလမ်းမရှိသဖြင့်စိုးရိမ်ဖွယ်ရှိကြောင်းပြောဆိုခဲ့ကြသည်။
ဦးခွန်ထွန်းဦး နေကောင်း ကျန်းမာပြီး အမြန်ဆုံးပြန်လည်လွတ်မြောက် ရန်အတွက်ဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ ပါသည်။
နန်းအိမွန်ချစ်

0 comments:
Post a Comment